MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

မြန်မာ MK ကုမ္ပဏီအုပ်စုနှင့် ထိုင်း TSL အကျိုးတူပူးပေါင်းပြီး ဇိမ်ခံကား အရောင်းပြခန်းနှင့် ပြုပြင်ရေးစင်တာ ဖွင့်မည်

ha-12-12-11
ထိုင်းနိုင်ငံရှိ TSL ဇိမ်ခံကားအရောင်းပြခန်းတစ်ခုကို တွေ့ရစဉ်

မြန်မာကုမ္ပဏီတစ်ခုဖြစ်သော MK ကုမ္ပဏီများအုပ်စုနှင့် ထိုင်းအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော TSL Auto Corporation တို့သည် မြန်မာနိုင်ငံအတွင်း အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှုရရှိခဲ့ပြီး မော်တော်ယာဉ်အရောင်းပြခန်းနှင့် ပြုပြင်ရေးစင်တာ ဖွင့်လှစ်ရန် လာမည့်ဇန်န၀ါရီလအတွင်း စတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက်သတင်းစာများတွင် ဖော်ပြချက်အရ သတင်းရရှိပါသည်။
အဆိုပါကုမ္ပဏီနှစ်ခုသည် မြန်မာနိုင်ငံတွင် အကျိုးတူဆောင်ရွက်နိုင်ရန် SMRT Myanmar ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ယင်း SMRT ကုမ္ပဏီကို ထိုင်း TSL က ၄၀ ရာခိုင်နှုန်း အစုရှယ်ယာပိုင်ဆိုင်ကာ မြန်မာ MK ကုမ္ပဏီအုပ်စုက ကျန်အစုရှယ်ယာများကို ပိုင်ဆိုင်ကြောင်းနှင့် TSL က ဘတ် ၃၅ သန်း ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် အရောင်းပြခန်းနှင့် ပြုပြင်ရေးစင်တာဖွင့်လှစ်ရန် ၉၀ ရာခိုင်နှုန်း
အသင့်ဖြစ်ပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားပါသည်။
“ကားသစ်၊ ကားဟောင်းဖြန့်ချိပေးတဲ့ လုပ်ငန်းက ရှိပြီးဖြစ်ပေမယ့် ဒီကားပြုပြင်ရေးစင်တာဖွင့်ဖို့ အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်” ဟု TSL အမှုဆောင်အရာရှိချုပ် Sureeporn Udompolpanich က ပြောကြားပါသည်။
SMRT Myanmar မှ မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ဥရောပနိုင်ငံထုတ် မော်တော်ယာဉ်များကို တင်သွင်းရောင်းချပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ကားပြုပြင်ရေးစင်တာကိုလည်း ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်း ဖြစ်ပါသည်။
အဆိုပါလုပ်ငန်းမှ လာမည့်နှစ်နှစ်၊ သုံးနှစ်အတွင်း ကြိုတင်ခွန်တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ရှစ်သိန်းခန့် ပေးဆောင်သွားနိုင်ရန် ရည်မှန်းကြောင်း TSL အမှုဆောင် အရာရှိချုပ်က ပြောကြားခဲ့ပါသည်။ ထို့အတူ အကျိုးတူပူးပေါင်းမှု ၃၅ ရာခိုင်နှုန်းကျော်လွန်မှုကြောင့် ကားပြုပြင်ရေးစင်တာအတွက် လိုအပ်သည့် စက်ပစ္စည်းအသုံးဆောင်များ တင်သွင်းမှုအတွက် ရှစ်နှစ်ကြာ အခွန်ကင်းလွတ်ခွင့် ရရှိခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရလည်း သိရပါသည်။
TSL ထိုင်းနိုင်ငံ၏ ဇိမ်ခံကား တင်သွင်းဖြန့်ချိသည့် လုပ်ငန်းများတွင် အကြီးဆုံးကုမ္ပဏီဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပြင်ပ၌ ပထမဆုံးမြှုပ်နှံမှု ဖြစ်ပါသည်။ မြန်မာကုမ္ပဏီဖြစ်သော MK ကုမ္ပဏီများအုပ်စုသည်  ဖက်ရှင်အ၀တ်အထည်ဆိုင်များ၊ စားသောက်ကုန်လုပ်ငန်းများနှင့် မော်တော်ယာဉ် အလှဆင်လုပ်ငန်းများကို အဓိကလုပ်ကိုင်နေသည့် သက်တမ်း ၂၀ ၀န်းကျင်ရှိပြီဖြစ်သော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

Eleven News

1 comment:

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။