MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 6, 2012

လူ့အဖွဲ့အစည်းနှစ်ခု သင့်မြတ်အောင်ကြိုးပမ်းရေး ကုလသမဂ္ဂ တိုက်တွန်းပြောဆို

2012-12-06
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေလိုမျိုး နောက်ထပ်မဖြစ်ပွားဖို့အတွက် လူ့အဖွဲ့အစည်း ၂ ခုအကြား သင့်မြတ်အောင် လုပ်ဆောင်မယ်ဆိုရင် မြန်မာအစိုးရကို ကုလသမဂ္ဂအဖွဲ့အစည်း အနေနဲ့ ကူညီပေးသွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အာရှနဲ့ ပစိဖိတ်ဒေသ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ Ms. Kirsten Mildren က သတင်းထောက်တွေကို ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် Ms. Valerie Amos ပါဝင်တဲ့ အဖွဲ့ဟာ မနေ့က ရခိုင်ပြည်နယ်ကိုရောက်ရှိလာပြီး မကြာသေးခင်က ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ စစ်တွေ၊ မောင်တော၊ ပေါက်တော၊ မြေပုံမြို့တွေက ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနေ့ ည ၇ နာရီခွဲအချိန်မှာ စစ်တွေဟိုတယ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး အခုလို ပြောခဲ့ပါတယ်။
“ ဒီလူ့အဖွဲ့အစည်း ၂ ခု ဘယ်လိုမျိုးသင့်မြတ်အောင်နေကြမလဲဆိုတာ အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ အစိုးရအနေနဲ့ ဒီလူ့အဖွဲ့အစည်း ၂ ခု သင့်မြတ်အောင် လုပ်ဆောင်မယ်ဆိုရင်
ကုလသမဂ္ဂအနေနဲ့ ကူညီဆောင်ရွက်ပေးသွားဖို့ အသင့်ရှိပါတယ်”
ဒါ့အပြင် မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံမှာ လုံးဝမရှိးဘူးလို့ တရားဝင်ကြေငြာထားတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကုလသမဂ္ဂအနေနဲ့ သုံးနှုန်းခေါ်ဝေါ်နေရတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ Ms. Valerie Amos က သူတို့အနေနဲ့ မည်သည့်အကြောင်းတရားမျှမပါဘဲ သူတို့ကိုယ်တိုင်က ရိုဟင်ဂျာလူမျိုးဆိုပြီး ပြောဆိုသုံးနှုန်းနေတဲ့အတွက် ဒီစကားလုံးကို ပြောဆိုသုံးနှုန်းရတာ ဖြစ်တယ်လို့  ပြန်လည် ပြောဆိုခဲ့ပါတယ်။
ကုလအရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် Ms. Valerie Amos ဟာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အပါအဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ ဒုက္ခသည်အရေးကိစ္စနဲ့ ပတ်သက်ပြီး သီးသန့် တံခါးပိတ်ဆွေးနွေးခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာလ ၆ ရက် နေ့မှာတော့ ကချင်ပြည်နယ်ကို ဆက်လက်သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။


RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။