MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 18, 2012

Instant noodles ခေါက်ဆွဲခြောက်ထုပ်ရဲ့ဘေးထွက်ဆိုးအန္တရယ်များ

Instant noodles ခေါက်ဆွဲခြောက်ထုပ် (Supermarket တွေမှာဒါမျိုးတွေ စားချင်စရာတွေပေါ့)
အသက်ကတော့ ၃၄ နှစ်ပါ။ သမီးသိချင်တာက အသင့်စားသုံးနိုင်တဲ့ ခေါက်ဆွဲခြောက်ထုပ် အကြောင်းပါ။ ဗဟုသုတ အနေဖြင့် သိချင်ပါတယ်။ သမီးတို့မိသားစုက ပြင်ပမှာနေကြတာပါ။ အမြဲလိုလို ခေါက်ဆွဲခြောက်ထုပ် စားဖြစ်နေလို့ သိချင်ပါတယ်။Instant noodles အသင့်စားသုံးလို့ရတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေဟာ Dried noodles ခြောက်အောင် လုပ်ထားတာ ဖြစ်ဖြစ် Precooked noodles ကြိုတင်ပြုတ်ထားတာဖြစ်ဖြစ် ရှိတယ်။ ဂျပန်နိုင်ငံက Momofuku Andō of Nissin Foods ကနေ ၁၉၅၈ ခုနှစ်ကတည်းက စတင်တီထွင်ထုတ်လုပ်ရောင်းချခဲ့တာပါ။ ၁၉၇၁ ခုမှာ Nissin နစ်ဆန်ကနေ Cup Noodles ဆိုတာ စထုတ်တယ်။ ရေစိုခံခွက် Polystyrene cup ခွက်နဲ့လာတယ်။ ၂ဝ၁ဝ စာရင်းအရ
တကမ္ဘာလုံးမှာ နှစ်စဉ် ခေါက်ဆွဲခြောက်ထုပ်ပေါင်း ၉၅ ဘီလျန်စားသုံးနေကြတယ်။ တရုတ်နိုင်ငံမှာ ၄၂ ဘီလျန်စားသုံးတာမို့ ၄၄% ရှိတယ်။
Health concerns ကျန်းမာရေးရှုဒေါင့် ဝေဖန်သူတွေက ခေါက်ဆွဲခြောက်ထုပ်ကို Junk food စာရင်းထဲထည့်ပြီး၊ ကျန်းမာရေးနဲ့မညီဘူးလို့ ထောက်ပြကြတယ်။ (ကာဗွန်ဟိုက်ဒရတ်) နဲ့ အဆီများတယ်။ (ဖိုက်ဘာ)၊ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေ နည်းတယ်တဲ့။ ဒါပေမဲ့ PFC balance (Protein/Fat/Carbohydrate) ကို စစ်ဆေးရင် Protein က 12-13% ရှိသင့်တာမှာ 9% ပါတယ်။ Fat က 20-30% ရှိသင့်တာမှာ 36% ပါတယ်။ Carbohydrate က 57-58% ရှိသင့်တာမှာ 55% ပါတယ်။ တဖက်စောင်းနင်းမဖြစ်ဘူး။ ပိုကောင်းစေချင်ရင် ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်၊ အသား-ငါးကိုပါ ရောစားနိုင်ပါတယ်။
ဆား (ဆိုဒီယမ်) များတယ်လို့ ထောက်ပြတာလဲရှိတယ်။ အမေရိကန်စံနုန်းအရ အသက် ၄ နှစ်ကျော်ကလေးကနေ လူကြီးတိုင်း 1,500 mg/day ဖြစ်ပါတယ်။ ဒါကြောင့် ပိုပြောနေကြာတာလို့ ပြန်ငြင်းဆိုတယ်။ လူတွေ ကောင်းတယ် ပြောပြောနေကြတဲ့ Soup (ဆုပ်) ထက် ဆားနည်းပါတယ်။

စစ်စစ်ပေါက်ပေါက်ပြောရရင် ထုပ်ပိုးပစ္စည်းကနေ ဘာတွေပါနေနိုင်သလဲ။ ဟောမုန်းလိုဟာ ပါသလား။ စစ်ဆေးသူတွေက မတွေ့ဘူးလို့ ထုတ်ပြန်ပါတယ်။ လူအများ စိတ်ချလက်ချ စားသုံးနိုင်အောင်ဆိုပြီး World Instant Noodles Association နဲ့ ဂျပန် Convenience Food Industry Association စတာတွေကနေ အရည်အသွေးအတွက် ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။

၁။ အထဲမှာ အဓိက (ကာဗွန်ဟိုက်ဒရိတ်) တွေပါတယ်။ လူတိုင်းအထွက် နေ့တိုင်းလိုတာမျိုးပါ။ သတိထားရမှာက တနေ့မှာ လိုတာထက် ပိုစားလိုက်ရင် အပိုကို သကြားဓါတ်အနေနဲ့ ကိုယ်ထဲမှာ သိုလှောင်ထားတယ်။ ဒါကို ထုတ်မသုံးနိုင်ရင် အဆီအဖြစ် သိုလှောင်မယ်။ ဒါကြောင့် လိုတက်ပိုမစားရင် ကျန်းမာရေးအတွက် မထိခိုက်နိုင်ဘူး။ ဆီးချိုရှိသူတွေက မများရပါ။

၂။ Ingredients ဘယ်လိုဟာတွေပါနေသလဲသိသင့်တယ်။ နာမည်ရနေတဲ့ Maggi Noodles ကို Atta Noodles လို့ ကြော်ညာထားတယ်။ ဂျုံညိုနဲ့လုပ်တာက ဂျုံဖြူထက်ကောင်းတယ်။ များရင်တော့ မကောင်းလှပါ။

၃။ ခေါက်ဆွဲထုပ်နဲ့တွဲစားမဲ့အစာတွေ သတိပြုပါ။ (ပရိုတင်း) ရအောင် ကြက်သား၊ ကြက်ဥရောမယ်ဆိုရင် ဒါတွေကိုပါ သတိထားပါ။ အလားတူ ဟင်းသီးဟင်းရွက်၊ အနံ့မွှေးတွေ ပါနေတာလဲ သတိထားပါ။

၎။ ဘယ်ဆီသုံးသလဲ။ ထောပတ်ပါလား။ ဆီ (အဆီ) ၁၈% ပါတယ်။

ဂျပန်မှာ အနုမြူဓါတ်ပေါင်းဖို မတော်တဆဖြစ်ပြီးနောက်

ဂျပန်ကလာတဲ့ခေါက်ဆွဲခြောက်ထုပ်တွေကို အတော် သတိထားကြရတယ်။ ၂၈-၃-၂ဝ၁၂ နေ့ တိုင်ဝမ်ကသတင်းတပုဒ်မှာ ဂျပန်ခေါက်ဆွဲခြောက်ထုပ်တွေထဲမှာ ဓါတ်ရောင်ခြည် သင့်ထားတယ်လို့ ဖတ်ရတယ်။ Iodine 131, cesium 134 and cesium 137 တွေ ပါနေသတဲ့။

ခေါက်ဆွဲအရောင် ဝါလာအောင်၊ ဝါးလို့ကောင်းအောင် Potassium carbonate (ပိုတက်စီယမ်-ကာဗွန်နိတ်) ကို ထည့်တယ်။ အာဟာရတန်ဘိုး မရှိပါ။

ကျွန်တော်ကိုယ်တိုင်လဲ နိုင်ငံရေးလုပ်ရင်း ဟိုနိုင်ငံ၊ သည်နိုင်ငံတွေ ခရီးထွက်ရတော့ စီစဉ်သူတွေက ခရီးစရိတ်နဲ့ တည်းခိုတာဘဲ စီစဉ်ပေးတဲ့အခါဆိုရင် ဟော်တယ်မှာတည်းပြီး ခေါက်ဆွဲထုပ်ဘဲ အားပေးရပါတယ်။

ဒေါက်တာတင့်ဆွေ
ကိုရီးယား ခေါက်ဆွဲခြောက်ထုပ် များနှင့် ဓါတု အညစ်အကြေးများ





ဇွန်လ (၁၁)ရက် ကွာလာလမ်ပူ ။ ။ စားသုံးသူများမှ နံမည်ကြီး ကိုရီးယား ခေါက်ဆွဲခြောက် (Shin Ramen) ကို ဝယ်ယူစားသုံးခြင်း မပြုကြရန် စားသုံးသူများအကြား တိုက်တွန်း နှိုးဆော်မှုများ ရှိလာသည့်အတွက် ကျန်းမာရေး ဝန်ကြီးဌါနမှ စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည်။

၎င်းခေါက်ဆွဲခြောက်များကို စစ်ဆေးမှုများ ပြုလုပ်ဖို့ ကြပ်မတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကင်ဆာရောဂါ ဖြစ်စေနိုင်သော ပလပ်စတစ်နှင့် ဓါတ်သုံးမျိုး (2-ethylheyl) (DEHP) (DINP) ပါရှိနိုင်ကြောင်းကို သင်္ကာမကင်း ဖြစ်ရခြင်းကြောင့် "စမ်းသပ် စစ်ဆေးမှုများမှ ဓါတုဗေဒပစ္စည်းများ ကင်းစင်ကြောင်း အတည်ပြုချက်မပေးခင် အချိန်အထိ အဆိုပါ ခေါက်ဆွဲခြောက်များကို စားသုံးခြင်း မပြုကြရန် အသိပေးချင်ပါတယ်" ဟု ကျန်းမာရေးဝန်ကြီး ဒါတွတ် ဆရီ လျောင်တန်းလိုင် မှ ပြောကြားခဲ့ပါသည်။

ကိုးရီးယား ခေါက်ဆွဲခြောက် (Shin Ramyun) ကိုလည်း ၎င်းကုမ္မဏီမှ ထုတ်လုပ်လျှက် ရှိသောကြောင့် ဝန်ကြီးမှ စီမံ ခန့်ခွဲ စမ်းသပ်ခြင်းများ ပြုလုပ်လျှက်ရှိပါသည်။

တိုင်ဝမ်နိုင်ငံ စားသောက်ကုန်များ ကိုလည်း မလေးရှားစားသောက်ကုန် သတင်းအချက်အလက် (FoSIM)မှ အဆင့် (၄) သတ်မှတ်မှု ပြုလုပ်ထားပြီး ဓါတုဗေဒ ကင်းစင်မှုရှိမရှိ စစ်ဆေးခဲ့ပြီး ဈေးကွက်တွင်းသို့ ဖြန့်ချိခွင့်ပေးကြောင်း ထပ်မံ ပြောကြားသွားသည်။နိုင်ငံတကာ စားသောက် သွင်းကုန်များကို အဆင့် ခြောက်ဆင့် ခွဲခြား သတ်မှတ်ထားပြီး အဆင့် (၄) ရှိ စာသောက်ကုန် အားလုံးကို စစ်ဆေးမှု အောင်မြင်သည့် စားသောက်ကုန်များ အဖြစ် သတ်မှတ်ကြောင်းနှင့် အဆင့် (၁) သတ်မှတ် ခံရသော ကုန်ပစ္စည်းများမှာ ပြည်တွင်းသို့ ဝင်ရောက်လာသည့် စစ်ဆေးမှု မပြုလုပ်ရသေးသော ကုန်ပစ္စည်းများ ဖြစ်ကြပြီး အဆင့် (၂) နှင့် (၃) မှာ သင်္ကာမကင်းဖြစ်ဖွယ် ကုန်ပစ္စည်းများကို စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အဆင့် (၅) မှာ စစ်ဆေးပြီး ဈေးကွက်တွင်းသို့ မရောက်ရှိသေးသော ကုန်ပစ္စည်းများ ဖြစ်ကြောင်း၊ အဆင့်(၆) သတ်မှတ်ထားသော ကုန်ပစ္စည်းများမှာ ပြည်တွင်းသို့ သွင်းကုန်အဖြစ် ယူဆောင်ခွင့် ပိတ်ပင်ခံထားရသော စားသောက်ကုန်များ ဖြစ်ကြောင်း သိရှိရပါသည်။


Ref:လမ်းသစ်ဂျာနယ်

ထပ်ဆင့်မျှဝေသည်။မိတ်ဆွေလည်း  ဤပို့စ်ဖတ်ပြီးပါက သူငယ်ချင်းများအား မျှဝေခြင့်ဖြင့် ကူညီနိုင်ကြပါစေ။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။