MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 28, 2012

နှစ်ပေါင်းလေးဆယ်ကြာ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သော တေးသံရှင် လားရှိုးသိန်းအောင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး နယ်လှည့်ဖျော်ဖြေပွဲများပြုလုပ်ရန် စီစဉ်ထား


ha-edit-1 

နှစ်ပေါင်းလေးဆယ်ကြာ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သော တေးသံရှင် လားရှိုးသိန်းအောင်သည် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၀င်ပေါက်ရှိ Friendship စားသောက်ဆိုင်၌ ပြုလုပ်ခဲ့သည်။ အဆိုတော်လားရှိုးသိန်းအောင်သည် မြန်မာနိုင်ငံတွင် လေးလနီးပါးခန့် နေထိုင်ရန် စီစဉ်ထားပြီး ယင်းကာလတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုး၊ နေပြည်တော် စသည့်မြို့ကြီးများတွင် နယ်လှည့်ဖျော်ဖြေပွဲများ ပြုလုပ်ရန်စီစဉ်ထားသည်ဟု သိရှိရသည်။
“ကျွန်တော်စထွက်သွားတဲ့ နေ့ကတည်းက မြန်မာနိုင်ငံကို ပြန်လာချင်ခဲ့တာပါ။ ညတိုင်းလည်းမျက်ရည်ကျရတဲ့နေ့တွေ မနည်းပါဘူး။ ကျွန်တော်အခြေအနေ အကြောင်းအရ မြန်မာနိုင်ငံကို ခွဲခွာသွားပေမယ့် မြန်မာမြေကို ချစ်ပါတယ်။ မြန်မာပရိသတ်ကို လွမ်းပါတယ်။ အခုတော့ ကျွန်တော်ပြန်လာခွင့်ရပါပြီ။ မြန်မာနိုင်ငံမှာ နေစဉ်အချိန်အတွင်းမှာ ကျွန်တော်တတ်စွမ်းတဲ့
အနုပညာနဲ့ ဖျော်ဖြေပေးချင်ပါတယ်။ သီချင်းတွေဆိုပြရင်းနဲ့ ရှင်းပြစရာတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်ရန်ကုန်တစ်မြို့တည်းမှာမဟုတ်ဘဲ မြို့ကြီးတွေမှာ နယ်လှည့်ဖျော်ဖြေဖို့ စီစဉ်ဖြစ်တာပါ” ဟု အဆိုတော်လားရှိုးသိန်းအောင်က ရှင်းပြခဲ့ပါသည်။
ထို့အပြင် နှစ်ပေါင်းလေးဆယ် ကြာမြင့်ပြီးနောက် မြန်မာနိုင်ငံ၏ အပြောင်းအလဲများနှင့် ပတ်သက်၍ “အခုကိုပဲ မီဒီယာတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့်ရနေပါပြီ။ ကျွန်တော်တို့ခေတ်တုန်းက ဒါတွေမရှိပါဘူး။ ဒါကသိသာတဲ့ အပြောင်းအလဲပါ။ အခုချိန်က လူငယ်တွေရဲ့စွမ်းအားနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ညီညွတ်စွာ လုပ်ဆောင်ရမယ့်အချိန်လို့ မြင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုးအပြစ်တင်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ဒါကြောင့်ကျွန်တော်တို့ အကောင်းမြင်တဲ့စိတ်နဲ့ ရှေ့ဆက်ကြရမှာပါ”ဟု လားရှိုးသိန်းအောင်က ဆက်လက်ပြောကြားခဲ့ပါသည်။
လားရှိုးသိန်းအောင်သည် မြန်မာနိုင်ငံတွင် ပထမဆုံးဖျော်ဖြေပွဲအဖြစ် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ပြုလုပ်ရန်စီစဉ်ထားပြီး တစ်ကိုယ်တော်ဖျော်ဖြေပွဲစစ်စစ်အဖြစ် တစ်ဦးတည်းသာ သီဆိုဖျော်ဖြေသွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။ အဆိုပါဖျော်ဖြေပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး Lazy Club တီးဝိုင်းနှင့် Emperor တီးဝိုင်းတို့မှ ပါဝင်တီးခတ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။ ရန်ကုန်ဖျော်ဖြေပွဲပြီးမှသာ ကျန်မြို့များသို့ သွားရောက်ကာ ဖျော်ဖြေပွဲများပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။ လားရှိုးသိန်းအောင်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း မိခင်ဖြစ်သူနေထိုင်သည့် လားရှိုးသို့သွားရောက်ရန်လည်း စီစဉ်ထားပြီး အခြားမြို့များသို့လည်း လည်ပတ်မှုများပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။
လားရှိုးသိန်းအောင်သည် စတီရီယိုခေတ်ဦးပိုင်းကာလတွင် ထင်ရှားသည့် အဆိုတော်တစ်ဦးဖြစ်ပြီး “အမေတစ်ခုသားတစ်ခု” ၊ “စက်ခေါင်း အမှတ် ၀၀၁” စသည့်သီချင်းများမှာ ထင်ရှားသည့် တေးသီချင်းများဖြစ်သည်။ လားရှိုးသိန်းအောင်သည် မြန်မာနိုင်ငံမှ လွန်ခဲ့သည့်နှစ်ပေါင်းလေးဆယ် ၀န်းကျင်ခန့်တွင် အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံ၊ တက္ကဆက်၌ နေထိုင်လျက်ရှိသူ ဖြစ်သည်။ ယခုအခါ အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ပြန်လည်လာရောက်ကာ ဖျော်ဖြေရန်စီစဉ်ခြင်းဖြစ်သည်။ လားရှိုးသိန်းအောင်သည် ယခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကာလအတွက် “အမေဒေါ်စုပြန်လာပြီ” တေးသီချင်းကို အမေရိကန်နိုင်ငံတွင် သီဆိုခဲ့သူဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ပြုလုပ်သည့် ဖျော်ဖြေပွဲတချို့တွင်လည်း လားရှိုးသိန်းအောင်သည် ပါဝင်သီဆိုလျက်ရှိသည်။ အစိုးရသစ်လက်ထက်တွင် ပြည်ပသို့ရောက်ရှိနေသည့် မြန်မာအနုပညာရှင်များ ပြည်တွင်းသို့ပြန်လည်ရောက်ရှိလာကာ ဒါရိုက်တာ ဦးဝင်းဖေ၊ အဆိုတော် မီမီဝင်းဖေ၊ အဆိုတော် မာမာအေးတို့ ပြန်လည်ရောက်ရှိလာပြီးနောက် ယခုအခါ အဆိုတော်လားရှိုးသိန်းအောင်သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။