MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 22, 2012

 စတုတ္ထအကြိမ်မြောက် EPS စနစ် (အလုပ်လုပ်ကိုင်ခွင့်စနစ်) ဖြင့် အလုပ်သမား ၅၀ ခန့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် ကိုရီးယားနိုင်ငံသို့ စတင်သွားရောက်

စတုတ္ထအကြီမ်မြောက်အဖြစ် EPS စနစ်ဖြင့် (အလုပ်လုပ်ကိုင်ခွင့်စနစ်) ဖြင့် ကိုရီးယားနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ရာတွင်  သမား ၅၀ ဦးခန့်ကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် ကိုရီးယားနိုင်ငံသို့ စတင်ပို့ဆောင်နေပြီဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ သိရှိရသည်။အဆိုပါ သွားရောက်မူအတွက် ကိုရီးယာဘာသာ အရည်အချင်းစစ် စာမေးပွဲကို ၂၀၁၂ ခုနှစ် ဇူလှိုင် လတွင် ကျင်းပခဲ့ပြီး စာမေးပွဲအောင်မြင်သူ ၂၄၀၀ ကျော်ရှိကြောင်း သိရသည်။ ကိုရီးယားနိုင်ငံမှ အလုပ်ခေါ်စာ ၉၀ ရရှိခဲ့ပြီး ၅၀ ဦးမှာ လက်ရှိ ကိုရီးယားနိုင်ငံ၌ စိုက်ပျိုးမွေးရေးလုပ်ငန်း လုပ်ကိုင်နေပြီဖြစ်ရာ ကျန်ရှိသူများကို ထပ်မံပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကိုရီးယားနိုင်ငံကို အလုပ်သွားရောက် လုပ်ကိုင်ဖို့အတွက် ပထမဆင့် ကိုရီးယားဘာသာစကား အရည်အချင်းစစ် စာမေးပွဲ အောင်မြင်ရပါမယ်။ ဒါ့အပြင် ဆေးစစ်ချက်   အောင်မြင်ဖို့လည်း
လိုပါတယ်။ နောက်ပြီး စာမေးပွဲအောင်တဲ့လူအားလုံး အလုပ်ရမှလည်း မဟုတ်ပါဘူး။ သူတို့ခေါ်သလောက်ပဲ သွားရမှာပါ” ဟု အစိုးရ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က ပြောပါသည်။
အလုပ်သမား၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမူဖူလုံရေး ၀န်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနတို့မှာ နှစ်နိုင်ငံ အလုပ်သမားခေါ်ယူရေး  နားလည်မူ စာချွန်လွှာကို ၂၀၁၀ ခုနှစ်တွင် လတ်မှတ်ရေးထိုးခဲ့ရာ ယခုအခါ သက်တမ်း ၂ နှစ်ပြည့် ဖြစ်သောကြောင့် ယခုလတွင် သံတမန်နည်းအရ ထပ်မံ လတ်မှတ်ရေးထိုးရန် သဘောတူညီထားကြောင်းလည်း သိရသည်။
“ အခုလောလောဆယ်မှာတော့ မိန်းကလေးတွေကို လွှတ်ဖို့ အစီအစဉ် မရှိသေးပါဘူး။ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဖြစ်တဲ့အတွက် အလုပ်သမားခေါ်ယူမူ အရေအတွက် ကန့်သတ်ချက်တွေ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မိန်းကလေး အလုပ်သမားတွေကို  အိမ်မှာခေါ်မခိုင်းပါဘူးဆိုတဲ့ ၀န်ခံကတိမျိုး စာချုပ်မှာပါမှဖြစ်မယ် ဒါမှမဟုတ်ရင် သူတို့အတွက် လုံခြုံမူ မရှိနိုင်ဘူး” ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။
ကိုရီယားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်မည့် အလုပ်သမား တစ်ဦးအနေဖြင့်  စာချုပ်သက်တမ်း မကုန်ဆုံးမီ လုပ်ငန်းခွင်မှ ထွက်ပြေးမူများ မဖြစ်ပေါ်စေရေးအတွက် အလုပ်သမား ၀န်ကြီးဌာနအား ကျပ်သိန်း ၃၀ တန်ဖိုးရှိ အာမခံစာချုပ် ချုပ်ဆိုရမည်ဖြစ်ပြီး ခရီးသွားရောက်မူ ၀န်ဆောင်ခကို ယခင်ကျပ် ၈ သိန်း  မှ ယခုအခါ ကျပ် ၆ သိန်းခွဲသို့ လျှော့ချလိုက်ပြီ ဖြစ်ကြောင်း သိရသည်။                               နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမူ စာချွန်လွှာကို ၂၀၀၈ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး အလုပ်သမား ပို့ဆောင်မူကို အလုပ်သမား ၀န်ကြီးဌာနကိုယ်စား ရွှေအင်းဝ အလုပ်အကိုင် အေဂျင်စီမှ ဆောင်ရွက်ခဲ့သည်။ ကိုရီးယားနိုင်ငံ၊ အလုပ်သမား ၀န်ကြီးဌာန လက်အောက်ရှိ လူ့စွမ်းအား အရင်းမြစ် ဖွံ့ဖြိုးမူဌာန (HRD) နှင့် ရွှေအင်းဝ အေဂျင်စီတို့ကြား ပြသာနာဖြစ်ပွားမူကြောင့် ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမား ပို့ဆောင်မူ ရပ်ဆိုင်းခဲ့ပြီး ယခုအခါတွင် အလုပ်သမား ၀န်ကြီးဌာနမှ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ ဟူသော အမည်ဖြင့် အလုပ်သမား ပို့ဆောင်မူများ ဆက်လက်လုပ်ကိုင်လျှက် ရှိကြောင်းလည်း သိရသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။