MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 17, 2012

HRDP ကိုတရားဝင်မှတ်ပုံတင်မည်

2012-12-16
လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်ကစပြီး မြန်မာနိုင်ငံတ၀ှမ်းမှာ လူ့အခွင့်အရေး လုပ်ငန်းတွေ ဆောင်ရွက်လာခဲ့တဲ့ HRDP လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်ကို လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ တရားဝင် မှတ်ပုံတင်ပြီး နိုင်ငံတကာအဆင့်မီ NGO တစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်သွားမယ်လို့ ရှမ်းပြည်နယ် မှာ ရောက်ရှိနေတဲ့ HRDP အဖွဲ့ရဲ့ အကြီးအကဲ ရှေ့နေဦးမြင့်အေးက RFA ကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ဒီကနေ့ ပြောကြားပါတယ်။
ံHRDP
လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ယက် HRDP ရဲ့ လက်ကမ်းကြေညာစာတမ်း။
HRDP ကွန်ရက်အနေနဲ့ မကြာခင်မှာ ညီလာခံတစ်ရပ်ခေါ်ယူပြီး ဒါရိုက်တာအဖွဲ့နဲ့
ဖွဲ့စည်းပုံစည်းမျဉ်းတွေရေး ဆွဲပြီး တရားဝင်မှတ်ပုံတင်သွားမှာဖြစ်တယ်လို့ ဦးမြင့်အေးက ပြောပါတယ်။
အခုလောလောဆယ်မှာတော့ ရှေ့နေဦးမြင့်အေး ဦးဆောင်တဲ့ HRDP ကွန်ရက်အဖွဲ့ဟာ ရှမ်းပြည်နယ် တောင်ပိုင်းက မြို့နယ်တချို့နဲ့ ကယားပြည်နယ်မှာ လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ သွားရောက်ပြုလုပ်နေပါတယ်။
HRDP လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်ကို ၂၀၀၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး၊  ပြည်နယ်နှင့်တိုင်း(၉) ခုက၊ မြို့ပေါင်း ၁၂၅ မြို့ကထောင်နဲ့ချီတဲ့ ကွန်ရက်အဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေး လုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။


RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။