MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 12, 2012

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် အီးယူသို့ တင်ပိုမည့် မြန်မာ့ပို့ကုန်များ GSP အခွင့်အရေး စတင်ခံစားနိုင်ဖွယ်ရှိကြောင်း သိရ

၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်း ဥရောပကော်မရှင်အစည်းအဝေးတွင် မြန်မာနိုင်ငံကို အကောက်ခွန်ဆိုင်ရာ ယေဘုယျအခွင့်အရေးပေးမှုစနစ်(Generalised System of Preferences-GSP) ကို ပြန်လည်ပေးအပ်ရန် သဘောတူ ဆုံးဖြတ်ခဲ့သဖြင့် အီးယူနိုင်ငံများသို့ တင်ပို့သည့် မြန်မာ့ပို့ကုန်များအနေဖြင့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ယင်းအခွင့်အရေး စတင်ခံစားနိုင်ဖွယ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ပထမပတ်အတွင်းပြု လုပ်သည့် CMP လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ယခုနှစ် စက်တင်ဘာလအတွင်း ဥရောပကော်မရှင် အစည်းအဝေးတွင် မြန်မာနိုင်ငံကို GSP ပေးရန် ဆုံးဖြတ်ခဲ့ပြီး ဥရောပပါလီမန်သို့   ဆက်လက်တင်ပြ အတည်ပြုချက် ရယူရန်သာကျန်ရှိကာ ၎င်းအစီအစဉ်များ  ပြီးဆုံးပါက ၂၀၁၃ ခုနှစ် နှစ်စတွင်ပင် မြန်မာပို့ကုန်များ GSP အခွင့်အရေး စတင်ခံစားနိုင်မည်ဖြစ်ကြောင်းနှင့် ဥရောပပါလီမန်က အတည်ပြုခဲ့ပါက မြန်မာနိုင်ငံသည် GSP အခွင့်အရေးများကို ၂၀၁၂ ခု နှစ် ဇွန်လလယ်မှ စတင်တင်ပို့ခဲ့သည့်  ပို့ကုန်များအတွက် နောက်ကြောင်းပြန်
အကျိုးခံစားနိုင်ကြောင်းလည်း သိရှိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ပို့ကုန်များ ဥရောပသို့ တင်ပို့ရာတွင်  ဥရောပသမဂ္ဂ (EU)  က ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများသို့ ပေးအပ်သည့်  လက်နက်ခဲယမ်းမှအပ ကျန်ကုန်ပစ္စည်းများအတွက် အထူးသက်သာခွင့် အခွင့်အရေးများ၊ ကမ္ဘာလုံးဆိုင်ရာ အထူးအခွင့်အရေးများ ခံစားခွင့်ရရှိရန်  ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး  မြန်မာနိုင်ငံ၏ ရေထွက်ကုန်များ၊  သစ်တောထွက်ကုန်များနှင့် အ၀တ်အထည်များ ဥရောပဈေးကွက်သို့  လွယ်ကူချောမွေ့စွာ ၀င်ရောက်နိုင်ရေးအတွက်လည်း အီးယူမှတာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် အစိုးရသစ် တက်လာပြီးနောက်ပိုင်း  ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်လာပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့မှုများအပေါ် ဖြေလျော့မှုများရှိလာ ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO) ကလည်း အတင်းအဓမ္မ အလုပ်သမားစေခိုင်းမှုများကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့သဖြင့် အီးယူက မြန်မာနိုင်ငံအပေါ် GSP အ ခွင့်အရေး ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ထုတ်ကုန်၊သွင်းကုန်၊လုပ်ငန်းရှင်အဖြစ် မှတ်ပုံတင်ထားသူများသည် ထုတ်ကုန်လိုင်စင်ရယူပြီး ပြည်ပသို့ ကုန်ပစ္စည်း တင်ပို့ရောင်းချရာတွင် ကုန်တင်ပို့သော နိုင်ငံသည် GSP အခွင့်အရေးပေးသော နိုင်ငံဖြစ်ပြီး တင်ပို့သောကုန်ပစ္စည်းသည် ယင်းနိုင်ငံ၏ GSP အစီအစဉ်၌ အကျုံးဝင်လျှင် GSP လျှောက်ထားနိုင်ကြောင်းလည်း သိရှိရပါသည်။
ဥရောပသမဂ္ဂနိုင်ငံများသို့ မြန်မာ့ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် အခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှု ကင်းလွတ်ခွင့်များ ပြန်လည်ရရှိတော့မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဥရောပသမဂ္ဂက ထုတ်ပြန်ကြေညာခဲ့သည်။
၎င်းထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂသို့ လက်နက်၊ခဲယမ်း၊မီးကျောက်မှလွဲ၍ ကျန်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှုကင်းလွတ်ခွင့်များ ရရှိမည်ဖြစ်သည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။