MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

မှတ်ပုံတင်မရှိဘဲ ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသကြီးအတွင်း ခိုးဝင်လာသူတစ်ဦးအား မင်းဘူးမြို့နယ် တရားရုံးမှ အလုပ်မဲ့ ထောင်ဒဏ်(၁)နှစ် ချမှတ်ခဲ့

အမျိုးသားမှတ်ပုံတင်နှင့် ယာယီသက်သေခံလက်မှတ်မရှိဘဲ မကွေးတိုင်းဒေသကြီးအတွင်းသို့ ခိုးဝင်လာသော ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ် ကန်ဖော့ကျေးရွာနေသူ ဖော်ဇာလာမွတ်အား မင်းဘူးမြို့နယ် တရားရုံးမှ ၁၉၄၉ ခုနှစ်၊ပြည်ထောင်စုမြန်မာနိုင်ငံတော်နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ-၆(၃)အရ ဒီဇင်ဘာလ(၁၁)ရက်နေ့က အလုပ်မဲ့ထောင်ဒဏ်(၁)နှစ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ဖော်ဇာလာမွတ်အား ဒီဇင်ဘာလ(၆)ရက်နေ့က မင်းဘူးမြို့ကိုင်းမကြီးဘေးမဲ့တောကြားစခန်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးမှူး ဦးသန့်ဇင်မှ အဆိုပါ ဥပဒေပုဒ်မဖြင့် တရားရုံးသို့ ဦးတိုက်လျောက်၍
တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၊ဖော်ဇာလာမွတ်မှ မင်းဘူးမြို့နယ်တရားရုံးတွင် ၎င်း၌ အပြစ်ရှိကြောင်း၊အလုပ်လုပ်ချင်၍ ခိုးဝင်လာခြင်းဖြစ်ကြောင်း မှတ်ပုံတင်ကဒ်ပြား ပြုလုပ်ထားခြင်းမရှိကြောင်း၊ ၎င်း၏အဖနှင့်အမိထံတွင်လည်း မှတ်ပုံတင်ကဒ်ပြားမရှိကြောင်း ခရီးသွားရာတွင် မှတ်ပုံတင်ကဒ်ပြားပါရမည်ဖြစ်ပြီး မှတ်ပုံတင်ကဒ်ပြားလည်းမပါ ပြုလုပ်ထားခြင်းလည်း မရှိ၍ ၎င်းတွင် အပြစ်ရှိပါသည်ဟု ထွက်ဆိုဝန်ခံခဲ့ကြောင်း သိရသည်။
ဖော်ဇာလာမွတ်အားစတင်ဖမ်းမိချိန်မှ တရားရုံးအမိန့်ချပြီးသည်အထိ မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ထိန်းချုပ်ထားခဲ့ကြောင်း၊မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ ဒီဇင်ဘာလ(၁၃)ရက်နေ့နံနက်ပိုင်းက အဆိုပါအမှုကိစ္စ အား သွားရောက်မေးမြန်းခဲ့ရာ အချုပ်ခန်းတာဝန်မှူးမှ ¤င်းတို့မှာ အမှုကိစ္စနှင့်ပတ်သက်၍ဘာမျမသိရှိကြောင်း တရားခံအမည်နှင့်အဖအမည်သာ သိရှိ၍ ၎င်းတို့တွင် ချုပ်ထားရန်သာ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါသည်။ မင်းဘူးမြို့နယ် လ၀ကမှူးထံ သွားရောက်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် ဘာမှပြောပိုင်ခွင့်မရှိကြောင်း အထက်လူကြီးများမှ ပြောခွင့်ပေးမှ ပြောပြ၍ရမည်ဖြစ်ကြောင်း အဆိုပါကိစ္စကို ရဲစခန်း၊စသုံးလုံးနှင့် အက်(စ်)ဘီဌာနတို့မှလည်း သိရှိပြီး ထိုဌာနများသို့ သွားရောက်မေးမြန်းပါကလည်း ဖြေကြားခြင်းပြုမည်မဟုတ်ဘဲ ၎င်းထံသို့သာ ပြန်လည်စုံစမ်းမေးမြန်းခိုင်းမည် ဖြစ်ကြောင်း မှတ်ပုံတင်မပါလျင် ယခုကိစ္စတွင်မဟုတ်ဘဲ ယခင်ကတည်းက ၎င်းတို့အနေဖြင့် တရားစွဲဆို ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

 Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။