MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 11, 2012

ရန်ကုန်မှာ ကျင်းပတဲ့ လူ့အခွင့်အရေးနေ့

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ဒီကနေ့ ကျင်းပရာမှာ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာအစိုးရ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းတို့ တက်ရောက်ခဲ့ပါတယ်။
Photo: RFA
ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောနေတဲ့ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်
အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်ရေးကို လေးစားလိုက်နာတဲ့ လူ့အဖွဲ့အစည်းတရပ် ထူထောင်ဖို့ အချင်းချင်း အပြန်အလှန် ဆွေးနွေးဆက်ဆံမှု လိုအပ်တယ်လို့ ပြောကြားပါတယ်။
လူ့အခွင့်ရေးကိုလေးစားတဲ့ လူ့အဖွဲ့အစည်းတခုကို ထူထောင်မယ်ဆိုရင် တယောက်နဲ့တယောက်၊ အပြန်အလှန် ဆွေးနွေးဆက်ဆံမှုရှိဖို့ လေ့လာသင်ယူရမှာဖြစ်ကြောင်း၊ စစ်မှန်တဲ့ ဆွေးနွေးဆက်ဆံမှုဆိုတာ တဖက်သတ်သဘောမဟုတ်ဘဲ နှစ်ဖက် အပြန်အလှန်ဆက်ဆံရေးဖြစ်ကြောင်းလည်း အင်္ဂလိပ်ဘာသာနဲ့
မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောခဲ့ပါတယ်။
ဝန်ကြီးဦးအောင်မင်းက ဦးသိန်းစိန်အစိုးရလက်ထက် လူ့အခွင့်ရေးဆိုင်ရာမှာ တိုးတက်မှုတွေထဲမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍတွေကို ဥပမာပေးပြောကြားခဲ့ပါတယ်။
"၂၁၁ ခုနှစ် ဧပြီလ  ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တာဟာ အစိုးရအနေနဲ့စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုရေးတွေကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့တယ်ဆိုတာ သက်သေထူဖို့အဖြစ်တွေ့နိုင်ပါတယ်၊ အခုအခါ ကျနော်တို့ အမကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ တိုင်းပြည်တွင်း ပြုပြင်ပြောင်းလဲရေးတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်"
ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ashok Negan၊  ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ အစိုးရဝန်ကြီးဌာနတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအဖွဲ့စည်းတွေနဲ့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးတွေက တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ ကျင်းပတဲ့ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေအကြောင်းကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။