MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 15, 2012

မန္တလေးမြို့မှာ အဖမ်းခံရတဲ့ ကြေးနီတောင် စီမံကိန်း ဆန္ဒပြသူတွေ အာမခံမယူ

2012-12-14
မန္တလေးမြို့မှာ မနေ့ကအဖမ်းဆီးခံလိုက်ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ သူတို့ကို တရားသေလွှတ်တာမဟုတ်ပဲ အာမခံနဲ့ တရားရင်ဆိုင်ရမယ်ဆိုတဲ့စနစ်ကို လက်မခံဘူး ဆိုပြီး ပယ်ချလိုက်ကြောင်း RFA ကို ပြောပါတယ်။
RFA
သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့အနေနဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက သံဃာတော် (၅) ထောင်ကျော် အပါအ၀င် ပရိသတ် အင်အား တသောင်းကျော် ဆန္ဒပြနေစဉ်။
ယုံကြည်ချက်နဲ့ဆောင်ရွက်မှုကို သူတပါးကဝင်ပြီး ငွေနဲ့အာမခံပေးရတယ်ဆိုတဲ့အပေါ် အာမခံပေးရသူတွေကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်တာကတကြောင်း၊ ကိုယ်တိုင်အာမခံတဲ့အခါမှာလဲ လက်မှတ်ထိုးရမယ့်စာပေါ်မှာ တရားခံလို့သုံးနှုန်းထားတာ၊ တရားရုံးလာဖို့ပျက်ကွက်ရင် ငွေ ၅ သိန်းလျော်ရမယ်ဆိုတာကိုလဲ လက်မခံနိုင်တာကတကြောင်းကြောင့် ဒီစနစ်ကို ဆန့်ကျင်တာဖြစ်တယ်လို
့ ဗကသများအဖွဲ့ချုပ်က ကိုရဲရင့်ကျော်က ပြောပါတယ်။

ဒါကြောင့် ဒီနေ့ညနေမှာတော့ သူတို့ကို ရဲက မန္တလေးအိုဘိုထောင်ကို ပြောင်းရွှေ့ချုပ်နှောင်လိုက်ပါတယ်။ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမင်းနိုင်လွင်နဲ့ ကိုသိန်းအောင်မြင့်တို့ကို ၁၂ ရက် နေ့က သံဃာတွေရဲ့ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့လို့ ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ရဲက ဖမ်းဆီးတရားစွဲလိုက်တာပါ။ ဒီပုဒ်မသဘောအရ ပြင်ပပုဂ္ဂိုလ်တွေက ငွေကြေးအာမခံပေးရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်အာမခံရင်ဖြစ်ဖြစ် လွှတ်ပေးခွင့်ရှိပြီး၊ တရားစွဲခံရသူအနေနဲ့ ပြင်ပကနေ တရားရုံးတက်ရမှာဖြစ်ပါတယ်။

အထက်မြန်မာပြည် ဗကသများအဖွဲ့ချုပ်က ကိုရဲရင့်ကျော် ကို RFA ၀ိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။