MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 22, 2012

သမ၀ါယမ လီမိတက်ဘဏ်မှ Western Unoin နှင့် ချိတ်ဆက်၍ ကမ္ဘာနိုင်ငံပေါင်း ၂၀၀ ကျော်သို့ ပြည်ပငွေလွှဲပို့ ၀န်ဆောင်မှုလုပ်ငန်း စတင်လုပ်ဆောင်

သမ၀ါယမ လီမိတက်ဘဏ်မှ အမေရိကန်အခြေစိုက် နိုင်ငံတကာ ငွေလွှဲပို့ ၀န်ဆောင်မှုအဖွဲ့ဖြစ်သော Western Union နှင့် ချိတ်ဆက်၍ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ငွေလွှဲပို့ ၀န်ဆောင်မှုလုပ်ငန်းကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စတင်ဆောင်ရွက်နေကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။“ဒီဇင်ဘာ ၁၄ ရက်နေ့က Western Union နဲ့ လက်မှတ်ရေးထိုးပြီး ပြည်ပငွေလွှဲလုပ်ငန်းကို စတင်ပါပြီ။ မြန်မာနိုင်ငံကို မြန်မြန်ဆန်ဆန်နဲ့
 ငွေလွှဲလို့ရပါပြီ။ ငွေလွှဲနှုန်းပေါ် မူတည်ပြီး ၀န်ဆောင်မှုအနေနဲ့ Western Union က ၇၅ ရာခိုင်နှုန်း၊ သမ၀ါယမ လီမိတက်ဘဏ်က ၂၅ ရာခိုင်နှုန်း အကျိုးအမြတ် ရမှာပါ” ဟု သမ၀ါယမ လီမိတက်ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားပါသည်။Western Union နှင့် ချိတ်ဆက်၍ နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ငွေလွှဲရာပါက အဆိုပါ သက်ဆိုင်ရာ နိုင်ငံ၏ငွေကြေးဖြင့် လွှဲသော်လည်း မြန်မာကျပ်ဖြင့်သာ ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေလဲမှုနှုန်းတွင် မြန်မာကျပ်ငွေ၏ ပေါက်ဈေးအတိုင်း
ထုတ်ယူနိုင်မည်ဖြစ်သည်။
Western Union သည် သမ၀ါယ လီမိတက်ဘဏ်အပြင် ယူနိုက်တက် အမရဘဏ်၊ မြန်မာ့အရှေ့တိုင်း ဘဏ်နှင့်ပါ ချိတ်ဆက်ဆောင်ရွက်လျက် ရှိကြောင်း၊ အမေရိကန်အခြေစိုက် Western Union သည် ၁၈၅၁ ခုနှစ်တွင် ကြေးနန်းကုမ္ပဏီတစ်ခုအဖြစ် စတင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ြ့ပီး၊ လက်ရှိအချိန်တွင် Western Union သည် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံများအပြင် ကမ္ဘာထိပ်တန်း နိုင်ငံများဖြစ်သော အမေရိကန်၊ ဂရိတ်ဗြိတိန်နှင့် အီးယူနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၂၀၀ ကျော်နှင့် ချိတ်ဆက်၍ ငွေလွှဲပို့ ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ အေးဂျင့်ပေါင်း ငါးသိန်းတစ်သောင်းဝန်းကျင်ခန့် ရှိကြောင်း၊ နိုင်ငံတကာ ငွေလွှဲပို့ဝန်ဆောင်မှုအဖွဲ့နှင့် ချိတ်ဆက်ထားသော နိုင်ငံများအားလုံးကို ငွေလွှဲပို့နိုင်ကြောင်း၊ မြောက်ကိုရီးယား၊ ဆိုမာလီ၊ ဆူဒန်နှင့် အီရန်နိုင်ငံတို့မှာ Western Union အဖွဲ့မှ ၀န်ဆောင်မှုပေးထားခြင်းမရှိသော နိုင်ငံများဖြစ်ကြောင်း သိရသည်။ပြည်တွင်းပုဂ္ဂလိက ဘဏ်များသည် ပြည်ပငွေလွှဲအ၀င်လုပ်ငန်း၊ နိုင်ငံခြား ငွေရောင်းဝယ်
 ဖောက်ကားခွင့်နှင့် နိုင်ငံခြားဘဏ်လုပ်ငန်း ၀န်ဆောင်မှု ပြုလုပ်နိုင်ရန် ဂျပန်၊ စင်ကာပူ၊ ထိုင်းတို့ရှိ ဘဏ်များနှင့် အဓိက ချိတ်ဆက်လျက်ရှိပြီး အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ယန်း၊ စင်ကာပူဒေါ်လာ၊ ဘတ် စသည့် နိုင်ငံတကာ ငွေကြေးများဖြင့် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခြင်းနှင့် ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း၊ ကုန်သွယ်ရေးငွေ ပေးချေခြင်း၊ စာရင်းပြောင်းခြင်း၊ ငွေလွှဲခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။