MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

လက်ထောက်ဆရာဝန်များ ရွေးချယ်မှုတွင် လာဘ်မထိုး၍ အရွေးမခံရခြင်းဟု မထင်ရန် သတင်းထုတ်ပြန်၊ မိဘတိုက်တွန်း၍ ၀င်ဖြေသူများ လစာနည်းခြင်း၊ နယ်စွန်နယ်ဖျား ရပ်ဝေးဒေသများသို့ မသွားရောက်လိုခြင်းကြောင့် ပင်ကိုစွမ်းရည်နှိမ့်ချကာ တမင်ကျရှုံးအောင် ဖြေဆိုမှုများရှိကြောင်း သိရ

ha-12-12-12
ဆေးတက္ကသိုလ် (၁) ရန်ကုန်သို့ လာရောက်ပညာသင်ယူသော ကျောင်းသားအချို့အား တွေ့ရစဉ်

လက်ထောက်ဆရာဝန်များ ရွေးချယ်ခန့်ထားရေးနှင့် ပတ်သက်၍ လာဘ်မထိုးခဲ့သည့်အတွက် အရွေးမခံရခြင်းဖြစ်သည်ဟု ထင်မြင်မှုများ မပေါ်ပေါက်စေရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဒီဇင်ဘာလ ၈ ရက်နေ့က သတင်းထုတ်ပြန် ကြေညာခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ခန့်အပ်ရန် လက်ထောက်ဆရာဝန်ရာထူး ၁၅၀၀ နေရာ လစ်လပ်နေသည့်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်လွှာခေါ်ယူရန်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ အမှာစာညှိနှိုင်း အဆိုပြုခဲ့ကြောင်း၊ ကျန်း မာရေးဝန်ကြီးဌာနအနေဖြင့် လက်ထောက်ဆရာဝန်များကို တိုက်ရိုက်ခေါ်ယူခန့်ထားခြင်း မပြုနိုင်သည့်အတွက် ရာထူးဝန်အဖွဲ့သို့ ညှိနှိုင်းအဆို ပြုခဲ့ခြင်းဖြစ်ပြီး ရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် ၀န်ထမ်းရွေးချယ်ခန့်ထားရေးဆိုင်ရာ စနစ်များနှင့်နည်းတူ ပြဋ္ဌာန်းထားသည့်အတွက် ဥပဒေနှင့်အညီ လစ်လပ်နေရာများအတွက် ၂၀၁၂ ခုနှစ်
ဇွန်လအတွင်းက ကြော်ငြာ ခေါ်ယူခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့ကြော်ငြာခေါ်ယူခဲ့ရာတွင် လျှောက်ထားသူဦးရေ ၃၁၅၀ ရှိခဲ့ပြီး ရေးဖြေစာမေးပွဲကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်၊ ၂ ရက်နေ့များတွင် နေပြည်တော်စာစစ်ဌာန၌ ကျင်းပခဲ့ရာ ဘာသာရပ်သုံးခုစလုံးအတွက် လာရောက်ဖြေဆိုသူ ၂၉၀၅ ဦးရှိခဲ့ကြောင်းနှင့် ယင်းတို့အနက်မှ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူရန် သင့်လျော်သူ ၁၉၈၀ ဦးရှိခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ် (၁၇) ၌ အဖွဲ့လေးဖွဲ့ဖြင့် ပြုလုပ်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့အထိ လူတွေ့စစ်ဆေးမှုခံယူရန် ပျက်ကွက်သူမှာ ၃၃ ဦးရှိသဖြင့် လစ်လပ်ရာထူး ၁၅၀၀ နေရာ ပြည့်မီစွာခန့်ထားနိုင်ရန် ရာထူးဝန်အဖွဲ့၏ ရွေးချယ်ရေးဆိုင်ရာမူအရ အထူးအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထိုစဉ်က ပျက်ကွက်အင်အား၏ သုံးပုံတစ်ပုံ ၁၁ ဦးကို ထပ်ဖြည့်ခေါ်ယူပြီး လူတွေ့စစ်ဆေးမှုခံယူစေရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူတွေ့စစ်ဆေးခြင်းများကို အပြီးသတ်ဆောင်ရွက်ပြီးနောက် မကြာမီ ရွေးချယ်ခံရသူများစာရင်းကို ထုတ်ပြန်ပေးမည်ဖြစ်ပြီး လက်ထောက်ဆရာဝန် ရာထူးအတွက် ရွေးချယ်ခံရသူများသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ဆေးရေးတာဝန် ယူခဲ့သူများအား ချဉ်းကပ်လာဘ်ထိုး၍ အရွေးခံရသည်၊ အရွေးမခံရသူများသည် လာဘ်မထိုးခဲ့သည့်အတွက် အရွေးမခံရခြင်းဖြစ်သည်ဟူ၍ လွဲမှားသော ထင်မြင်တွေးတောမှုများ မပေါ်ပေါက်စေရန် အသိပေးရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာဘ်ထိုးရခြင်းရှိ၊ မရှိ ယင်းပုဂ္ဂိုလ်များအား တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်းနှင့် ခိုင်လုံသည့် အထောက်အထားရှိပါက အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးသို့ တိုင်ကြားနိုင်ကြောင်း . . .

ထို့အပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌကိုသော် လည်းကောင်း၊ အဖွဲ့ဝင်များကိုသော် လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ တွဲဖက်ပေးထားသည့် ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးချုပ်များကို လည်းကောင်း တံစိုးလက်ဆောင်ပေးရခြင်း၊ လာဘ်ထိုးရခြင်း ရှိ၊ မရှိ ယင်းပုဂ္ဂိုလ်များအား တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်းနှင့် ခိုင်လုံသည့်အထောက်အထား ရှိပါက အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးရုံးသို့ တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။
“အရင်က နေရာကောင်းရဖို့၊ မြို့ပေါ်မှာပဲ နေရဖို့ဆိုပြီး တချို့လာဘ်ထိုးတာတွေ ရှိတယ်လို့ ကြားဖူးတယ်။ ဒါက ဒီအ၀န်းအ၀ိုင်းတစ်ခုတည်းမှာ မဟုတ်ပါဘူး။ တခြားဌာနဆိုင်ရာတွေမှာလည်း ရှိခဲ့ဖူးပါတယ်။ အရင်က ဌာနဆိုင်ရာတွေနဲ့ ပတ်သက်ရင် လာဘ်ပေးလာဘ်ယူတဲ့ ကိစ္စတွေလည်း ပြည်သူတွေကြားမှာ ပြောနေကြတော့ ဒါတွေကို ရှင်းသွားအောင်၊ လာဘ်ပေးလာဘ်ယူတာတွေလည်း မရှိတော့အောင် တရားဝင်အသိပေးတယ်လို့ ထင်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောပြခဲ့ပါသည်။
“အရင်က အစိုးရ၀န်ထမ်းလျှောက်ရင် နယ်စွန်နယ်ဖျားတွေ မရောက်အောင် ဌာနဆိုင်ရာကသူတွေကို လာဘ်ထိုးရတာ၊ ကိုယ့်အထက်အရာရှိကို ပေးရတာမျိုးတွေတော့ ရှိခဲ့တာပေါ့။ ပိုစတင်ကျလို့ အရမ်းဝေးတဲ့နေရာတွေရောက်ရင် မသွားချင်ကြတော့ ကြိုကာတဲ့အနေနဲ့ ပေးကြတာပါ” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဆရာဝန်တစ်ဦးက ဆိုပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံကြီးများတွင် လက်ထောက်ဆရာဝန်ရာထူးဖြင့် တာဝန်ထမ်းဆောင်ရန် ဆေးပညာဘွဲ့ (M.B.B.S) ရများအား ခေါ်ယူခဲ့ရာ လာရောက်ဖြေဆိုကြသည့် ဆရာဝန်များသည် ဆေးပညာဘွဲ့ရထားသူများ ဖြစ်သည့်အားလျော်စွာ ပညာရည်ထူးချွန်သူများ ဖြစ်ကြသော်လည်း အချို့မှာ မိဘ၏ တိုက်တွန်းမှုများကြောင့်သာ လာရောက်ဖြေဆိုရခြင်းဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် လက်ထောက်ဆရာဝန်၏ လစာနည်းခြင်း၊ နယ်စွန်နယ်ဖျား ရပ်ဝေးဒေသများသို့ သွားရောက်တာ ၀န်ထမ်းဆောင်လိုစိတ် မရှိခြင်းတို့ကြောင့် လူတွေ့စစ်ဆေးမှု ခံယူသည့်အခါ မိမိတို့၏ ပင်ကိုစွမ်းရည်ကို နှိမ့်ချကာ တမင်တကာပင် ကျရှုံးအောင် ဖြေဆိုခဲ့ကြကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။