MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 7, 2012

အမေရိကန်နိုင်ငံသို့ ဆယ်စုနှစ်တစ်စုကျော် သွားရောက်နေထိုင်လျက်ရှိသည့် အဆိုတော်မာမာအေး မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ် ပြန်လည်ရောက်ရှိ


thn-6-12-7


အမေရိကန်နိုင်ငံသို့ ဆယ်စုနှစ်တစ်စုကျော် သွားရောက်နေထိုင်လျက်ရှိသည့် အဆိုတော်မာမာအေးသည် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၉နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စင်ကာပူလေကြောင်းလိုင်းဖြင့် ပြန် လည်ရောက်ရှိလာခဲ့ရာ မိသားစုဝင်များ၊ ဂီတအနုပညာရှင်များက သွားရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အဆိုတော်မာမာအေးသည် မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် နှစ်လ၀န်း ကျင်ခန့်နေထိုင်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။
''ကျွန်မနဲ့အမေ ခွဲခွာသွားရကတည်းက ပြန်တွေ့ရပါတော့မလားလို့တောင် တွေးမိခဲ့တာပါ။ အဆိုးဆုံးအထိ တွေးထားခဲ့တာပေါ့လေ။ အခုလိုပြန်လာမယ်ဆိုတော့ ပြောမပြတတ်အောင်ပါပဲ။ အရမ်းကို ၀မ်းသာကြည်နူးမိပါတယ်။ မေမေနဲ့ ဖုန်းအဆက်အသွယ်ပဲ ရှိခဲ့တာပေါ့လေ။ စထွက်သွားစတုန်းက အဆက်အသွယ် နည်းနည်းကျဲခဲ့ပေမယ့် အခုပြန်လာခါနီးမှာတော့ တော်တော်လေးကို ဖုန်းအဆက်အသွယ် ခပ်စိပ်စိပ်ရလာပါတယ်။ မေမေက လေနည်းနည်းဖြန်းထားတော့ ကျန်းမာရေးနည်းနည်းမကောင်းဘူး ပြောတယ်။ ဒီလာတုန်းကို သူ့မိတ်ဆွေတွေ
သူ့ပရိသတ်တွေနဲ့ တွေ့ခွင့်ရဖို့ပါ။ ကျွန်မကတော့ မေမေနဲ့ တည့်တာလေးတွေ ချက်ပြုတ်ကျွေးမွေးချင်တာပါပဲ။ အနုပညာအလုပ်လေးတွေလည်း ဒီရောက်မှ စီစဉ်ပြီးလုပ်မယ်လို့တော့ ပြောပါတယ်'' ဟု အဆိုတော် မာမာအေး၏ သမီးဖြစ်သူက ရှင်းပြခဲ့ပါသည်။
အဆိုတော်မာမာအေးအား လာရောက်ကြိုဆိုခဲ့သူ အဆိုတော်ထားကလည်း ''မတွေ့ရတာနှစ်တွေ သိပ်ကြာနေပြီဆိုတော့ အခုလိုပြန်တွေ့ရမယ်ဆိုတဲ့အချိန်မှာ ၀မ်းသာတာပါပဲ။သူ့သီချင်းသံလေးတွေ ပြန်ကြားရမှာပေါ့လေ'' ဟု သူ၏ခံစားချက်အား ဖွင့်ဟခဲ့သည်။ အဆိုတော်မာမာအေးအား အဆိုတော်မောင်မောင်ကြီး၊ ထား၊ ရန်ပိုင်စိုး၊ သန်းမြတ်စိုးစသည့် အနုပညာရှင်များက လာရောက် ကြိုဆိုခဲ့ကြသည်။
အဆိုတော်မာမာအေးသည် ၁၉၉၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံသို့ ၁၅ နှစ်ဝန်းကျင် ခန့် ကြာမြင့်ပြီးမှ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာစဉ်အချိန်အတွင်း အနုပညာလုပ်ငန်းအချို့ လုပ်ကိုင်ရန် စီစဉ်ထားပြီး ပထမဆုံးလှုပ်ရှားမှုအဖြစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲအား ကျင်းပမည်ဖြစ်သည်။
အဆိုတော် မာမာအေး၏ အသက် ၇၀ ပြည့် မွေးနေ့အမှတ်တရအဖြစ် ကိုယ်တိုင်ရေးသားထားသည့် စာအုပ်တစ်အုပ်ကို ၂၀၁၂ ဇူလိုင်လအတွင်းက မြန်မာနိုင်ငံတွင် ဖြန့်ချီခဲ့သည်။ အဆိုပါစာ အုပ်တွင် အဆိုတော်မာမာအေးနှင့် သူ၏ခင်ပွန်းဖြစ်သူတို့ ကွာရှင်းပြတ်စဲပြီးနောက် ကိုယ်တိုင်ရေးဒိုင်ယာရီပုံစံဖြင့် ရေးသားတင်ပြထားခြင်း ဖြစ်သည်။ အဆိုတော်မာမာအေး၏ တေးသီချင်းများအား ပြည်တွင်းရှိ ရုပ်သံဌာနများတွင် ထုတ်လွှင့်ခြင်းမရှိ ခဲ့သည်မှာလည်း ဆယ်စုနှစ်တစ်စုကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ အဆိုတော်မာမာအေးသည် သားတစ်ယောက်၊ သမီးတစ်ယောက်နှင့် မြေးလေးယောက်ရှိပြီး မြန်မာပြည်တွင်နေထိုင်စဉ်၌ မိသားစုဝင်များနှင့်အတူ နေထိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။