MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 10, 2012

မောင်တောမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများရှိ နေအိမ်များကို UNHCR မှ စတင်တည်ဆောက်

ha-9-12-6
 တည်ဆောက်ပြီးစီးနေသည့် နေအိမ်များကို တွေ့ရစဉ်

UNHCR မှ မောင်တောမြို့ နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများရှိ နေအိမ်များကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်းနှင့် တာဝန်ယူထားသည့် မောရ၀တီကျေးရွာတွင် စတင်တည်ဆောက်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် UNHCR မှ‘ဒီဇင်ဘာလအတွင်းတွင် နေအိမ် ၁၁၁ လုံးကို အပြီးတည်ဆောက်ရန်ရှိကြောင်းနှင့် မောရ၀တီကျေးရွာတွင် စတင်တည်ဆောက်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
UNHCR သည် မောရ၀တီကျေးရွာတွင် နေအိမ်အလုံး ၈၀ ကို တည်ဆောက်ရန် တာဝန်ယူထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နေအိမ် ၁၆လုံးထိ ပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရသည်။
ယင်းအပြင် စည်ပင်သာယာမှ ကိုင်းကြီးကျေးရွာရှိ နေအိမ် ၃၆ လုံးကို စတင်တည်ဆောက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့
အမှုဆောင်အရာရှိ ဦးအောင်သက်ရှည်က ပြောကြားသည်။
ဆောက်လုပ်မှု လျာထားချက်အရ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ နေအိမ် ၂၀၂ လုံး၊UNHCR&INGO တို့က နေအိမ် ၂၂၂ လုံးနှင့် CARE MYANMAR က နေအိမ် ၁၂၈ လုံး စုစုပေါင်း ၅၅၂ လုံးကို တည်ဆောက်ပေးရန် လျာထားခဲ့ကြောင်းလည်း သိရသည်။
ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် မောင်တောမြို့နယ် ဝေသာလီကျေးရွာတွင် နေအိမ်ကိုးလုံး၊ ရွှေရင်အေးကျေးရွာတွင် နေအိမ် ၇၆ လုံး၊ ခရေမြိုင်ကျေးရွာတွင် နေအိမ် ၄၉ လုံး မီးလောင်ဆုံးရှုံးခံခဲ့ရပြီး အဆိုပါကျေးရွာများတွင် နေအိမ်များ ရာနှုန်းပြည့် ပြန်လည်တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သဖြင့် ရွှေရင်အေးကျေးရွာမှ အိမ်ထောင်စု ၈၇ စု၊ လူဦးရေ ၃၂၅ ဦး၊ ခရေမြိုင်ကျေးရွာမှ အိမ်ထောင်စု ၁၀၆ စု၊ လူဦးရေ ၃၁၁ ဦးနှင့် ဝေသာလီကျေးရွာမှ ဒုက္ခသည်များ အမြဲတမ်းနေအိမ်များသို့ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။
သို့ရာတွင် ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး ၆ လကာလသို့ ရောက်ရှိနေပြီဖြစ်သော်လည်း အခြားမီးလောင်ပျက်စီးခဲ့သည့် ကျေးရွာများတွင် နေအိမ်များဆောက်လုပ်ပြီးစီးမှု မရှိသေးသဖြင့် ရွက်ဖျင်တဲများတွင် နေထိုင်နေရသေးကြောင်းလည်း သိရသည်။ CARE MYANMAR က တည်ဆောက်ရန် လျာထားသည့် နေအိမ်များမှာ လက်ရှိအချိန်ထိ တည်ဆောက်မှု မရှိသေးကြောင်းနှင့် ဒေသခံများမှာ နေအိမ်များ အမြန်ဆုံး ဆောက်လုပ်ပေးစေလိုကြောင်းလည်း သိရသည်။
မောင်တောမြို့နယ်တွင် ဇွန်လ ၈ ရက်နေ့က ဘင်္ဂါလီများ အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာ ၁၁ ရွာတွင် အိမ်ထောင်စု  ၅၄၉ စု၊ လူဦးရေ ၂၂၈၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

သားရွှေဦး(ကစ္ဆပ)

Eleven News




No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။