
ဖြိုးငွေစိုးကခိုင်သင်းကြည်နဲ့အတူ“ကေရိုး” ရုပ်ရှင်ဇာတ်ကားကို
ပြဇာတ်ပုံစံမျိုးနဲ့ Sedona Hotel မှာ သရုပ်ဆောင်ပြသမှာ ဖြစ်ပါတယ်။
ဒီပြဇာတ်အတွက်ဘာတွေကြိုတင်
ပြင်ဆင်မှုတွေပြုလုပ်ထားလဲဆိုတာကိုဖြိုးငွေစိုးက “ကျွန်တော်ခရီးသွားနေတဲ့ အချိန်မှာ အိမ်ကို ကြိုပြောထားတယ်။
ပြန်ရောက်မှ အဲဒီအတွက် ဓာတ်ပုံတွေ သွားရိုက်တယ်။ ကောင်းပါတယ်။
ကျွန်တော်တစ်ခါမှ မလုပ် ဖူးတဲ့ပုံစံမျိုးပါ။ ဇာတ်လမ်းကို ကြိုက် တာထက်
“ကေရိုး”နေရာကို ကြိုက်တယ်။ ဇာတ်လမ်း အတိုလေးကို သရုပ်ဆောင်ရမှာ ၂၉၊၃ဝရက်
လောက်တော့ အဲဒီအတွက် ဇာတ် တိုက်ရမယ်။ ကြော်ငြာရိုက်တဲ့ နေ့ကတော့
နည်းနည်းပါးပါး ဇာတ်တိုက် ထားတာ ရှိတယ်။ အဲဒါကြောင့် Happy New Yearက
အဲဒီမှာရှိမယ်လို့ ပြောပါတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲကို အနောက်တိုင်း
ဝတ်စုံနဲ့ပွဲ တက်မှာ ဖြစ်ကြောင်း ဖြိုးငွေစိုးက ပြောပါတယ်။ အနောက်တိုင်း
ဝတ်စုံကို
ဘယ်လို စိတ်ကူးနဲ့ ဝတ်ဖြစ် သွားလဲဆိုတာတော့ ဖြိုးငွေ စိုးက
“စိတ်ထဲမှာရှိတဲ့ အတိုင်းဝတ် ဖြစ်တာပါ။ အမျိုး သား ဝတ်စုံကို စော်ကားချင်
တာလည်း မဟုတ်ဘူး။ စမ်းကြည့်တာပါ။ အခွင့်အရေး ရှိမယ်လို့ လည်း ထင်တယ်။ ဒီ
နှစ်က ကိုယ့် စိတ်မှာရှိ တဲ့ အတိုင်း လုပ်ဖြစ် တာပါ”လို့ ပြော ပါတယ်။
တွယ်တာ
Popular News
No comments:
Post a Comment