MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

ပဲခူးက လယ်သိမ်းခံလယ်သမားများ စုံစမ်းရေးကော်မရှင်ကို စောင့်စား

ပဲခူးတိုင်းအတွင်း လယ်သိမ်းမှေုတွမှာ တပ်မေတာ်နဲ့ လယ်သမား ပဋိပက္ခအမြင့်ဆုံး ဒေသေတွကို ဦးစားပေးစစ်ဆေးနေရတယ်လို့ တိုင်းလယ်ယာမြေပြဿနာများ စုံစမ်းစစ်ေဆေးရး လွှတ်တော်က်ာမရှင်အဖွဲ့က ပြောပါတယ်။ပဲခူးတိုင်းအေနာက်ပိုင်း ပန်းတောင်းဒေသမှာ တပ်မေတ်ာက လယ်ဧက ၁ သောင်းကျော် သိမ်းယူထားမှုကို ကော်မရှင်က လာမစစ်သေးတဲ့အေပါ် စောင့်ကြည့်ရေးကွန်ရက် တခုက ဝေဖန်ေပြာဆိုချက်နဲ့ ပတ်သက်လို့ ကော်မရှင်ဘက်က တုံ့ပြန်လိုက်တာပါ။လယ်သမေားတွက ကော်မရှင်ထံ တင်ပြဖို့ စောင့်စားနေတာနဲ့ ပတ်သက်လို့ ကွန်ယက် တာဝန်ခံ ကိုရဲထင်ကျော်က “ဒီဘက်က လယ်သမားတွေမှာ ဘာပြဿနာတွေ ရှိလဲဆိုတော့ စစ်တပ်နဲ့ လယ်သမား လယ်မြေလုပ်ပိုင်ခွင့်အငြင်းပွားနေရတယ်။ အဲကာလမှာ တချို့ နေရာတွေ တော်တော်များများမှာ လယ်ယာတွေ မလုပ်ရဘူး။ စစ်တပ်က တပ်သားတွေခေါ်ပြီး လယ်တွေလုပ်ခိုင်းနေတာ။ ကျနော်တို့
တရာသီစာ နစ်နာဆုံးရှုံးခဲ့ရပြီ။ စုံစမ်းရေးကော်မရှင်အပေါ်မှာ ဒီဘက်က လယ်သမားတွေအနေနဲ့ ယုံကြည်မှုရှိတယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အဆုံးအဖြတ်ကို ခံယူမယ်ဆိုပြီး ကျနော်တို့ ဆုံးဖြတ်လုပ်ခဲ့တာ။ အဲတော့ အခု သူတို့ကလည်း မလာဘူး၊ ဘယ်တော့ လာမယ်မှန်းလည်း မသိရဘူး။ လယ်ယောမြလုပ်ကိုင်စားသောက်ခွင့်လည်း လုံးဝ မရဘူး။ စစ်တပ်က တားထားတယ်။”ကော်မရှင် လာရောက်စစ်ဆေးနိုင်မယ့် အချိန်ကာလ သတ်မှတ်ပေးဖို့ လယ်သမား တွေက လိုလားနေကြတာပါ။ကွန်ယက်တာဝန်ရှိသူရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ ပဲခူးတိုင်း လယ်ယာမြေ စုံစမ်းစစ်ေဆေးရးအဖွဲ့က သူတို့အဖွဲ့ဟာ  လွှတ်တော်တွရပ်နားထားတဲ့ လပိုင်းအတွင်း အချိန်ယူ စစ်ဆေးရတာဖြစ်ကြောင်းနဲ့ တချို့ မြေသိမ်းမှေုတွကို စစ်ဆေးရာမှာ ၁ ပတ်ခန့်ထိ အချိန်ယူ စစ်ဆေးရတောတွေရှိကြောင်း ရှင်းပြပါတယ်။ ပဲခူးတိုင်း ၂၈ မြို့ နယ်က မြေယာသိမ်းဆည်းမှု ပြဿနာတွေကို တဖွဲ့တည်းက လိုက်စစ်ဆေးနေရပုံနဲ့ ပဋိပက္ခအပြင်းထန်ဆုံးနေရောတွေကို ဦးစားပေး ကိုင်တွယ်ဆောင်ရွက်ပုံကို အဖွဲ့ဝင် ၁ ဦးဖြစ်တဲ့ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိန်ထွန်းက ပြောပါတယ်။“အခု ပန်းတောင်းတို့၊ ဇီးကုန်းတို့ မရောက်လို့ သူတို့ အားမလိုအားမရဖြစ်နေတာ မှန်ပါတယ်။ ကျနော်တို့မှာ အမှုနဲ့ လုပ်ရတဲ့အချိန်နဲ့ မကာမိအောင် ဖြစ်နေလို့ပါ။ ပဲခူးတိုင်း အရှေ့ဘက်ခြမ်း ရေတာရှည်၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်၊အမြန်လမ်းဘေး အဲဒါတွေကို အမြန် အရင်လုပ်နေတယ်။ ဘာလို့လဲဆိုတော့ တချို့  ရေတာရှည်မှာသကြားစက်ရုံနဲ့ဖြစ်တာဆိုရင် လယ်သမားတွေက သူတို့ပြန်ရတော့မယ်ဆိုပြီး. ကော်မရှင်တိုင်ပြီးပြောတော့ ကြံ၊ ပဲ ပြန်စိုက်တယ်။ ဟိုဘက်က စက်ရုံနဲ့ စစ်တပ်တွေက ဂေါ်ထိုးပစ်တယ်။ တချို့ တရားစွဲခံရတယ်။ ပဋိပက္ခအပြင်းထန်ဆုံးနေရာတွေကို အရင်ဆုံး ဆင်းစစ်နေရတာ ဖြစ်ပါတယ်။”ပဲခူးတိုင်းထဲ ကော်မရှင်က စစ်ဆေးရမယ့် လယ်သိမ်းမှုပေါင်း ဧကေပါင်း နှစ်သောငေ်းကျာ် ရှိပြီး အများစုက မြန်မာ့တပ်မတော်က သိမ်းဆည်းထားတဲ့ အမှုတွေ ဖြစ်တယ်လို့လဲ သူက ပြောပါတယ်။ဒါ့အပြင်သူတို့ကော်မရှင်အနေနဲ့  ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်နေပုံကိုလဲ သူက ခုလို ဆက်ပြောပါတယ်။“လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးစားလိုက်လို့ ကော်မရှင် ရလာပြီ။ အဲတော့ လယ်သမားတွေအတွက် ရောင်ခြည်သန်းလာပြီ။ ကျနော်တို့ စုံစမ်းဖော်ထုတ်ရေး ကော်မရှင်လည်းပဲ ပွင့်လင်းမြင်သာစွာနဲ့ လယ်သမားများ မနစ်နာစေရေးကို၊ စုံစမေ်းလ့လောဖ်ာထုတ်တဲ့အခါမှာလည်း၊ အမှုစစ်တဲ့အခါမှာလည်း လယ်သမားတွေကို ကျနော်တို့ဟာ ဟောသည်လို ဆုံးဖြတ်ထားပါတယ်၊ သည်လို သုံးသပ်ထားပါတယ်၊ သည်လိုအကြံပြုထားပါတယ် ဆိုပြီး သူတို့ကိုပြပြီးမှ ပြန်တာပါ။”တနိုင်ငံလုံး လယ်ယောမြသိမ်းဆည်းမှု ပြဿနာတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ပြီးခဲ့တဲ့ ဩဂုတ်လထဲကျင်းပတဲ့ လွှတ်တော်က စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီကော်မရှင်က ပြည်နယ်တိုင်းအနှံ့စစ်ဆေးဖို့ အဖွဲ့ခွဲ ၉ ဖွဲ့ ဖွဲ့စည်းပြီး လွှတ်တော်ရပ်နားချိန်တွေမှာ လိုက်လံ စစ်ဆေးနေကြတာ ဖြစ်ပါတယ်။


DVB News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။