MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

မန္တလေး ရန်ကုန် စစ်တွေ ပုသိမ်မြို့ကြီး တွေ မှာ သံဃာတွေ သပိတ်စတင်ပြီ (အသံဖိုင် နှင့်တစ်ကွ)

လက်ပန်းတောင်းတောင် အရေးကိစ္စ အပေါ် တောင်းဆိုထားတဲ့ တောင်းဆိုချက် ၃ ချက် ကို အစိုးရဖက်က လိုက်လျောမှုမရှိတဲ့အတွက် မန္တလေးမြို့က သံဃာထုနဲ့ ထောက်ခံသူ နှစ်ထောင်နီးပါးလောက်ဟာ မန္တလေး၊ ချမ်းမြ သာစည်မြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး တောင် ဘက်မှာရှိတဲ့ ဦးပွားဘုရားကနေ ဒီဇင်ဘာလ ၁၂ ရက်နေ့ ဒီနေ့နေ့လည် ၁ နာရီမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

Photo:RFA/San Oo
ဒီဇင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့တွင် သံဃာထုက လက်ပန်းတောင်တောင်အရေး ကိစ္စနဲ့ ပက်သက်ပြီး ဆန္ဒထုတ်ဖော်စဉ်။
မနေ့က ဒီဇင်ဘာလ ၁၂ ရက် နေ့လည် ၁၂ နာရီ နောက်ဆုံးထားပြီး သံဃာထုကို အစိုးရက တောင်းပန်ဖို့ ပြောဆိုခဲ့ပါတယ်။
ဒီကနေ့ မန္တလေးမြို့က ဆန္ဒုပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့စီစဉ်မှုနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေ၊ မန္တလေးတိုင်းက ၈၈မျိုးဆက်ကျောင်းသားအဖွဲ့တွေ အပါအဝင် နိုင်ငံရေးအင်အားစုတွေပါ သံဃာတော်တွေနောက်ကနေ အင်အားဖြည့် အလံကိုင်ချီတက် လိုက်ပါခဲ့ကြပါတယ်။ ဦးပွားဘုရားဝင်းကို အာဏာပိုင်တွေက သော့ပိတ်ထားတဲ့အတွက် သံဃာတော်တွေဟာ ဘုရားဝင်းပြင်ပမှာပဲ စုဝေးနိုင်ခဲ့ကြပါတယ်။အာဏာပိုင်တွေဖက်က အနှောက်အယှက် ပေးတာမျိုးမရှိပေမယ့်
 စောင့်ကြည့်မှတ်တမ်းယူတာတွေ ရှိတယ်လို့သိရပါတယ်။ဆန္ဒပြလမ်းလျှောက်ပြီး အဆုံးသတ်မှာ
ဂဠုန်နီဆရာတော်ဦးကာဝိယက သံဃာတော်တွေနဲ့ လူထုပရိသတ်ကို သြဝါဒ စကားမိန့်ကြားခဲ့ပြီး
မနက်ဖြန်နေ့လည် ၁ နာရီမှာ အဲဒီဦးပွားဘုရားမှာပဲ စုဝေးပြီး ဆက်လက်ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ မြို့ကြီးအတော်များများမှာ သံဃာတွေဆန္ဒဖေါ်ထုတ်တဲ့ အခြေအနေကို RFA သတင်းထောက် မငြိမ်းငြိမ်းပြည့်က စုစည်းတင်ပြထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
သံဃာတွေရဲ့ တောင်းဆိုချက်နဲ့ ဒါဏ်ရာရသံဃာတစ်ချို့ရဲ့ နောက်ဆုံး အခြေအနေသိရအောင် သံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဦးဝိမလကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
သံဃာ့လှုပ်ရှားမှုအပေါ် နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အမြင်သဘောထားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။


RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။