MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 5, 2012

ကြေးနီတောင်စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ပြင်ဆင်ဖွဲ့စည်း

2012-12-03
လက်ပန်းတောင် ကြေးနီ စီမံကန်းအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အပြောင်းအလဲ အတော်များများနဲ့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြင်ဆင်ဖွဲ့စည်း လိုက်တယ်လို့ သိရပါတယ်။

Photo: RFA
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်
အရင်က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး  စာရေးဆရာ မောင်ဝံသတို့ အပြင် တခြားပုဂ္ဂိုလ်တစ်ချို့ ပါရှိခဲ့ပေမယ့် အခု ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်မှာ မပါတော့ပါဘူး။
ဒါ့အပြင် အရင်ကြေငြာချက်မှာ ကော်မရှင်ရဲ့ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးစစ်မြိုင် ကိုတာဝန်ပေးထားရာကနေ အခုထုတ်ပြန်ကြေငြာချက်မှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အငြိမ်းစား သံအမတ်ကြီး ဦးကျော်တင့်ဆွေကို တာဝန်ပေးထားတာ တွေ့ရပါတယ်။
အရင်ထုတ်ပြန်ချက်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စုစုပေါင်း တာဝန်ပေးအပ်ခံရသူ ၃၀ နဲ့ ဖွဲ့စည်းထားရာက အခုပြင်ဆင်ဖွဲ့စည်းရာမှာ  အသစ်ကော်မရှင် အဖွဲ့ဝင် စုစုပေါင်း ၁၆ ဦးသာ ရှိပါတော့တယ်။
အရင်ကြေငြာချက်မှာ လက်ပန်းတောင် ကြေးနီစံမံကိန်း ဆက်လက် ဆောင်ရွက်ရန်သင့် မသင့် အပြင် ဆန္ဒပြမှု ဖြစ်စဉ်တွေနဲ့ ထိမ်းသိန်းမှုအပေါ် အခြေအနေအမှန် ဖေါ်ထုတ်ရန်လို့ အဓိထား ဖေါ်ပြပါရှိခဲ့ပါတယ်။
ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ ကြေးနီတောင် စီမံကိန်း ဆက်လက် ဆောင်ရွက်ရန် သင့်မသင့် ဆိုတဲ့
အချက်ကိုသာ ဖေါ်ပြထားတာ တွေ့ရပါတယ်။

အရင်ကြေငြာချက်မှာ အချက် ၈ ချက်ကို စုံစမ်းလေ့လာပြီး နိုင်ငံတော်သမ္မတထံကို လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ တင်ပြရမယ်လို့ ပါရှိခဲ့ပေမယ့် ဒီကနေ့ဒီဇင်ဘာလ ၃ ရက် ကြေငြာချက်မှာတော့ လာမယ့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ တိုးချဲ့ အချိန်ပေးထားတာတွေ့ရပါတယ်။
ဦးသိန်းစိန်အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့မှာ အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ ကံကုန်းကျေးရွာသား ဦးဘိုသန်းကို  လက်ပန်းတောင်း တောင်ဒေသမှာရောက်ရှိနေတဲ့ RFA သတင်းထောက်  ကိုမျိုးဇော်ကိုက မေးမြန်းထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။


RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။