MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, December 30, 2012

NLD ရဲ့ ပညာရေးကွန်ယက်ဖျော်ဖြေပွဲကနေ အလှုငွေ ၂၆၅၄ သိန်းကျော်ရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ နှစ်ရက်ကြာကျင်းပခဲ့တဲ့ အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေရှာဖွေရေး ဈေးရောင်းပွဲနဲ့ ဂီတပွဲတော်ကနေ အလှူငွေစုစုပေါင်း ငွေကျပ်သိန်း ၂၆၅၄ သိန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
Photo:RFA/Myo Zaw Ko
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေရှာဖွေရေး ဈေးရောင်းပွဲနဲ့ ဂီတပွဲတော် နောက်ဆုံးရက်က လူရွှင်တော် မေတ္တာနှင့်အဖွဲ့ ဖျော်ဖြေနေကြစဉ်။
ဒီရန်ပုံငွေရှာဖွေပွဲမှာ ရရှိလာတဲ့ ရန်ပုံငွေတွေကို ပြည်သူလူထုအတွက် ပွင့်လင်းမြင်သာမှုရှိပြီး သိသာထင်ရှားမှုရှိအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပညာရေးကွန်ရက်ရဲ့ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်တဲ့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက RFA ကို ပြောပါတယ်။
မြန်မာပြည်ပညာရေးအဆင့် မြင့်မားဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ ပညာရေးကွန်ရက်ရဲ့ ဈေးရောင်းပွဲနဲ့ ဂီတပွဲတော်မှာ လွန်ခဲ့တဲ့နှစ် ၂၀ကျော်တုန်းက ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ထိုးထားတဲ့
ဆွယ်တာနှစ်ထည်ကို လေလံတင်ခဲ့ရာ ရွှေ FM ရေဒီယို ဥက္ကဋ္ဌနဲ့ အမည်မဖော်လိုသူတစ်ဦးတို့က ကျပ်ငွေ ၄၁၅ သိန်းနဲ့တစ်ထည် ကျပ်ငွေသိန်း ၆၃၀နဲ့တစ်ထည် ဝယ်ယူသွားခဲ့ပါတယ်။
ပညာရေး ကွန်ရက်ရဲ့(၂)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ နှစ်ရက်ကြာကျင်းပခဲ့တဲ့ အခမဲ့ ပညာဒါနကျောင်းတွေအတွက် ရန်ပုံငွေ ရှာဖွေပွဲမှာ ရရှိခဲ့တဲ့ အလှူငွေကျပ်သိန်းပေါင်း ၂၆၅၄ သိန်းအပြင် ဖုန်းနဲ့ဆက်သွယ်လှူဒါန်းထားတဲ့ အလှူငွေတွေ ထပ်မံရောက်ရှိလာရင်လည်း ပြည်သူအများသိအောင် ထုတ်ပြန်ကြေညာပေးမှာဖြစ်တယ်လို့ သိရပါတယ်။

RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။