MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 19, 2012

ရန်ကုန်တက္ကသိုလ်အပါအ၀င် ရန်ကုန်မြို့ရှိ ထင်ရှားသောနေရာများ၊ ပဲခူး၊ ပုဂံဒေသများသို့ လည်ပတ်ခဲ့သည့် အမေရိကန်လူမျိုး အများစုပါဝင်သော အပျော်စီးသင်္ဘောလာရောက်

thn-19--12-7
အဓိပတိလမ်းသို့ ရောက်ရှိလာသည့် ခရီးသည်များကို တွေ့ရစဉ်
ရန်ကုန်တက္ကသိုလ်အပါအ၀င် ရန်ကုန်မြို့ရှိ ထင်ရှားသောနေရာများ၊ ပဲခူး၊ ပုဂံ ဒေသများသို့ လေ့လာလည်ပတ်ခြင်းများ ပြုလုပ်ခဲ့သည့် အမေရိကန်လူမျိုး ခရီးသွားအများစုပါဝင်သော ကမ္ဘာလှည့်အပျော်စီးသင်္ဘော M.V AzamaraJourney မြန်မာနိုင်ငံ သို့ လာရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။M.V AzamaraJourney သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေတွင် မြန်မာအပြည်ပြည်ဆိုင်ရာ သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့သည်။ ခရီးစဉ်အား ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် Myanmar Voyages Int'l Tourism Co.,Ltd မှ စီစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။''ဒီနှစ် သင်္ဘောခရီးစဉ်တွေမှာ ဒီသင်္ဘောဟာ လူဦးရေအများဆုံး ပါဝင်တဲ့ အမေရိကန်အပျော်စီး သင်္ဘောဖြစ်ပါတယ်''ဟု Myanmar Voyages မှ
မန်နေဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက ပြောပြသည်။
ကမ္ဘာလှည့်ခရီးသည် ၅၈၀ ဦးနှင့် သင်္ဘောဝန်ထမ်း ၃၉၈ ဦးပါဝင်သော Azamara Club Cruises မှ M.V Azamara Journey အပျော်စီး သင်္ဘောသည် မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံ ပို့ဘလဲဆိပ်ကမ်းမှ တစ်ဆင့်ဝင်ရောက်ခဲ့သည်။ ခရီးသည်အများစုသည် အမေရိကန်လူမျိုးများဖြစ်ပြီး ဂျာမန်၊ ဆွဇ်စသည့် ခရီးသည်များလည်း ပါဝင်ကာ ရန်ကုန်မြို့သို့ စတင်ရောက်ရှိသည့် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ရွှေတိဂုံဘုရားသို့ သွားရောက်ခြင်း၊ ရန်ကုန်မြို့တွင်း လည်ပတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ခရီးသည်များထဲမှ အချို့မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နံနက်ပိုင်း လေကြောင်းခရီးဖြင့် ပုဂံသို့တစ်ညအိပ် နှစ်ရက်ခရီးစဉ် သွားရောက် ခဲ့ကြသည်၊၊ ခရီးသည်အချို့မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ရန်ကုန်မြို့တွင်း တစ်နေ့တာလည်ပတ်ခြင်း ခရီးစဉ်၊ ရန်ကုန်မြို့တွင်း နေ့တစ်ဝက် လည်ပတ်ခြင်းနှင့် ပဲခူး နေ့ချင်းပြန်ခရီးစဉ်၊ သန်လျင်၌ နေ့တစ်ဝက်ခရီး၊ မြန်မာအစားအ စာ ချက်ပြုတ်ခြင်း အတွေ့အကြုံ၊ ရန်ကုန်မြို့တွင်း လှည့်လည်ခြင်း၊ ရွှေတိဂုံဘုရားသို့ သွားရောက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ရန်ကုန်တက္ကသိုလ် သို့လည်း သွားရောက်ခဲ့ကြသည်။
''မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ဖူးတာပါ။ မြန်မာနိုင်ငံ က ကျွန်တော့်အတွက် အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာတွေဖြစ်နေသလဲ၊ ဘာတွေပြောင်းလဲနေသလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းတယ်။ သမ္မတအိုဘားမား ရောက်ရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကို လာရောက်ရတာလည်း စိတ်ဝင်စားစရာ ပါပဲ။ စိတ်မကောင်းတာကတော့ တက္ကသိုလ်က ပိတ်ထားဆဲဖြစ်နေလို့ပါ''ဟု အမေရိကန်လူမျိုးခရီးသွား Mr.William Chisholm က ပြောပြခဲ့သည်။
ဒီဇင်ဘာလ၁၈ရက် ညနေပိုင်း၌ M.V Azamara Journey သည် ထိုင်းနိုင်ငံ ဖူးခက် ဆိပ်ကမ်းသို့ ထွက်ခွာသွားခဲ့သည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။