MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 18, 2012

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေး

ha-17-12-6
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံအုပ်ကြီးရုံးခန်းမှ ပြန်လည်ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်အား ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းကတွေ့ရစဉ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည်မှ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေးရာတွင် ဖျားနာဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လူနာဦးရေနှင့် ကုတင်မျတမှုရှိမရှိ၊ ဆေးရုံသန့်ရှင်းရေး၊ လူနာများစိတ်ကျေနပ်မှုရှိမရှိ  စသည်တို့ကို
တက်ရောက်ကုသလျက်ရှိသည့် လူနာများနှင့်မိသားစုဝင်များကိုမေးမြန်းခဲ့ပြီး ဆေးရုံရှိဝန်ထမ်းများကိုလည်း
 လိုအပ်ချက်ရှိမရှိ မေးမြန်းခဲ့ကြောင်းလည်း သိရသည်။ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်နှင့် တွေ့ဆုံ၍ ဆေးရုံအဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို  မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
'' ဒေါ်အောင်ဆန်းစုကြည်က ဆေးရုံကြီးရဲ့ လိုအပ်ချက်တွေနဲ့ ဆေးရုံကြီး ပြန်လည်မွမ်းမံဖို့အတွက် လမ်းညွှန်မှုတွေ အဓိက ပြောသွားတယ်။ ပြုပြင်မွမ်းမံမှုတွေလုပ်နိုင်ဖို့ အစည်းအဝေးတွေ ခေါ်မယ်။ ပြီးရင် လိုအပ်တဲ့ ဆပ်ကော်မတီဖွဲ့စည်းပြီး အကောင်အထည်ဖော်သွားမယ်လို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည်က လူနာတွေကို လိုအပ်ချက်တွေ မေးတဲ့အခါ လူနာတွေက အရမ်းပျော်ကြပြီး ကောင်းပါတယ်လို့ပဲ ပြောကြပါတယ်'' ဟု ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်စစ်ဆေးစဉ် လိုက်ပါသွားသူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောသည်။
ထို့အပြင် အများပြည်သူမှီခိုအားထားနေရသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီး အဆင့်မြင့်ဆေးရုံကြီး ဖြစ်မြောက်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၉ ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က  ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီး အဆင့်မြင့်ဆေးရုံကြီး ဖြစ်မြောက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ရေးရာကော်မတီ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အလှူရှင်များပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်ပါသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီး အဆင့်မြင့်ဆေးရုံကြီး ဖြစ်မြောက်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သည်။
သို့သော် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်ကမု ဆေးရုံအဆင့်မြှင့်တင်ရန် ကော်မတီဖွဲ့စည်းရေးနှင့် ပတ်သက်၍ ညွှန်ကြားမှုတစ်စုံတစ်ရာ မရရှိသေးကြောင်း ဒီဇင်ဘာ ၁၄ ရက်က ပြောကြားသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ယခင်လေဟာပြင်ဈေးနေရာ၌ ဆောက်လုပ်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ကျပ်သိန်း ၄၀ ကျော် ကုန်ကျခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံး တည်ဆောက်ပြီးစီးခဲ့သည့် အားဖြည့်ကွန်ကရစ်စနစ်ဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ကုတင် ၁၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး ဖြစ်သော်လည်း လက်ရှိအသုံးပြုနေသည့် ကုတင် ၁၃၅၀ ရှိကြောင်း၊ ဆေးရုံကြီးတွင် အထူးပြုဘာသာရပ်ဆိုင်ရာဌာန ၂၅ ခု အရေးပေါ်လူနာလက်ခံဌာန ခုနစ် ခုရှိကြောင်း သိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။