MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 17, 2012

အစိုးရရဲ့ ဆောင်ရွက်မှု သံဃာတွေ စောင့်ကြည့်သွားမည်


2012-12-16

မန္တလေးမြို့က ဂဠုန်နီ ဆရာတော်ရဲ့ ငွေငါး ကျောင်းတိုက်မှာ မနေ့က ကျင်းပခဲ့တဲ့ လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုအတွင်း ဒဏ်ရာရသံဃာတော်တွေကို အစိုးရက ၀န်ချတောင်းပန်တဲ့ပွဲနဲ့ ပတ်သက်လို့ မန္တလေးမြို့က ဦးဆောင်သံဃာတော်တွေ ဒီကနေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး၊ သံဃာထုရဲ့ တောင်းဆိုထားချက် အားလုံးကို အာဏာပိုင်တွေဘက်က ဖြည့်ဆည်း ဆောင်ရွက်ပေးမှု ရှိ၊ မရှိ စောင့်ကြည့်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Photo : RFA/San Oo
မန္တလေးမြို့မှ သံဃာတော်များ ထိုင်သပိတ်စတင်

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့တောင်းဆိုချက်(၃)ချက်ထဲက ပထမဆုံးအချက် ကိုပဲလိုက်လျောမှုရသေးတာဖြစ်ကြောင်း၊ကျန်နှစ်ချက်ဖြစ်တဲ့ သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကိုအရေးယူပေးရေးနဲ့ လက်ပန်တောင်းတောင်အရေးကြောင့် ဖမ်းဆီခံရသူတွေကိုခြွင်းချက်မရှိ လွှတ်ပေးရေး စတဲ့တောင်ဆိုချက်တွေအပေါ် စုံစမ်းရေးကော်မရှင်ရဲ့လုပ်ဆောင်ချက်နဲ့ အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေကို ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း သံဃာတော်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင်သံဃာတော်တွေရဲ့ဆန္ဒပြပွဲမှာ ၀န်းရံလိုက်ပါခဲ့လို့ အဖမ်းခံရသူ(၄)ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကိုလည်း သံဃာတော်တွေက တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲကိုဂဠုန်နီဆရာတော်ဦးကာဝိယ၊ဘ၀အလင်းဆရာတော်တွေဖြစ်တဲ့ဦးသောဘိတ၊ ဦးဥတ္တမသာရ အပါအ၀င်ဦးဆောင်ဆရာတော်(၁၂)ပါး၊ အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်တွေတက်ရောက်ကြပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာဘဲ အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ်က တရားမျှတမှု မရှိတဲ့ပုဒ်မ(၁၈)ကိုပြင်ပေးရေး၊ ဖမ်းဆီးခံထားရတဲ့ကျောင်းသားခေါင်းဆောင်တွေနဲ့တခြားအဖွဲ့အစည်းတွေက ရဲဘော်တွေကိုချက်ခြင်းလွှတ်ပေးရေး၊ တရားမဲ့ဖမ်းဆီးမှုနဲ့ဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နှင်းမှုတွေကို မကျူးလွန်ရေး၊ စီတန်းလှည်လည်မှုကြောင့်တရားစွဲခံရသူတွေ၊ တိမ်းရှောင်နေသူတွေအပေါ် တရားစွဲထားတာတွေကို အမှုပိတ်သိမ်းပေးရေး အချက်တွေပါဝင်တဲ့ သဘောထားကြေငြာချက်ကိုလည်း ဒီကနေ့ ဖြန့်ဝေခဲ့ပါတယ်။

အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ်အနေနဲ့ စီတန်းလှည့်လည်မှုဥပဒေ ပုဒ်မ(၁၈)ကိုလုံးဝဖျက်သိမ်းတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြမယ်လို့လည်း သိရပါတယ်။

RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။