MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 18, 2012

 လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ပြုလုပ်သည့် ဖျော်ဖြေပွဲတွင် ဂရမ်မီဆုရှင် ဂျေဆင်မရက်ဇ်နှင့် ထိုင်းနိုင်ငံမှ Slot Machine အဖွဲ့တို့ လာရောက်ဖျော်ဖြေရာ ပရိသတ်ငါးသောင်းကျော် လာရောက်ခဲ့

1611
လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် MTV Exit မှ စီစဉ်သည့် ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ အခမဲ့ပြုလုပ်ခဲ့ရာ ဂရမ်မီဆုရှင် ဂျေဆင်မရက်ဇ်နှင့် ထိုင်းနိုင်ငံမှ Slot Machine အဖွဲ့တို့ လာရောက်ဖျော်ဖြေရာ ပရိသတ်ငါးသောင်းကျော် လာရောက်ကြည့်ရှု အားပေးခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲတွင် နိုင်ငံတကာ အနုပညာရှင်များနှင့်အတူ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အဆိုတော် ဖြူဖြူကျော်သိန်း၊ R ဇာနည်တို့နှင့်အတူ ချမ်းချမ်း၊ ချစ်သုဝေ၊ လင်းလင်း၊ ဖြိုးကြီးတို့ကလည်း ပါဝင်သီဆို ဖျော်ဖြေပေးခဲ့သည်။ လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးအတွက် ပြုလုပ်ခဲ့သည့် အဆိုပါဖျော်ဖြေပွဲသို့ လာရောက်ဖျော်ဖြေခဲ့သည့် ဂရမ်မီဆုရှင် ဂျေဆင်မရက်ဇ်က ''ကျွန်တော့်အနေနဲ့ လူကုန်ကူးခံနေရတဲ့ သူတွေအတွက်၊ နောက်ထပ်
လူကုန်ကူးမှု ခံနိုင်ချေရှိတဲ့ သူတွေအတွက် အသိပညာပေးရအောင် ဒီနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။ ဒီညရဲ့ အတွေ့အကြုံကတော့ ကျွန်တော့်ဘ၀အတွက် မမေ့နိုင်အောင်ပါပဲ။ ဒီဖျော်ဖြေပွဲကတစ်ဆင့် လူပေါင်းများစွာကို ပညာပေးနိုင်မယ်။ ဒီဖျော်ဖြေပွဲကို အာရှနိုင်ငံပေါင်း များစွာကို ထုတ်လွှင့်ပြသတဲ့အခါ ဒီအသိပညာတွေကို လက်ဆင့်ကမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်'' ဟု ဖျော်ဖြေပွဲနှင့် ပတ်သက်၍ အမှတ်တရစကား ပြောကြားပေးခဲ့သည်။
အဆိုပါ ဖျော်ဖြေပွဲတွင် ဂရမ်မီဆုရှင် ဂျေဆင်မရက်ဇ်က တစ်နာရီနီးပါးခန့် ဖျော်ဖြေခဲ့ပြီး ၎င်း၏ ကိုယ်ပိုင်တီးဝိုင်း၊ နောက်ခံတေးဂီတ သီဆိုသူများနှင့်အတူ တွဲဖက်ကာ ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ထိုင်းနိုင်ငံမှ နာမည်ကျော် ရော့ခ်တေးဂီတ၀ိုင်းဖြစ်သည့် Slot Machine တီးဝိုင်းမှလည်း ၎င်းတို့၏ ကိုယ်ပိုင်တီးဝိုင်းနှင့်အတူ တေးသီချင်းများကို သီဆိုဖျော်ဖြေပေးခဲ့သည်။ ဖျော်ဖြေပွဲတွင် မြန်မာအနုပညာရှင်များကလည်း တေးသီချင်းများ သီဆိုဖျော်ဖြေရုံသာ မကဘဲ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး အချက်အလက်များ ပြောကြားပေးခဲ့သည်။ ထို့အပြင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မှတ်တမ်းဇာတ်ကားများ၊ အသိပညာပေး မှုများကိုလည်း ဖျော်ဖြေပွဲတွင် ထည့်သွင်းပြုလုပ်ခဲ့ကာ ည ၁၀ နာရီခွဲ ၀န်းကျင်တွင် ဖျော်ဖြေပွဲအား အဆုံးသတ်ခဲ့သည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။