MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 22, 2012

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး အာမခံကုမ္ပဏီဖြစ်သော Sompo Japan Insurance Inc. မှ မြန်မာနိုင်ငံတွင် မော်တော်ကား၊ မီး၊ ပုဂ္ဂိုလ်ရေး မတော်တဆမှုနှင့် ရေကြောင်းအာမခံလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားနေ

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး အာမခံကုမ္ပဏီဖြစ်သည့် Sompo Japan Insurance Inc. မှ မြန်မာနိုင်ငံတွင် မော်တော်ကား၊ မီး၊ ပုဂ္ဂိုလ်ရေး မတော်မဆမှု (Presonal Accident) နှင့် ရေကြောင်းအာမခံလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားနေကြောင်း အဆိုပါကုမ္ပဏီ၏ မြန်မာပြည်ကိုယ်စာလှယ် ရုံးခွဲမှ General Manager Mr.Keiji Okada ၏ ပြောကြားချက်အရ သိရှိရသည်။အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံးခွဲကို ၁၉၉၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုလက်ရှိ၌ ပြည်ပမှ အာမခံလုပ်ငန်းများကို လုပ်ကိုင်ခွင့် မပေးသေးသောကြောင့် မြန်မာ့အာမခံလုပ်ငန်းထံမှတစ်ဆင့် အာမခံလုပ်ငန်းကိုသာ လက်ရှိမြန်မာနိုင်ငံအတွင်း၌ လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။ အဆိုပါကုမ္ပဏီမှာ ဂျပန်နိုင်ငံတွင် ပထမကမ္ဘာစစ် မတိုင်မီကတည်းက အာမခံလုပ်ငန်းများကို
လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းကုမ္ပဏီအနေဖြင့် နိုင်ငံတကာတွင် အာမခံလုပ်ငန်းများအနက် အရေးကြီးအာမခံလုပ်ငန်းများဖြစ်သော မော်တော်ကား၊ မီး၊ ပုဂ္ဂိုလ်ရေး မတော်တဆမှုနှင့် ရေကြောင်းအာမခံ စသည်တို့ကို မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ပေးခဲ့ပါက လုပ်ကိုင်ရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ နိုင်ငံတကာမှာ လုပ်နေတဲ့ အရေးကြီးအာမခံတွေဖြစ်တဲ့ မော်တော်ကား၊ မီး၊ Personal Accident နဲ့ ရေးကြောင်းအာမခံတွေကို မြန်မာနိုင်ငံမှာ လုပ်ခွင့်ပေးမယ်ဆိုရင် လုပ်ချင်ပါတယ်။ အခုထိကတော့ မြန်မာနိုင်ငံမှာ ပြည်တွင်းအာမခံ ကုမ္ပဏီတွေကိုပဲ လုပ်ကိုင်ခွင့် ပြုသေးတာပါ။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ ပြည်ပအာမခံ ကုမ္ပဏီတွေကို လုပ်ခွင့်ပေးမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်းအပြည့်ကို partner ကုမ္ပဏီနဲ့ လက်တွဲလုပ်ဖို့လည်း အစီအစဉ်ရှိပါတယ်။ မြန်မာနိုင်ငံမှာက အာမခံဈေးကွက်က လောလောဆယ်မှာ မြန်မာအာမခံလုပ်ငန်း တစ်ခုပဲရှိတယ်။ မြန်မာနိုင်ငံက သဘာဝသယံဇာတတွေလည်း ပေါများတဲ့အတွက် နောက်ပိုင်းအာမခံ ဈေးကွက်က ကြီးလာမယ်လို့ ထင်ပါတယ်” ဟု Japan Insurance Inc. ၏ မြန်မာပြည်ကိုယ်စာလှယ် ရုံးခွဲမှ General Manager Mr.Keiji Okada က ပြောပြခဲ့သည်။
အာဖရိကပစိဖိတ် သဘာဝဘေးအန္တရာယ်များ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရုံးမှုသည် GDP ၏ ၀ ဒသမ ၉ ရာခိုင်နှုန်းခန့် ရှိနေ၍ ယင်းတို့အတွက် အာမခံလုပ်ငန်းမှာ ပို၍အရေးပါလာကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့Traders Hotel တွင် ပြုလုပ်ခဲ့သည့် မြန်မာ့အာမခံလုပ်ငန်းနှင့် ဂျပန်နိုင်ငံရှိ Sompo အာမခံကုမ္ပဏီတို့ ပူးပေါင်းပြုလုပ်သော အာမခံနှင့် အိုင်တီနည်းပညာဆိုင်ရာ ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
ယခုလက်ရှိတွင် မြန်မာ့အာမခံလုပ်ငန်းမှ အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးရန် ကုမ္ပဏီ ၁၂ ခုကို လက်ရှိရွေးချယ်ထားပြီး ယင်းကုမ္ပဏီ ၁၂ ခုတွင် iKBZ၊ Global World၊ GGIP၊ အောင်သစ္စာဦး၊ အောင်မြင့်မိုရ်မင်း စသည့်ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။
လက်ရှိ မြန်မာ့အာမခံလုပ်ငန်းမှ အာမခံပေးသော အမျိုးအစားပေါင်း ၄၆ မျိုးရှိပြီး ယင်းအထဲတွင် မီးအာမခံမှာ ထားရှိမှုအများဆုံး ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က မီးအာမခံထားရှိမှုမှာ ၆၇ ရာခိုင်နှုန်းရှိကာ အသက်အာမခံ ထားရှိမှုမှာမူ ၅ သိန်းခန့်ရှိသည်ဟု သိရသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။