MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 19, 2012

ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား (ပါရမီ)အား ဖွင့်လှစ်

ha-19-12-4
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့စဉ်

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တို့ကို ဆက်သွယ်ထားသည့်  ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား (ပါရမီ)အား ဒီဇင်ဘာလ ၁၉ ရက်နေ့နံနက် ၇ နာရီ မိနစ် ၄၀ အချိန်ခန့်က ဖွင့်လှစ်ခဲ့ကြောင်း  သတင်းရရှိသည်။
အဆိုပါတံတားအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်နှင့် သက်ဆိုင်ရာ ရန်ကုန်တိုင်း တိုင်းဒေသကြီး
ဝန်ကြီးများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ha-19-12-5

ဖွင့်လှစ်ခဲ့သည် ဘေလီတံတားအသစ် ငမိုးရိပ်တံတား (ပါရမီ) (ဘယ်)နှင့် ယခင်ဘေလီတံတားအဟောင်း (ညာ)တို့ကို တွေ့ရစဉ်

ဘေလီတံတားအဟောင်းမှာ ကျဉ်းမြောင်းပြီး တံတား၏ ယာဉ်သွားလမ်းမှာ တစ်ဖက်တစ်လမ်းစီသာ ရှိခြင်းကြောင့် ယာဉ်သွားလာမှု ပမာဏနှင့် မလုံလောက်တော့ခြင်းကြောင့် ဘေလီတံတားအသစ် ငမိုးရိပ်တံတား (ပါရမီ)ကို ထပ်မံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။ တံတားအား ယခုနှစ်စက်တင်ဘာလအတွင်းက တည်ဆောက်ပြီးစီး၍ စတင်အသုံးပြုခွင့် ပေးခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှသာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘေဘီတံတားအသစ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမှ တောင်ဥက္ကလာပမြို့နယ်သို့ အ၀င်အတွက် အသုံးပြုခွင့်ပေးထားပြီး ယခင်ဘေလီတံတား အဟောင်းကိုမူ တောင်ဥက္ကလာမြို့နယ်မှ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်သို့ ပြန်အ၀င်အတွက် အသုံးပြုခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ဘေလီတံတားအဟောင်းကို  ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ဘေလီတံတားအသစ်ကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားဌာနမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ယခုတံတားမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပထမဆုံးဆောက်လုပ် ဖွင့်လှစ်သည့် တံတားဖြစ်ကြောင်း သိရသည်။
ငမိုးရိပ်တံတား (ပါရမီ) နှင့် ပတ်သက်သည့် အချက်အလက်များ
တံတားအမျိုးအစား             - သံကူကွန်ကရစ်
ယာဉ်သွားလမ်း                - ၂ လမ်းသွား
လမ်းအကျယ်                  - ၄၀ ပေ(လူသွားစလက်ဖောင်း ၁၂ပေ၊ ယာဉ်သွားလမ်း ၂၈ပေ)
တံတားအရှည်                 - ၆၀၀ ပေ
တံအားခံနိုင်ဝန်                - ၇၅ တန်
တံတားအောက်ရေလမ်းလွတ်အမြင့် - ၁၀ ပေ ၆ လက်မ
တံတားအုတ်မြစ်             - ဘိုးပိုင် ဖောင်ဒေးရှင်း


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။