MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

သပိတ်စခန်းဖြိုခွင်းခံခဲ့ ရသည့် မီးလောင်မှူတွင် ဒဏ်ရာရ ကိုရင်လေး ပြည်ပတွင်ဆေးကုသဖို့  ငွေကြေးလိုအပ်

မီးလောင်ဒဏ်ရာကြောင့် မန္တလေးဆေးရုံမှာ တက်ရောက်နေသူတွေထဲက  ကိုရင်လေး သဇ္ဖနအတွက် ပြည်ပမှာထွက်ပြီးဆေးကုသဖို့ငွေကြေးနဲ့ နိုင်ငံကူးလက်မှတ်ရဖို့ လိုအပ်နေတယ်လို့ ဒဏ်ရာရသံဃာတွေကို ကူညီနေတဲ့ ဦးသု ခေါ် ဦးဝိမလက မိန့်ပါတယ်။
ဒီကိုရင်လေးဟာ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင်းက လက်ပန်းောာင်းတာင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို နိုဝင်ဘာ ၂၉ ရက် မနက် အရုဏ်မတက်ခင်မှာ အင်အားသုံးဖြို ခွင်းတုန်းက မီးလောင်ဒဏ်ရာရခဲ့သူတဲ့ သံဃာအပါး ၁၀၀ ကျော်အနက် ၁ ပါး ဖြစ်ပြီး မန္တလေးဆးရုံမှာ ကုသနေတာပါ။
မန္တလေးဆးရုံမှာ ပြည်ပထွက် ကုသဖို့ လိုအပ်နေတဲ့သံဃာ ၄ ပါးအနက် ကိုရင်လေး သဇ္ဖန အခြေအနေဟာ စိုးရိမ်ရတာကြောင့် ပြည်ပထွက် ကုသနိုင်ရေးအတွက် အစိုးရမဟုတ်တဲ့အဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ရန်ကုန်ကို သွားနေပြီလို့ စီစဉ်နေတဲ့ ဦးသုက မိန့်ပါတယ်။ ကိုရင်လေး သဇ္ဖနအခြေအနေကို “ကိုယ်တော်လေးအခြေအနေက အခုလက်ရှိ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ ကိုယ်ပူတာဟာ
ဒီကနေ့နဲ့ဆိုရင် ၁၄ ရက်ရှိပြီ၊ အဖျား ၁၀၀ ဒီဂရီကျော်တယ်၊ မကျဘူး။ နောက်တခုက ကိုရင်လေးဟာဝမ်းသွားရင် သွေးအလွန်အကျွံထွက်တယ်၊ မနေ့ညကဆိုရင် ခြေကျင်းဝတ်နေရာကနေ တအားကို ထွက်တာ သွေး ၁ ပုလင်းခွဲလောက် ရှိတယ်။ ကိုရင်လေး သဇ္ဖနအတွက်ကို ဦးဇင်းတို့ငွေကြေးကိစ္စတွေ၊ ထိုင်းမှာ ဆေးကုသဖို့၊ ပို့ဖို့။ ပတ်စပို့နဲ့ ဗီဇာအမြန်ရဖို့အတွက်တွေအပြင်အဖွဲ့အစည်းတွေကနေ ဘယ်လိုကူညီပေးနိုင်မလဲ၊ ဆောင်ရွက်ပေးနိုင်မလဲဆိုတာတွေ အစည်းအဝေး တိုင်ပင်ပွဲလေး လုပ်ဖို့ ရန်ကုန်ကို သွားနေပါတယ်၊ အခု လမ်းမှာပဲ ရှိပါသေးတယ်။” လို့ မိန့်ပါတယ်။

ဒဏ်ရာရ သံဃာ ၄ ပါး ပြည်ပထွက်ကုဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြောဆိုဖူးပေမယ့် အဆင်မပြေဖြစ်ပုံကို ဦးသုက ခုလို မိန့်ပါတယ်။

“တာဝန်မယူနိုင်သေးဘူးလို့ ပြောတောတာ့ မဟုတ်သေးပါဘူး။ လက်ရှိ လောလောဆယ်မှာ ညှိနှိုင်းပေးပါမယ်လို့တော့ ပြောတယ်။ နောက် ဒါက ဆေးရုံပိုင်းဆိုင်ရာနဲ့ ညှိရမယ်လို့ ဦးဇင်းတို့ကို ပြောထားတယ်။ ဆေးရုံအုပ်ကြီးနဲ့ သွားညှိတော့လည်း အဆင်မပြေလှဘူး။ သူက ထိုင်းနိုင်ငံကိုပို့ဖို့ ကိစ္စနဲ့ ပတ်သက်ရင် သူ့ဆီ လာမညှိပါနဲ့၊ ပစ္စည်းလေးပါး ဒါယကာ အလှူခံဖို့ကိစ္စတွေဆိုရင်တော့ လာညှိလှည့်ပါလို့ ပြောထားတာ ရှိတယ်။”

သံဃာ ၄ ပါးကို ပြည်တွင်းမှာသာ ကုသေစချင်ပုံ ပြောဆိုတယ်လို့ သူက ဆက်မိန့်ပါတယ်။

ဒဏ်ရာရ သံယာ ၄ ပါးကို ပြည်ပထွက်ကုသနိုင်ရေးမှာ ငွေကြေးနဲ့ ဆေးရုံပိုင်းဆိုင်ရာ အခက်အခဲကြုံရလို့ ဖြေရှင်းဖို့ ကြိုးပမ်းနေတယ်လို့ ဦးသုက မိန့်ပါတယ်။

“သံဃာ ၄ ပါးကိစ္စက ငွေကြေးကိစ္စရယ်၊ ဆေးရုံပိုင်းညှိတဲ့အခါ အခက်ခဲကြုံနေရတဲ့ အနေအထားရှိတယ်။ငွေကြေးကိစ္စမှာ ဘာအခက်အခဲရှိလဲဆိုတော့.ရွှေည၀ါဆရာတော်ကြီးကတော့ ထိုင်းနိုင်ငံရောက်ရင် သူအကုန်ကူညီမယ်လို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ အခုလောလောဆယ်က ဘာဖြစ်လဲဆိုတော့ ဆရာတော် ဦးတိက္ခဉာဏသွားမယ်ဆိုရင် ဦးဇင်းတို့က ဘတ် ၁ သန်း အရင် စပေါ်တင်ရတဲ့ အနေအထားရှိနေတော့ လက်ရှိရထားတဲ့ ငွေက သိန်း ၅၀၀ ပတ်ဝန်းကျင်ရထားတယ်။ ၄ ပါးလုံး လွှတ်မယ်ဆိုရင် ဦးဇင်းတို့တော်တော် အခက်အခဲရှိတယ်၊ သိန်း ၁ ထောင်ေကျော်လာက် ထပ်ထုတ်မှသာလျှင် ထိုင်းနိုင်ငံကို သွားကုရမှာဆိုတော့ ငွေကြေးကိစ္စတွေရယ်၊ ဆေးရုံပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးရမှာတွေလည်း ရှိပါတယ်။”

သပိတ်စခန်းဖြို ခွင်းတုန်းက ဒဏ်ရာအပြင်းထန်ဆုံးရတဲ့ ဦးဇင်း ဦးတိက္ခဉာဏကေတာ့ ရန်ကုန်ကအထူးကေုဆးရုံမှာ ရောက်ရှိနေပြီး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ဆေးကုဖို့  မိသားစုဝင် ၃ ဦးနဲ့ အတူ လေကြောင်းခရီးဖြင့် ဒီနေ့ညနေ ထွက်ခွာမှာဖြစ်ပါတယ်။


DVB News






No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။