MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲများ၌ ပြည်သူလူထုများ ပါဝင်ဆွေးနွေးနိုင်ပြီး သဘောတူညီချက်များ ရရှိနိုင်ရေးအတွက် RCSS/SSA မှ ပြည်သူများအား စည်းရုံးတိုက်တွန်းမည်

နိုင်ငံတော်အစိုးရနှင့် လာမည့် ၂၀၁၃ ခုနှစ် နိုင်ငံရေးဆွေးနွေးပွဲများ၌ ပြည်သူလူထုများ ပါဝင်ဆွေးနွေးနိုင်ပြီး သဘောတူညီချက်များ ရရှိနိုင်ရေးအတွက် RCSS/SSA (ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ) ၏ အပစ်အခတ်ရပ်စဲမှု တစ်နှစ်ပြည့်ခြင်းအား သဘောထားကြေညာချက် ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။RCSS/SSA အနေဖြင့် အပစ်အခတ်ရပ်စဲခြင်းအား ပြန်လည်သုံးသပ်ကြည့်ပါက ကောင်းကျိုးနှင့် ဆိုးကျိုးနှစ်မျိုးစလုံးကို တွေ့ရှိရမည်ဖြစ်ကြောင်းနှင့် အနာဂတ်နိုင်ငံရေး ရည်မှန်းချက်ငါးချက်အား ချမှတ်ထားကြောင်း ယင်းကြေညာချက်အရ သိရသည်။
အဖွဲ့အစည်းအားလုံးနှင့် မိမိတို့တွေ့ဆုံဆွေးနွေးနိုင်ခြင်း၊ ပြဿနာရှိပါက

ဆွေးနွေးခြင်းနည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြင်း၊ အစိုးရအထင်အမြင်မှားမည်ကို စိုးကြောက်ရွံ့ခြင်းမရှိဘဲ ဒေသအနှံ့ ပြည်သူလူထုများနှင့် တွေ့ဆုံနိုင်ခြင်း၊ နှစ်ပေါင်းများစွာတည်ရှိလာခဲ့သည့် နိုင်ငံရေးပြဿနာများနှင့် တိုက်ပွဲဖြစ်ပွားခြင်းများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြေလည်သွားအောင် ပူးပေါင်းကြိုးစားပြီး အဖြေရှာနိုင်ခြင်း၊ သဘောတူညီချက်များ ရရှိရေးနှင့် တိုင်းပြည်ကောင်းစားရေးအတွက် ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် တွေဆုံဆွေးနွေးနိုင်ခြင်း စသည်တို့ဖြစ်ကြောင်း၊ ထို့ကြောင့် အပစ်အခတ်ရပ်စဲခြင်းအား ပြည်သူလူထုများက ၀မ်းပန်းတသာရှိကြပါကြောင်း စသည်ဖြင့် ကောင်းကျိုးများအား ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင်ဆိုးကျိုးမှာ အပစ်အခတ်ရပ်စဲပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သဖြင့် ပြည်သူလူထုများမှ ဇဝေဇ၀ါဖြစ်၍ စိုးရိမ်ကြောင့်ကြမှုဖြစ်ခြင်း၊ တပ်ဖွဲ့ဝင်များသည်လည်း တစ်ဖက်နှင့်တစ်ဖက် သတိထားပြီး စိတ်ချမှုများမရှိသဖြင့် တိုက်ပွဲကြီးများ ဖြစ်ပွားနိုင်ခြင်းတို့ ဖြစ်ကြောင်း၊ တိုက်ပွဲများဖြစ်ပွားပါက ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းခြင်းသည်လည်း ပျက်ပြက်နိုင်ကာ ပြည်သူလူထုများအတွက် ဆိုးကျိုးများသာ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

တိုက်ပွဲများဖြစ်ပွားရခြင်းမှာလည်း အစိုးရတပ်မတော်မှ မိမိတို့ SSA အဖွဲ့ဝင်များအား စတင်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပါကြောင်း၊ မိမိတို့တပ်ဖွဲ့ဝင်များမှာ ငြိမ်းချမ်းရေးပျက်မည်ကို စိုးသဖြင့် မိမိကိုယ်ကို ကာကွယ်ရေးအတွက် ပြန်လည်ခုခံခြင်းသာ ဖြစ်ပါကြောင်း၊ မိမိတို့ဘက်မှ စိတ်ရှည်သည်းခံပြီး လက်တုံ့ပြန်ခြင်း အစီအမံများ လုံးဝမပြုလုပ်ခဲ့ပါကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရခြင်းကိုလည်း သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ စာရေးအကြောင်းကြားအသိပေးခြင်း အမြဲပြုလုပ်ခဲ့ပါကြောင်း သိရသည်။

ငြိမ်းချမ်းရေးကမ်းလှမ်းခြင်းများကို အစိုးရမှစတင်ပြုလုပ်သည့်အတွက် အစိုးရမှ တော်လှန်ရေးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် စိတ်ရှည်သည်းခံခွင့်လွှတ်ခြင်းများ ပြုလုပ်ရမည်ဖြစ်သော်လည်း ထိုကဲ့သို့ဖြစ်ပေါ်လာခြင်း မရှိခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်ကသာ အစိုးရအပေါ် စိတ်ရှည်သည်းခံမှုများ ထားရှိခဲ့ကြောင်း သိရသည်။

RCSS/SSA အနေဖြင့် ချမှတ်ထားသော အနာဂတ်နိုင်ငံရေး ရည်မှန်းချက်များမှာ ပြည်သူလူထု၊ အခြားအဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံဆွေးနွေးပြီး ညီညွှတ်ရေးအတွက် လုပ်ဆောင်သွားရန်၊ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ရှမ်းပြည်ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်သွားရန်၊ ပြည်သူလူထုများအား ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို နားလည်စေရေးအတွက် တိုက်တွန်းဆောင်ရွက်သွားရန်နှင့် တိုင်းပြည်ကိုဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ရန်၊ မူးယစ်ဆေးဝါးများကို အမြစ်ပြတ်ချေမှုန်းတိုက်ဖျက်ရန်၊ အမိရှမ်းပြည် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းရန်နှင့် စစ်ရေးနည်းကို နောက်ဆုံးကျပ်တည်းသည့် မလွှဲမရှောင်အဆင့်တွင်မှသာ အသုံးပြုရန်တို့ ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့ တက်လာပြီးနောက် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းလာမှုအား ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ် ဦးဆောင်သော RCSS/SSA ကလက်ခံကြိုဆိုခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် RCSS/SSA တို့မှ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျိုင်းတုံမြို့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တွင် ထပ်မံပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စ RCSS/SSA အဖွဲ့ဝင်များနှင့် မိသားစုဝင်များ ကိစ္စ၊ ယဉ်ကျေးမှု ဓလေ့ထုံစံများနှင့် ပရဟိတအဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များ၊ သတင်းနှင့် စာနယ်ဇင်းဌာန ထူထောင်ခွင့်၊ အကျဉ်းကျခံနေရသည့် RCSS/SSA အဖွဲ့ဝင်များကိစ္စနှင့် မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးရေးကိစ္စ စသည်ဖြင့် သဘောတူညီချက် ၁၂ ချက်ကိုလည်း လက်မှတ်ရေးထိုးထားပါသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။