MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 12, 2012

ကမ္ဘာ့စာကြည့်တိုက်များအား ၀န်ဆောင်မှုပေးနေသော OCLC အွန်လိုင်းကွန်ပျူတာ စာကြည့်တိုက်စင်တာ၌ မြန်မာစာကြည့်တိုက်များ ပါဝင်ရန် ဆွေးနွေး

124
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ကို တွေ့မြင်ရစဉ်

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၇၀ ကျော်မှ စာကြည့်တိုက်ပေါင်း ၇၂၀၀၀ ကျော်ကို ၀န်ဆောင်မှုပေးနေသော ကမ္ဘာ့အကြီးဆုံး သုတေသနနှင့် စာကြည့်တိုက် ၀န်ဆောင်မှုအဖွဲ့ဖြစ်သည့် OCLC (Online Computer Library Center) အနေဖြင့် မြန်မာနိုင်ငံရှိ စာကြည့်တိုက်များ ပါဝင်နိုင်ရန် ဒီဇင်ဘာလဆန်းပိုင်းက လာရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
“ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ် အသီးသီးရဲ့စာကြည့်တိုက်တွေအနေနဲ့ သီးခြားစီ ဖြစ်နေတဲ့အခါ လိုချင်တဲ့ စာအုပ်တွေကို လိုက်ရှာတဲ့အခါမှာ ကတ်တလောက်တွေကို တစ်ခုပြီးတစ်ခု လိုက်ကြည့်နေရပြီး အချိန်ကုန် လူပန်းဖြစ်တတ်ပါတယ်။ တက္ကသိုလ်တွေ အနေနဲ့ စာအုပ်တွေ ၀ယ်တဲ့အခါမှာလည်း စာအုပ်တစ်မျိုးတည်းကိုပဲ ထပ်ခါဝယ်ရတဲ့အတွက် ကုန်ကျစရိတ်တွေ ပိုများတာမျိုးနဲ့ ကြုံရနိုင်တယ်။ စာအုပ်တွေအတွက် ကုန်ကျစရိတ် သာမက စာအုပ်ကတ်တလောက်တွေ စီရတာကလည်း အလုပ်တစ်ခု ဖြစ်ပါတယ်။ OCLC အနေနဲ့က စာအုပ်စာတမ်းတွေကို အလွယ်တကူ ဖလှယ်နိုင်ဖို့၊
စာကြည့်တိုက် အသီးသီးမှာ ရှိနေတဲ့ စာအုပ်တွေကို အလွယ်တကူ ရှာဖွေနိုင်ဖို့ ၀န်ဆောင်မှု ပေးပါတယ်။ လောလောဆယ် ဒီမှာအကြီးဆုံးဖြစ်တဲ့ စာကြည့်တိုက်ကြီးနှစ်ခုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး တကယ်တော့ မြို့နယ်စာကြည့်တိုက်တွေကအစ ပါဝင်စေချင်တာပါ” ဟု OCLC ၏ Regional Distributor ဖြစ်သော InyaLand ကုမ္ပဏီမှ CEO ဖြစ်သူ ဦးအောင်ဇေယျာလွင်က ဆိုပါသည်။
OCLC ကို ၁၉၆၇ ခုနှစ်က အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ်ရှိ ဒပ်ဗလင်မြို့တွင် စတင်တည်ထောင်ခဲ့သည်။ အစပထမတွင် ယင်းပြည်နယ်ရှိ တက္ကသိုလ် စာကြည့်တိုက်များတွင် စတင်ပြုလုပ်ခဲ့ပြီး နောက်ပိုင်း အခြားပြည်နယ်များ၊ ထိုမှတစ်ဆင့် အခြားနိုင်ငံများသို့ ပျံ့နှံ့ပါဝင်လာကြောင်း သိရသည်။ လက်ရှိတွင် OCLC ၌ စာအုပ်စာတမ်းပေါင်း ၁ ဒသမ ၉ ဘီလျံခန့် စုစည်းထားနိုင်ကြောင်း သိရသည်။ OCLC တွင် အာရှပစိဖိတ်ဒေသရှိ စာကြည့်တိုက်ပေါင်း ၆၀၀၀ ကျော် ပါဝင်လျက်ရှိကြောင်း သိရသည်။
OCLC မှာ အကျိုးအမြတ် မယူသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ယင်း၏ ၀န်ဆောင်မှုများကြောင့် ပြည်တွင်းရှိ စာကြည့်တိုက်အချင်းချင်း အပြန်အလှန် ချိတ်ဆက်နိုင်ခြင်း၊ စာအုပ်များကို အလွယ်တကူ ရှာဖွေနိုင်ခြင်း၊ စာကြည့်တိုက်၏ တည်နေရာနှင့် ဖွင့်ချိန် ပိတ်ချိန်တို့ကို သိရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိနိုင်ကြောင်း သိရသည်။


Eleven News
 


No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။