MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 29, 2012

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲ၍ ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး၏ ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားမှုအရ သိရသည်။ ထို့ပြင် ဒီမိုကရေစီရေး၊ တိုင်းရင်းသား တန်းတူညီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ စသည်တို့ကိုလည်း တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများနှင့် KNU အဖွဲ့တို့ လက်တွဲပူးပေါင်း
 ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သည်။ KNU အဖွဲ့၏တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက ''ငြိမ်းချမ်းရေးကိစ္စမှာ KNU အဖွဲ့နှင့် မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး ကိစ္စအား ပိုမိုခိုင်မာစေရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်
ကျန်ရှိနေသေးကြောင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား တပ်ပေါင်းစုများနဲ့ ဒီမိုကရေစီ
အင်အားစုများ ပါဝင်နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း'' ပြောကြားခဲ့သည်ဟုသိရသည်။

KNU အဖွဲ့နှင့် အစိုးရအဖွဲ့တို့အကြား လက်ရှိအပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်မှုများ ပြုလုပ်၍ နိုင်ငံရေးဆွေးနွေးမှုအဆင့်သို့ ရောက်ရှိစေရေး အမြန်ဆုံးအကောင်အထည်ဖော်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများ စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်ဆဲနိုင်ရေးကို အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်သည်ဟု KNU အဖွဲ့၏ သဘောထားကို ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေးနှင့် အမျိုးသားရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများပါဝင်မှု ပိုမိုအားကောင်းလာရေးကို ပံပိုးဆောင်ရွက်သွားရန် အမျိုးသားစည်းလုံးညီညွတ်ရေး၊ အုပ်ချုပ်ရေးနှင့် တည်ဆောက်ရေး စသည်တို့နှင့်ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း KNU အဖွဲ့၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

KNU အဖွဲ့၏ ၁၅ ကြိမ်မြောက် ညီလာခံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံခရိုင် တပ်မဟာ (၇) KNU နယ်မြေတွင် တစ်လအကြာ ပြုလုပ်ခဲ့သည်။

အဆိုပါ ညီလာခံသို့ ကိုယ်စားလှယ် ၁၇၁ ဦးနှင့် လေ့လာသူ ၇၄ ဦး ပေါင်း ၂၄၅ ဦး တက်ရောက်ခဲ့ပြီး ညီလာခံ၌ ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ် ၁၁ ဦးအား ရွေးချယ်ခဲ့သည်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်များမှာ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး (ဥက္ကဋ္ဌ)၊ ပဒိုနော်စီဖိုးရာစိန် (ဒုဥက္ကဋ္ဌ)၊ ပဒိုစောကွယ်ထူးဝင်း (အတွင်းရေးမှူးချုပ်)၊ ပဒိုစောသောသီဘွဲ (တွဲဖက်အတွင်းရေးမှူး - ၁)၊ ပဒိုမန်းမန်း (တွဲဖက်အတွင်းရေးမှူး-၂) တို့ဖြစ်ကြပြီး ကော်မတီအဖွဲ့ဝင်များအဖြစ် ပဒိုစောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောသမိန်ထွန်း၊ ပဒိုစောတာဒိုမူး၊ ဗိုလ်မှူးချုပ် စောဂျော်နီနှင့် ဗိုလ်မှူးချုပ် စောဘောကျော်ဟဲတို့ဖြစ်ကြောင်း သိရသည်။

၁၅ ကြိမ်မြောက် ညီလာခံတွင် KNU အဖွဲ့၏ လေးနှစ်တာကာလ လုပ်ငန်းအစီရင်ခံစာနှင့် နိုင်ငံရေးအစီရင်ခံစာများကို တင်သွင်းခြင်း၊ သုံးသပ်ခြင်း၊ အတည်ပြုခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခြေခံလုပ်ငန်းစဉ်နှင့် နိုင်ငံရေးလမ်းစဉ်များ ပြန်လည်စိစစ်သုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ၁၄ ကြိမ်မြောက် ညီလာခံကို ၂၀၀၈ ခုနှစ် အောက်တိုဘာလက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၅) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။