2012-12-28
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဒေသတွင်းထိခိုက် မှုတွေကို ပညာရှင် ၁၂ဦးပါဝင်တဲ့ အဖွဲ့က စတင် လေ့လာလျက်ရှိနေပြီလို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ပြောပါတယ်။လေ့လာသုတေသနပြုမဲ့ ပညာရှင် ၁၂ ဦး ပါဝင်တဲ့ MEI မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့ကို တာဝန်ပေးအပ်ထားပြီးတော့ အဲဒီ့ပညာရှင်တွေက ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မူ၊ လူမူဘဝအကျိုးသက်ရောက်မူ စတဲ့ ဖြစ်ပျက်မူများ အကျိုးဆက်များစတဲ့ ဘာသာရပ် ၁၁မျိုးကို လေ့လာသုသေတနပြုမှာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပုလဲမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။
ပညာရှင်အဖွဲ့ဟာ သီးခြားလွတ်လပ်တဲ့အဖွဲ့ဖြစ်ပြီး တွေ့ရှိချက်ပဏာမအစီရင်ခံစာကို ၂ပတ်အတွင်း
တင်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။
ပညာရှင်များ ဆောင်ရွက်ချက်များနဲ့ ပတ်သက်လို့ ဦးတင်အောင်ခိုင်က ဒေါ်ခင်စန်းလှိုင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
![]() | အသံဖိုင်နားထောင်ရန် |
![]() | အသံဖိုင်ယူရန်။ |
![]() | အသံဖိုင်နားထောင်ရန် |
![]() | အသံဖိုင်ယူရန်။ |
RFA News
No comments:
Post a Comment