MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 17, 2012

MTV Exit ရဲ့ ဖျော်ဖြေပွဲ ရန်ကုန်မှာ ကျင်းပ

2012-12-16
လူကုန်ကူးမှုတိုက်ဖျက်ရေးကို အဓိကထား ဆောင်ရွက်နေတဲ့ MTV Exit နဲ့အခြားသော မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းစီစဉ်တဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေက ရန်ကုန်မြို့၊ဒဂုံမြို့နယ်က ပြည်သူ့ရင်ပြင်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
Photo:RFA/YGN
ပြည်လမ်းရှိ ပြည်သူ့ ရင်ပြင်တွင် ကျင်းပသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဖျော်ဖြေပွဲတွင် ကမ္ဘာကျော် ဂရမ်မီဆုရှင် အဆိုတော် Jason Marz ဖျော်ဖြေနေစဉ်။
ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ဖျော်ဖြေပွဲမှာ ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးကိစ္စကို တားဆီးကာကွယ်တဲ့နေရာမှာ  ပြည်သူလူထုကလည်း
ပူးပေါင်းပါဝင်စေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး၊မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်က လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးကိစ္စကို အမေရိကန် နိုင်ငံက အစဉ်အမြဲ အကူအညီပေးနေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဖျော်ဖြေပွဲကို နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ ဂရမ်မီဆုရှင် Jason Mraz၊ ထိုင်းနိုင်ငံက နာမည်ကျော် တေးဂီးတအဖွဲ့ဖြစ်တဲ့ Slot Machine၊MTVExit ရဲ့ သံတမန်တွေ ဖြစ်ကြတဲ့ အဆိုတော် Rဇာနည်နဲ့ ဖြူဖြူကျော်သိန်း၊သြစတေးလျ အခြေစိုက် Walk Free အဖွဲ့ရဲ့ သံတမန် အဆိုတော် ဖြိုးကြီးတို့ အပြင် အဆိုတော် လင်းလင်း၊စိုင်းစိုင်းခမ်းလှိုင်နဲ့ချစ်သုဝေတို့ကလည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
MTV Exit ရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဖျော်ဖြေပွဲကို ရန်ကုန်မြို့ခံ ငါးသောင်းကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။