MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 10, 2012

မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုခကို Volume ဖြင့် ကောက်ခံမည့်ကိစ္စအတွက် နှုန်းထားသစ်အား သုံးစွဲသူများထံ အသိပေးပြီး အများစုလက်ခံမှ အတည်ပြုမည်

thn-9-12-7
နိုဝင်ဘာလ ၃၀ ရက်နေ့က မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုခ ကောက်ခံမှုအပေါ် မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူများ ရှင်းလင်းနေစဉ်

မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို ယခင် Time Based Charging စနစ်မှ Volume Based Charging စနစ်သို့ ပြောင်းလဲကောက်ခံရာတွင် ပြန်လည်ပြင်ဆင်မည့်နှုန်းထားသစ်ကို အများပြည်သူသို့ ကြိုတင်အသိပေးအကြောင်းကြားပြီး အများစု လက်ခံသဘောတူမှသာ အတည်ပြုသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ သတင်းရရှိသည်။
''ဒီဇင်ဘာလလယ်လောက်မှာ မီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့
 ပြင်ဆင်သတ်မှတ်ထားတဲ့ နှုန်းထားသစ်ကို တင်ပြသွားဖို့အစီအ စဉ်ရှိပါတယ်။ အဲဒီနှုန်းထားက အရင်သတ်မှတ်ခဲ့တဲ့ 100 Kb ကို နှစ်ကျပ်ဆိုတဲ့နှုန်းထားထက် လျော့နည်းသွားမှာ
 ဖြစ်ပါတယ်။ လောလောဆယ် အကြမ်းဖျင်း သတ်မှတ်ထားတာက 1Mb ကို ငါးကျပ်၊ ခြောက်ကျပ်နှုန်းလောက် ဖြစ်ဖို့ရှိပါတယ်။ အဲဒီ ပြင်ဆင်သတ်မှတ်မယ့် နှုန်းထားကို ပြည်သူတွေလက်ခံနိုင်ခြင်း ရှိ၊

 မရှိ ကြည့်ပြီးတော့မှ ဆုံးဖြတ်ပြီး သတ်မှတ်သွားမှာပါ။ အဲဒါကြောင့် ဒီနှုန်းထားသစ်က လာမယ့်နှစ် ဇန်န၀ါရီလောက်မှပဲ စတင်ဖို့ ရှိနေပါတယ်''ဟု မြန်မာ့ဆက်သွယ်ရေးမှ  အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ ၈ ရက်နေ့က ပြောကြားခဲ့သည်။
Volumle Based ဖြင့် ပြောင်းလဲကောက်ခံရာတွင် မူလသတ်မှတ်ခဲ့သော နှုန်းထားမှာ 100 Kb လျင် နှစ်ကျပ်ဖြစ်သောကြောင့် 1Mb လျင် ကျပ်၂၀ နှုန်းခန့် ကျသင့်မည်ဖြစ် သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက မိမိတို့၏ ဆောင်ရွက်ချက်များအား ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပြည်သူနှင့် သတင်းမီဒီယာများကို ကြိုတင်အသိပေးထားရန် လိုကြောင်း ဒီဇင်ဘာလဆန်းပိုင်းက ပြောကြားခဲ့သည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။