MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 12, 2012

ရှမ်းတိုင်းရင်းသားများ အများဆုံးရှိရာ အထက်ချင်းတွင်းဒေသမြို့များတွင် ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်များကို ကျင်းပ

ha-12-12-8
ယနေ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမနက်ခင်းတွင် ကျင်းပခဲ့သော ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်မှ ရိုးရာအကတို့ဖြင့် ဖျော်ဖြေနေပုံ

ရှမ်းတိုင်းရင်းသားများ အများဆုံးရှိရာ အထက်ချင်းတွင်းဒေသရှိ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့တို့တွင် ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပခဲ့သည်ဟု သတင်းရရှိပါသည်။ “ဒီနှစ်မှာ ဟုမ္မလင်းမြို့က ဒုတိယအကြိမ် ကျင်းပမှာပေါ့။ နောက်ခန္တီးမြို့က ပထမဆုံးအကြိမ် ကျင်းပမယ်။ အထက်ချင်းတွင်းဒေသမှာ တိုင်းလိုင်ရှမ်းတိုင်းရင်းသား သုံးသိန်းလောက် ရှိပါတယ်။ အရင်ခေတ်ကာလ ဒီလိုပွဲတော်တွေ ကျင်းပဖို့ခက်တယ်။ တိုင်းလိုင် (ခေါ်) ရှမ်းနီတွေဟာ အထက်ချင်းတွင်းမှာ နေထိုင်လာကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။ ရှမ်းနီတွေရဲ့ စာတွေယဉ်ကျေးမှုတွေက ကွယ်ပျောက်လုနီးပါးပါ။ ခုလိုအချိန်မှာ ပြန်လည်ဖေါ်ထုတ်နေပါတယ်” ဟု
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းရွှေမှ ပြောကြားခဲ့ပါသည်။ ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၁၂) ရက်နေ့ မနက် (၉) နာရီတွင် ဟုမ္မလင်းမြို့ အးကစားကွင်းရှေ့ ပွဲတော်ကျင်းပရာ မုဒ်ဦးရှေ့တွင် ကျင်းပခဲ့ပါသည်။

ha-12-12-9
ယနေ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမနက်ခင်းတွင် ကျင်းပခဲ့သော ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်မှ ရိုးရာအကတို့ဖြင့် ဖျော်ဖြေနေပုံ

ဟုမ္မလင်းမြို့တွင် ဒီဇင်ဘာလ ၁၂၊ ၁၃ ၊ ၁၄ ရက်နေ့များတွင်လည်းကောင်း၊ ခန္တီးမြို့တွင် ဒီဇင်ဘာလ ၁၃၊ ၁၄ ရက်များတွင်လည်းကောင်း ကျင်းပခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါ ရှမ်းနှစ်သစ်ကူးပွဲတော်သို့ ရှမ်းတိုင်းရင်းသား တေးသံရှင်များဖြစ်ကြသော စိုင်းအောင်ထီခမ်း၊ နန်းဆာယာနှင့် နန်းမိုမိုခမ်းအေးတို့မှလည်း တေးဂီတဖြင့် ပါဝင်ဆင်နွဲမည်ဟု သိရှိရပါသည်။ “အဓိက ရှမ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့ ထုံးတန်းအစဉ်အလာတွေကို ဖေါ်ထုတ်တာပါပဲ။ ချင်းတွင်းမြစ်ဘေးနဲ့ ဥရုမြစ်ဘေးမှာနေထိုင်တဲ့ ရှမ်းတိုင်းရင်းသားတွေ ပါဝင်ဆင်နွဲမယ့် ပွဲတစ်ပွဲပါ။ ဒီနှစ်မှာတော့ ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးရွာ (၄၅) ရွာက ရှမ်းရိုးရာအကတွေကို မြင်ရမယ်။ အရင်နှစ်က အကုန်မဖိတ်နိုင်ဘူး။ ဒီနှစ်မှာတော့ ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးရွာတွေ အကုန်ဖိတ်ထားတယ်” ဟု ဟုမ္မလင်းမြို့မှ ဦးစိုင်းမင်းဆွေမှ ပြောကြားခဲ့ပါသည်။ယခုနှစ်သစ်ကူးပွဲတော်သည် ရှမ်းသက္ကရာဇ် ၂၁၀၆ ခုနှစ်မှ ၂၁၀၇ သို့ ကူးပြောင်းမည့် ပွဲတော်ဖြစ်သည်။
ဗုဒ္ဒသာသနာတော်မြတ် ပိဋကတ်သုံးပုံ ရှမ်းလူမျိုးတို့၏ဒေသ နန်ချိုပြည်သို့ စတင်ရောက်ရှိလာသည့် သာသနာနှစ် ၄၅၀ ခုနှစ်၊ နတ်တော်လသည် ရှမ်းတို့အတွက် ထူးမြတ်သောနှစ် ဖြစ်သည်။ ထိုနှစ်မှစတင်၍ ရှမ်းသက္ကရာဇ်ကို စတင်ရေတွက်ခဲ့သည်။ ချယ်ရီပန်းပွင့်သော လရာသီဖြစ်သော နတ်တော်လမှစတင်၍ ရှမ်းတို့၏ ဆယ်နှစ်လရာသီတွင် ဦးဆုံးလအဖြစ် တင်စားခေါ်ဝေါ်ခဲ့သည်။
တန်ဆောင်မုန်းလကွယ် နေ့ ညသန်းခေါင် (၁၂)နာရီ အချိန်သည် ရှမ်းနှစ်ဟောင်း ကုန်ဆုံးပြီး မြောက်၍ ည (၁၂) နာရီ ကျော်လွန်သည်နှင့် ရှမ်းနှစ်သစ် သို့ စတင်ကူးဝင်သည်ဟု သတ်မှတ်ကာ ရှမ်းတို့ ၏ နှစ်သစ်ကူးနေ့ကို နတ်တော်လဆန်း(၁) ရက်နေ့ အဖြစ်သတ်မှတ်ခဲ့ကြပါသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။