MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

မြန်မာ့လေကြောင်းမှ သက်တမ်းရင့် လေယာဉ်များနေရာတွင် အစားထိုးမည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်သစ်တစ်စီး ရန်ကုန်မြို့သို့ရောက်ရှိ



ha-12-12-14
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် EMBRAER 190 အားတွေ့ရစဉ်

မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်သစ်တစ်စီးသည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ညက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။
တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိအသုံးပြုနေသည့် သက်တမ်းရင့် လေယာဉ်များနေရာတွင် လေယာဉ်သစ်များ အစားထိုး ပျံသန်းပြေးဆွဲရန် ဆောင်ရွက်လျက်ရှိပြီး၊ ပထမဆုံးအနေဖြင့် EMBRAER 190 လေယာဉ်သစ် ၂ စီးအား အမေရိကန်နိုင်ငံ GE Capital Aviation Services ကုမ္ပဏီမှ အငှားဝယ်ယူသည့်စနစ်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။“ဒီ EMBRAER 190 လေယာဉ်တွေက ခရီးသည် ၁၀၀ ဦးကို တင်ဆောင်နိုင်မှာဖြစ်ပြီး၊ ပြည်တွင်းခရီးစဉ်တွေအပြင် ဗုဒ္ဓဂါယာ၊ ချင်းမိုင်မြို့တွေကိုပါ ခရီးစဉ်တွေပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ စင်းလုံးငှား ခရီးစဉ်တွေကိုလည်း လက်ခံပေးသွားဖို့ ရှိပါတယ်” ဟု မြန်မာ့လေကြောင်းမှ အထွေထွေမန်နေဂျာ ဦးသန်းထွဋ်က ပြောပါသည်။
ယခုရောက်ရှိလာသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များသည် Air-Bus A320 လေယာဉ်များထက် ထိုင်ခုံနေရာကျယ်ဝန်းခြင်း၊ လေယာဉ်အပိုပစ္စည်းများ ဈေးနှုန်းသက်သာခြင်းနှင့်

 လေယာဉ်ပျံသန်းမှု သမိုင်းတစ်လျှောက်တွင် လေယာဉ်မတော်တဆထိခိုက်မှု တစ်ကြိမ်တည်းသာ ဖြစ်ခဲ့ခြင်း စသည့်အချက်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ လေကြောင်းလိုင်းများမှ ယင်းလေယာဉ်များကို ၀ယ်ယူရန် စိတ်ဝင်စားလာကြကြောင်း သိရသည်။
မြန်မာ့လေကြောင်းအနေဖြင့် ယခုရောက်ရှိလာသည့် ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ် ၂ စီးအား အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာ၊ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ပြည်တွင်းရှိ လက်ရှိအသုံးပြုနေသည့် နှစ် ၃၀ ကျော် သက်တမ်းရှိ F-28 လေယာဉ်များနေရာတွင် အစားထိုးပြေးဆွဲသွားမည်ဟု သိရသည်။
မြန်မာ့လေကြောင်းတွင် ပျံသန်းလျက်ရှိသည့် လေယာဉ်အမျိုးအစား ၄ မျိုးဖြစ်သည့် F-28 ၃စီး၊ ATR ၃စီး၊ MA-60 ၃စီး၊ Beech-1900D ၂ စီးရှိသည့်အနက် F-28 လေယာဉ်များသည် သက်တမ်းရင့်လာပြီဖြစ်သဖြင့် ယခုကဲ့သို့ EMBRAER 190 လေယာဉ်သစ်များဖြင့် အစားထိုးပြေးဆွဲနိုင်ရန် လေယာဉ်သစ်များကို အငှားဝယ်ယူခဲ့ခြင်း ဖြစ်သည်။
မြန်မာ့လေကြောင်းလိုင်းမှ ပြေးဆွဲသည့် သက်တမ်းကြာမြင့်ပြီဖြစ်သည့် လေယာဉ်များနေရာတွင် လေယာဉ်အသစ်များဖြင့် အစားထိုးလဲလှယ်ပြေးဆွဲခဲ့ရာ ၂၀၁၀ ဒီဇင်ဘာလ ၁ ရက်နေ့က ဖော်ကာ F-27 လေယာဉ်များနေရာ၌ တရုတ်နိုင်ငံလုပ် MA-60 လေယာဉ်သုံးစင်းဖြင့် အစားထိုးပြေးဆွဲခဲ့သည်။
နိုင်ငံပိုင် မြန်မာ့လေကြောင်းတွင် လက်ရှိ F-28 ၃စီး၊ ATR ၃စီး၊ MA-60 ၃စီး၊ Beech-1900D ၂ စီးဖြင့် ခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက် ရှိသည်။        


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။