MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 18, 2012

ပခုက္ကူဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်သူ ဦးရေ ၂၀၀၀ နီးပါး ရှိလာ

ပခုက္ကူပြည်သူ့ဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်ပြုလုပ်သူနှင့် ART ဆေး လာရောက်ထုတ်ယူသူဦးရေ ၂၀၀၀ နီးပါးထိ ရှိလာကြောင်း သတင်းရရှိပါသည်။
ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ HIV လူနာမှတ်ပုံတင်ခြင်းနှင့် ART ဆေး လာရောက်ထုတ်ခြင်းအား မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ချင်းပြည်နယ်အတွင်းရှိ မြိုနယ်များမှ လူနာများ လာရောက်ထုတ်ယူကြကြောင်း သိရသည်။
ပခုက္ကူဆေးရုံကြီးသို့ HIV လူနာ မှတ်ပုံတင်ခြင်းနှင့် ART ဆေး အခမဲ့ဖြန့်ဝေခြင်းအား လာရောက်ထုတ်ယူခြင်း ပြုလုပ်သူဦးရေသည် ယခင်နှစ်များထက် ပိုမိုများပြားလာသော်လည်း ပြင်ပဆေးဆိုင်များမှ ART ဆေးဝယ်ယူသောက်သုံးသူများလည်း
ရှိနေသေးကြောင်း ဆေးဆိုင်များမှ စုံစမ်းသိရှိရသည်။
ပြင်ပမှ ဆေးဝယ်သောက်သုံးသူများသည် ပြည်သူ့ဆေးရုံတွင် လူနာမှတ်ပုံတင်ခြင်း ပြုလုပ်ပါက အမည်နှင့် နေရပ်လိပ်စာအား အများသိမည်ကို စိုးရိမ်ခြင်းများနှင့် အချို့ဝေဒနာရှင်များမှာ ART ဆေးထုတ်ယူရန် သွားလာနေထိုင်စရိတ် အဆင်မပြေခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။
“မှတ်ပုံတင်ရင် ကိုယ့်အမည်နဲ့ နေရပ်လိပ်စာတွေကို အများသိမှာ စိုးရိမ်ကြတယ်။ ဒါပေမယ့် သက်ဆိုင်ရာဌာနတွေက ဒါတွေကို လျှို့ဝှက်ပေးတယ်။ နားလည်မှုအားနည်းတဲ့ အပိုင်းတွေရှိတယ်။ တချို့ကြတော့လည်း ဆေးလာထုတ်ရမယ့် နေရာတွေကို သွားလာနေထိုင်စားသောက်စရိတ် အဆင်မပြေတာတွေကြောင့် မှတ်ပုံတင်တာမလုပ်ဘဲ နေကြတယ်။ အရင်ထက်စာရင် HIV လူနာမှတ်ပုံတင်ပြီး ART ဆေး လာထုတ်သူ များလာပြီ” ဟု နှစ်သိမ့်ဆွေးနွေးခြင်းများတွင် ပါဝင်ဆောင်ရွက်နေပြီး ARTဆေး သောက်သုံးနေသူတစ်ဦးက ပြောသည်။
“ပခုက္ကူဆေးရုံကြီးကို ဆေးလာထုတ်တာတော့ နယ်စုံကလာတယ်။ မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်ထဲက မြို့တွေကနေ လာထုတ်ကြတယ်။ အရင်ကဆို ဆေးလာထုတ်သူတွေအနေနဲ့ နေထိုင်ရေးအခက်အခဲတွေ ရှိတယ်။ နောက်ပိုင်း HIV ဝေဒနာသည်တွေ ဆေးလာထုတ်ရင် နေထိုင်ဖို့အတွက် လူမှုရေးအသင်းတွေက ကူညီလို့အဆင်ပြေလာတယ်” ဟု ၎င်းကပြောသည်။
ပခုက္ကူပြည်သူ့ဆေးရုံကြီးရှိ ခုခံကျ၊ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနသို့ မည်သည့်မြို့မှ HIV ဝေဒနာရှင်မဆို မှတ်ပုံတင်ပြုလုပ်ပြီး ART ဆေး ထုတ်ယူနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။