MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 12, 2012

အကယ်ဒမီစာရင်းဝင် ဇာတ်ကားနှစ်ကားဖြစ်သည့် ‘ပန်းကြာဝတ်မှုန်’ နှင့် ‘၀ဋ်ကြွေး’ ဇာတ်ကားများမှာ ၂၀၁၃ ခုနှစ်မှသာ ရန်ကုန်မန္တလေး ရုပ်ရှင်ရုံများတွင် ပြသနိုင်မည်

ha-12-12-5
အကယ်ဒမီစာရင်းဝင် ဇာတ်ကားနှစ်ကားဖြစ်သည့် ‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင်ဇာတ်ကားနှင့် ‘၀ဋ်ကြွေး’ ရုပ်ရှင်ဇာတ်ကားများမှာ ၂၀၁၃ ခုနှစ်မှသာ ရန်ကုန်၊ မန္တလေး ရုပ်ရှင်ရုံများတွင် ပြသနိုင်မည်ဖြစ်ပြီး အကယ်ဒမီပွဲကျင်းပသည့် အချိန်အထိ အဆိုပါရုပ်ရှင်ရုံများတွင် ပြသနိုင်ခြင်းရှိမည်မဟုတ်ဟု သိရှိရသည်။ အဆိုပါ ဇာတ်ကားနှစ်ကားမှာ ၂၀၁၁ ခုနှစ်အတွင်း နယ်မြို့များရှိ ရုပ်ရှင်ရုံအချို့၌ ရုံတင်ပြသခဲ့ခြင်းကြောင့် အကယ်ဒမီ ရွေးချယ်သည့် စာရင်းဝင်ဇာတ်ကားများ ဖြစ်လာခဲ့သော်လည်း ရန်ကုန်၊ မန္တလေး ရုပ်ရှင်ရုံများတွင် ပြသခွင့်မှာ တန်းစီရက်ချိတ်စနစ်ဖြင့် ပြသခြင်းကြောင့် ၂၀၁၃ ခုနှစ် နှစ်ဆန်းမှသာ ပြသခွင့်ရရှိထားခြင်း ဖြစ်သည်ဟု သိရှိရသည်။
“ရုပ်ရှင်ဇာတ်ကားတွေရဲ့ ရုံတင်ပြသမှုစနစ်အရ အကယ်ဒမီစာရင်းဝင် ဇာတ်ကားဆိုပေမယ့် ရန်ကုန်၊ မန္တလေးရုံတွေမှာ မပြရသေးတဲ့ကားတွေ နှစ်စဉ်ပါမြဲပါပဲ။ ဒီနှစ်လည်း ကျွန်တော့်ဇာတ်ကားက နယ်ရုံတွေမှာ
အကြိုပြသခဲ့တာကြောင့် စာရင်းဝင်ပေမယ့် ရန်ကုန်၊ မန္တလေး ရုပ်ရှင်ရုံတွေမှာတော့ ၂၀၁၃ ဖေဖော်ဝါရီမှာပြဖို့ ရက်ချိတ်ရထားပါတယ်” ဟု အကယ်ဒမီစာရင်းဝင် ဇာတ်ကားတစ်ကားဖြစ်သည့် ပန်းကြာဝတ်မှုန်ဇာတ်ကား၏ ဒါရိုက်တာ စင်ရော်မောင်မောင်က ရှင်းပြခဲ့ပါသည်။
ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးပြီး ဆင်ဆာခွင့်ပြုချက်ရယူပြီး နောက်တန်းစီစနစ်ဖြင့် ရန်ကုန်၊ မန္တလေး ရုပ်ရှင်ရုံများတွင် ပြသခွင့် ရက်ချိတ်ရယူရခြင်းဖြစ်ပြီး အချို့ရုပ်ရှင်ဇာတ်ကားများမှာ နယ်မြို့ရှိ ရုပ်ရှင်ရုံများတွင် အကြိုရုံတင်ပြသခြင်းဖြင့် နှစ်တစ်နှစ်အတွင်း ရုံတင်ပြသခဲ့သည့်စာရင်းတွင် ထည့်သွင်းကာ အကယ်ဒမီ စိစစ်ရွေးချယ်ရာတွင် ပါဝင်လာခြင်းဖြစ်သည်။ ယင်းကဲ့သို့ အကယ်ဒမီစာရင်းဝင် ဇာတ်ကားအချို့ကို ရန်ကုန်၊ မန္တလေးရုပ်ရှင်ရုံများတွင် အကယ်ဒမီပေးပွဲမတိုင်မီ ပြသနိုင်ခြင်း မရှိခြင်းနှင့်ပတ်သက်၍ “အကယ်ဒမီဆိုတာ တကယ်တော့ တစ်နှစ်တာလုံးမှာ ပြသခဲ့တဲ့ဇာတ်ကားတွေထဲက အကောင်းဆုံးဆုကို ရွေးချယ်ပေးအပ်တာပါ။ ဒါကြောင့် စာရင်းဝင်တဲ့ ဇာတ်ကားအားလုံးကို ပရိသတ်ကြည့်ခွင့်ရမယ်ဆိုရင်တော့ ရင်ခုန်ခွင့် တကယ်ရှိတာပေါ့လေ။ အဲဒီလိုမဟုတ်ဘဲ ရုံမတင်ရသေးတဲ့ ကားတချို့ပါလာတဲ့အခါကျတော့ ကြိုပြီးရင်ခုန်နိုင်တဲ့၊ ခန့်မှန်းနိုင်တဲ့ အခွင့်အရေးနည်းသွားတာပေါ့။ ပြသတဲ့စနစ်ကိုပြုပြင်ပြီး ရန်ကုန်၊ မန္တလေးရုံတွေမှာလည်း ပြထားမယ်။ တစ်နှစ်တာအတွင်း တင်သမျှကားအားလုံးထဲက ရွေးမယ်။ ဒီနှစ်တင်ထားတာကို ဒီနှစ်ရဲ့နှစ်ကုန်ပိုင်းမှာ ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ အခုကတော့ ၂၀၁၁ အတွက်ဆုပေးမယ့် ဇာတ်ကားက ၂၀၁၃ မှ ရုံတင်မှာတောင်ရှိတယ်ဆိုတော့ ပရိသတ်တွေအတွက် အရမ်းလတ်လတ်ဆတ်ဆတ် မဖြစ်တော့သလို ခံစားရပါတယ်” ဟု ရုပ်ရှင်ကြည့် ပရိသတ်တစ်ဦးက ဝေဖန်ခဲ့ပါသည်။
၂၀၁၁ ခုနှစ်အတွက် ရွေးချယ်ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပေးအပ်ချီးမြှင့်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ဇာတ်ကားများအား တတိယအဆင့် စိစစ်ရွေးချယ်ခဲ့ပြီး ဖြစ်သည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။