MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 22, 2012

တရုတ်ပြည်သို့ ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးပေါင်း သောင်းဂဏန်းပမာဏအထိရှိနေ

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓမ္မထိမ်းမြားလက်ထပ်မှု ပြုလုပ်ရန် ရောင်းစားခံထားရသည့် အမျိုးသမီးပမာဏမှာ သောင်းဂဏန်းအထိ ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုဗဟိုတွင် ဆယ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ၊ ရဲမှူးကြီး ရာလျံမုန်း (အငြိမ်းစား)က ပြောကြားခဲ့သည်။
'' မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ ကမ္ဘောဒီးယားတို့ကနေ တရုတ်နိုင်ငံကို ရောင်းစားခံရတဲ့  အမျိုးသမီးတွေ အများကြီးရှိနေတယ်။ မြန်မာအမျိုးသမီးတွေဆိုလည်း သောင်းဂဏန်းမကရှိနေတယ်။ ရုပ်ရည်နဲ့ အသက်အရွယ်ကိုကြည့်ပြီး အရောင်းအ၀ယ်ဖြစ်နေကြတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ ရောင်းစားရာတွင် နိုင်ငံအတွင်း အမျိုးသမီး ပြတ်လပ်မှုဖြစ်ပေါ်နေသော တရုတ်အမျိုးသားများက ဇနီးမယားအဖြစ် ပေါင်းသင်းရန် ၀ယ်ယူခြင်းဖြစ်ပြီး  မြန်မာအမျိုးသမီးတစ်ဦးကို ဘုံမယားအဖြစ် အဓမ္မပေါင်းသင်းသည့်
အဖြစ်မျိုးပါ ဖြစ်ပေါ်နေသည်ဟု သိရသည်။
လူကုန်ကူးမှုမှာ လွန်စွာအကျိုးအမြတ်ရရှိသော အလုပ်ဖြစ်နေပြီး ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများတွင် ချစ်သူရည်းစားအဖြစ် ဟန်ဆောင်လက်ထပ်ပြီးမှ တစ်ဘက်နိုင်ငံသို့ ရောင်းစားသည့်နည်းလမ်း အထူးတွင်ကျယ်ခဲ့သည်ဟု ရဲမှူးကြီး ရာလျံမုန်း(အငြိမ်းစား)က ဆက်လက် ပြောကြားခဲ့သည်။
'' အချို့က မိန်းကလေးကို ချစ်သူရည်းစားဟန်ဆောင်ပြီး တစ်ဘက်နိုင်ငံရောက်မှ ရောင်းစားရုံသာမကပဲ လက်ထပ်စာချုပ်မှာ လတ်မှတ်ထိုးပြီးမှ တစ်ဘက်နိုင်ငံကို ခေါ်သွားပြီး ရောင်းစားတာတွေ ရှိတယ်။ တောင်ကြီးသားတစ်ယောက်ဆိုရင် အဲဒီလိုရောင်းစားနေတာ ကိုးယောက်မြောက်မိန်းမကျမှ မိတယ်'' ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံသို့ လူကုန်ကူးမှုတွင် အမျိုးသမီးများကိုသာမကဘဲ ကလေးသူငယ်များကိုပါ မွေးစားရန် ရောင်းချခြင်းများ ရှိနေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုများ၏ ၇၀ ရာခိုင်နှုန်းမှာ မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် ပို့ဆောင်ရောင်းစားခြင်းဖြစ်ကြောင်း သိရသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ လူကုန်ကူးမှု ပေါင်း ၈၈၅ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးတရားခံ ၂၄၅၃ ဦးကိုလည်း အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။