MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

လက်ပံတောင်းတောင်ရှိ ပထမလယ်တီဆရာတော်ကြီး၏ ကျောင်းနှင့်စေတီတော်တို့အား အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးမည်ဟု နိုင်ငံတော်သမ္မတ မုံရွာမြို့ရှိ ကျောင်းတိုက်များသို့ ပြန်ကြား

thn-12-12-8 စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် တည်ရှိသော ပထမလယ်တီဆရာတော်ကြီး၏ ကျောင်းနှင့်စေတီတော်တို့အား အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးမည်ဟု နိုင်ငံတော်သမ္မတက မုံရွာမြို့ရှိ ကျောင်းတိုက်များသို့ ပြန်ကြားခဲ့ကြောင်း သိရပါသည်။ပထမလယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့သော လက်ပံတောင်းတောင်ရှိ သာသနာ့နယ်မြေအား သမိုင်းမပျောက်စေရန် မေတ္တာရပ်ခံစာကို မုံရွာမြို့ရှိ ကျောင်းတိုက် ၁၀၀ ကျော်က လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတထံ အောက်တိုဘာလ ၃၀ ရက်နေ့က ပေးပို့ခြင်းဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၌ သံဃာတော်များ ဆန္ဒပြနေစဉ် သက်ဆိုင်ရာ ကျောင်းတိုက်များသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြန်ကြားစာများ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြန်ကြားစာတွင် ထမလယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့သော လက်ပံတောင်းတောင်ရှိ သာသနာ့နယ်မြေအား သမိုင်းမပျောက်စေရန် မေတ္တာရပ်ခံစာကို
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ၀န်ကြီးချုပ်ထံမှတစ်ဆင့် နိုင်ငံတော်သမ္မတထံသို့ ဆက်လက်ပေးပို့ရာတွင် နိုင်ငံတော်သမ္မတက ''သီတင်းသုံးခဲ့သည့် ကျောင်းနှင့်စေတီတော်အား အကောင်းဆုံးဖြစ်အောင် ထိန်း သိမ်းပေးမည်''ဟု ပြန်ကြားပါကြောင်း ပါရှိပါသည်။
ထိုသို့ ဆရာတော်ကြီးများ၏ မေတ္တာရပ်ခံစာကို အကြောင်းပြန်ကြားစာပေးပို့ခြင်းနှင့် ပတ်သတ်၍ လက်ပံတောင်းတောင်အရေးအခင်းတွင် ဒဏ်ရာရခဲ့သော မုံရွာမြို့မှ မြို့မရွှေဂူတိုက်မှ သံဃာတော်တစ်ပါးက'' သီတင်းကျွတ်လပြည့် ပ၀ါရဏာပွဲမှာ မုံရွာက ကျောင်းတိုက်ပေါင်း တစ်ရာကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့တာကို အခုဒီနေ့ ဆန္ဒပြပွဲမှ လာပြီး ဆရာတော်ကြီးသီတင်းသုံးခဲ့တဲ့ ကျောင်းနဲ့စေတီတွေ အကောင်း ဆုံးဖြစ်အောင် ထိန်းသိမ်းမယ်ဆိုပြီး လျောက်ထားတော့ တစ်မျိုးဖြစ်နေတယ်။ အစကဘာကြောင့် မလိုက်လျောခဲ့တာလဲလို့ မေးချင်ပါတယ်။သံဃာတော်တွေကတော့ လက်ပံတောင်းတောင်က ဒေသခံလူထုရဲ့ဆန္ဒနဲ့အညီ ဆန္ဒပြကြတာပဲ။ အခု တောင်းဆိုတာ တောင်းပန်ခိုင်းတာ'' ဟု မိန့်ကြားခဲ့သည်။
ပထမလယ်တီဆရာတော်ကြီး သီတင်သုံးတော်မူခဲ့သည့် ကျောင်းနှင့် စေတီတော်တို့သည် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်း တောင်မကြီးနှင့် တောင်အရန်၃၃ လုံးကြားတွင် တည်ရှိသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ (တန်ဆောင်မုန်းလပြည့်) နံနက် ၃ နာရီ ကျော်အချိန်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းရာတွင် သံဃာတော်အများစုနှင့် လူအင်အားတစ်ရာကျော် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ မန္တလေးဆေးရုံကြီးသို့ တက်ရောက် ကုသသည့် သံဃာတော်နှင့် လူနာ ၁၀၅ ဦးရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့က သြ၀ါဒခံယူပွဲပြုလုပ်ခဲ့ပြီး၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် သာသနာရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြန်လည်တောင်းပန်ခဲ့သည်။
လက်ရှိတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့မှ အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
IMG_0244


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။