MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 7, 2012

လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သော ဆရာတော် ဥူးတိက္ခဥာဏမှာ ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု ခံယူရန် စီစဉ်လျက်ရှိ


7


လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သော ဆရာတော် ဥူးတိက္ခဥာဏမှာ ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု ခံယူရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ဆရာတော် ဥူးတိက္ခဥာဏမှာ ဒဏ်ရာရရှိခဲ့သည့် သံဃာအပါး ၁၀၀ ခန့်တွင် ဒဏ်ရာ အပြင်းထန်ဆုံးဖြစ်ပြီး ယခုကဲ့သို့ ပြည်ပသို့ သွားရောက်ဆေးကုသမှု ခံယူရန် စီစဉ်ရခြင်းဖြစ်သည်ဟု ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီမှ ဘ၀အလင်း ဆရာတော်မှ မိန့်ကြားပါသည်။
ယင်းသို့ပြည်ပသို့ သွားရောက်ဆေးကုသရန် စီစဉ်ခြင်းနှင့် ပတ်သက်ပြီး “ဆရာဝန်တွေရဲ့ စစ်ဆေးကုသချက်တွေ အရတော့ ပြည်ပကို သွားရောက်ကုသဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ဒဏ်ရာပြင်းထန်တဲ့ သံဃာအချို့အနေနဲ့ သွားရောက် ကုသမယ်ဆိုရင်လည်း တိုင်းဒေသကြီး အစိုးရအနေနဲ့ ကုသမှုခံယူချင်တဲ့ သံဃာတော်တွေကို ပတ်စ်ပို့ပြုလုပ်တာမျိုးနဲ့ အခြားအခက်အခဲတွေကို
အတတ်နိုင်ဆုံး ကူညီဆောင်ရွက် ပေးသွားမှာပါ။ တားဆီးပိတ်ပင် တာမျိုးဆိုတာ မရှိပါဘူး” ဟု မန္တလေးတိုင်းဒေသကြီး လူမှုရေး ၀န်ကြီးဌာန၀န်ကြီး ဒေါက်တာဝင်းလှိုင်က ပြောကြားပါသည်။
“ဆေးရုံတက်ရောက်ကုသမှု ခံယူနေတဲ့ သံဃာတော်တွေမှာ ပတ်စ်ပို့လုပ်ထားပြီးသား မရှိပါဘူး။ ထိခိုက်ဒဏ်ရာ အများဆုံးရထားတဲ့ ဥူးတိက္ခဥာဏကို ထိုင်းမှာသွားကုဖို့စီစဉ်နေပါတယ်။ သူ့အတွက်ကိုလည်း ပတ်စ်ပို့က အခုမှလျောက်ရမှာပါ။ လောလောဆယ်မှာ သူ့ရဲ့ သံဃာမှတ်ပုံတင်ကဒ်က မီးလောင်တဲ့အထဲ ပါသွားတဲ့အတွက် သံဃာကဒ်ကို အရင်ပြန်လျောက်ပြီးမှ ပတ်စ်ပို့ပြုလုပ်ရမှာပါ။ အစိုးရအနေနဲ့ ပြည်ပဆေးသွားကုဖို့ကိစ္စကို ကူညီမယ်လို့ ပြောထားတာလည်း ရှိပါတယ်” ဟု လက်ပံတောင်းတောင် ဒဏ်ရာရသံဃာတော် စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်ဥူးသုက မိန့်ကြားသည်။
ဒီဇင်ဘာ ၂ ရက်နေ့မှစပြီး မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူသော သံဃာနှင့် လူနာအရေအတွက်မှာ ၁၀၅ ဦးရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆေးရုံအတွင်း နေရာအခက်အခဲအရ ကန်တော်နဒီ ဆေးရုံသို့ ပြောင်းရွှေ့ထားသည့် သံဃာ ၃၇ ပါးနှင့် မန္တလေးဆေးရုံကြီးတွင် သံဃာ ၂၆ ပါးနှင့် လူပုဂိုလ် ၅ ဦး ကျန်ရှိကြောင်း သိရသည်။ အဆိုပါ သံဃာတောများတွင် ဒဏ်ရာပြင်းထန်သည့် သံဃာ ၈ ပါးခန့် ပါဝင်ကြောင်း သိရပါသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။