MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်း သပိတ်ကျင်းမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ နှစ်ပတ်အတွင်း ၇ ကြိမ်အထိရှိခဲ့

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့အနီး၌ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၄၇ မိနစ် ၃၂ စက္ကန့် အချိန်က အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့က တစ်ရက်အတွင်း အင်အားအနည်းငယ်ရှိ မြေငလျင်နှစ်ခု လှုပ်ခတ်သွားကြောင်းနှင့် နှစ်ပတ်အတွင်း ငလျင်လှုပ်ခတ်မှု (၇) အကြိမ်အထိ ရှိခဲ့ကြောင်းလည်း သိရှိရသည်။ဒီဇင်ဘာလ ၆ရက်နေ့၊ မွန်းလွဲ ၂ နာရီ၊ ၅၇ မိနစ်အချိန်က မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက်  ၅၅ မိုင်ခန့်ကွာဝေးသော  သပိတ်ကျင်းမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့၊ ညနေ ၅ နာရီ၊ ၃၀ မိနစ်၊ ၁၀ စက္ကန့်အချိန်က မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင် ၆၀ ခန့်ကွာဝေးသော သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်းလည်း သိရှိရသည်။
 နှစ်ပတ်အတွင်း ငလျင်လှုပ်ခတ်မှုအခြေအနေ
ရက်စွဲ အချိန် အင်အား(ရစ်ခ်ျတာစကေး)
၃၀.၁၁.၁၂ ည၇နာရီ၂၇မိနစ် ၄ ဒသမ ၁
၁.၁၂.၁၂ ည ၈နာရီ ၁မိနစ် ၅စက္ကန့် ၄ ဒသမ ၂
၃.၁၂.၁၂ ညနေ ၆နာရီ ၂၅မိနစ် ၅ ဒသမ ၁
၆.၁၂.၁၂ မွန်းလွဲ ၂နာရီ ၅၇မိနစ်
၆.၁၂.၁၂ ညနေ ၅နာရီ၃၀မိနစ် ၁၀စက္ကန့် ၃ ဒသမ ၇
၁၂.၁၂.၁၂ နံနက်၉နာရီ ၄၈မိနစ် ၄၈စက္ကန့် ၃ ဒသမ ၉
၁၄.၁၂.၁၂ နံနက်၈နာရီ ၄၇မိနစ် ၃၂စက္ကန့် ၄ ဒသမ ၈



Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။