MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, December 9, 2012

NLD ပါတီတွင် ပြုလုပ်သော (၉၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် အညတရသူရဲကောင်းဆုများ ပေးအပ်

တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ (ဒီဇင်ဘာလ ၈ ရက်) နေ့တွင် ကျရောက်သော (၉၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပွဲကို မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဋ္ဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ငါး ဦးကို အညတရသူရဲကောင်းဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အညတရသူရဲကောင်းဆုကို ပေးခြင်းမှာ ယခုအကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်ပြီး ယင်းဆုကို ဂျပန်ရောက် မြန်မာကျောင်းသားများနှင့် အလုပ်သွားရောက် လုပ်ကိုင်နေသူများက ပေးခြင်းဖြစ်ကာ တစ်ဦးလျင် ကျပ် ဆယ်သိန်းဝန်းကျင် ပေးအပ်ကြောင်း သိရသည်။
ဆုရွေးချယ်ခြင်းနှင့် ပတ်သက်၍ '' အဓိက ကတော့ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို စောင့်ရှောက်ဖို့ ၀ိုင်းလုပ်ကြတာပါပဲ။ ကျွန်တော့် ဖောင်ဒေးရှင်းကလည်း ၂ လတစ်ကြိမ်လောက် တတ်နိုင်သလောက် ထောက်ပံ့နေတာပဲလေ။ ကျွန်တော်တို့ကတော့ ဆုလက်ခံနိုင်တဲ့သူတွေကို ၀ိုင်းရွေးပေးကြတာပါပဲ။ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့၊NLD ထောက်ကူအဖွဲ့၊ မဖြူဖြူသင်းတို့ အဖွဲ့ စသဖြင့် ၀ိုင်းရွေးကြတယ်။ နောက်ဆုံး ဆုံးဖြတ်တာကတော့ အလှူရှင်တွေပေါ့။

နိုင်ငံရေးအကျဉ်းသားဖြစ်ရမယ်။ လူမသိ သူမသိနဲ့ ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေလာခဲ့တဲ့သူတွေကို ဦးစားပေးရွေးချယ်ပါတယ်'' ဟု NLD ပါတီ၏ နာယက ဦးဝင်းတင်က ပြောပါ သည်။

အညတရသူရဲကောင်းဆု ချီးမြှင့်ခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားဟောင်းများမှာ ဦးစိုးမြင့်၊ ဦးအောင်သီဟ၊ ဦးနိုင်စိုး၊ ဦးသန်းထိုက်အောင်နှင့် မဖြူ (ခ) မချောစုလှိုင် တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့တွင် NLD ပါတီ နာယကတစ်ဦးဖြစ်သူ ဦးတင်ဦးက အမျိုးသားနေ့နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။စာပေဟောပြောပွဲလည်း ပြုလုပ်ခဲ့ပြီး ဆရာမောင်မိုးသူ၊ ဆရာဖျာပုံနီလုံဦးနှင့် ဆရာမောင်ကိုလေး (အင်းဝဂုဏ်ရည်) တို့က အမျိုးသားနေ့ဆိုင်ရာ အကြောင်းအရာများနှင့် မြန်မာ့နိုင်ငံရေး အခြေအနေများကို ဟောပြောခဲ့ကြသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။