MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 18, 2012

နိုင်ငံတကာသုံး VISA ကတ်အား ပြည်တွင်း၌သုံးစွဲရန် ဘဏ်သုံးဘဏ်နှင့် ချိတ်ဆက်ထားသော်လည်း လက်တလောတွင် သမ၀ါယမလိမိတက်၌ စတင်အသုံးပြုနိုင်









thn-18-12-1
နိုင်ငံတကာသုံး အမေရိကန် အခြေစိုက် VISA ကတ်အား ပြည်တွင်း၌ သုံးစွဲရန် ပြည်တွင်း ဘဏ်သုံးဘဏ်ဖြစ်သော သမ၀ါယလိမိတက်ဘဏ်၊ ကမ္ဘာဇဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်များနှင့် ချိတ်ဆက်ထားသော်လည်း လတ်တလောတွင် သမ၀ါယ မလိမိတက်ဘဏ်၌ စမ်းသပ်ကာလအဖြစ် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
'' VISA ကတ်ကို ဒီဇင်ဘာလ ၁၂ရက်နေ့ကနေ စပြီးသုံးလို့ရပါပြီ။ လက်အချိန်မှာ စမ်းသပ်ကာလဖြစ် လို့ သမ၀ါယလိမိတက်ဘဏ်ရဲ့ ရုံးချုပ်မှာရှိတဲ့ ATM စက်နှစ်လုံးအပြင် လေဆိပ်မှာထားတဲ့ ATM စက်နှစ်လုံး စုစုပေါင်းလေးလုံးမှာ သုံးစွဲလို့ ရပါတယ်။ ၀န်ဆောင်ခအနေနဲ့ဘဏ်က ၅၀၀၀ကျပ် သတ်မှတ်ထားပါတယ်''ဟု သမ၀ါယမလိမိတက် ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ
ဦးဖေမြင့်က ပြောကြားပါသည်။
လက်ရှိအချိန်တွင် VISA ကတ်နှင့် ချိတ်ဆက်ထားသော အခြားဘဏ်များအနေဖြင့် VISA ကတ် အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်ကို သိရကြောင်း၊ သမ၀ါ ယမလိမိတက် ဘဏ်အနေဖြင့် VISA ကတ်အား တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း၊ စက်ပစ္စည်းများ တပ်ဆင် ပြီးစီးသွားပါက သမ၀ါယမလိမိတက် ဘဏ်၏ ATM စက်များတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆက်လက် ပြောကြားပါသည်။
VISA  ကတ်စနစ်ကို ပြည်တွင်း ဘဏ်သုံးဘဏ်အပြင်  ပြည်တွင်းရှိ အခြားဘဏ်များတွင်လည်း အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ VISA ကတ်စနစ်ကို ထမအဆင့်အနေဖြင့် မြန်မာဘဏ်များရှိ ATM (Automatic Teller Machine) စက်များတွင် သုံးစွဲနိုင်ရေး၊ ဒုတိယ အဆင့်အနေဖြင့် ဟိုတယ်ကြီးများ၊ နိုင်ငံခြားသားခရီးသွားများ အများအပြားသွားရောက်သော ထင်ရှားသည့် နေရာဒေသများတွင် သုံးစွဲနိုင်ရေး တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နောင်တွင် Mobile Point of  Sale(MPOS) စနစ်ကို သုံးစွဲနိုင်သည်အထိ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း VISA ကတ်ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
VISA ကတ်ကုမ္ပဏီသည် ကမ္ဘာ လုံးဆိုင်ရာ ငွေပေးချေမှုနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ၀န်းကျင်တွင် သုံးစွဲလျက်ရှိသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားကတ်များဖြစ်သော ဂျပန်အခြေစိုက် JCB၊ တရုတ် ခြေစိုက် CUP နှင့်အမေရိကန်အခြေစိုက် Master ကတ်နှင့် VISA ကတ်များကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။