MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

 မြန်မာနိုင်ငံတွင် အလုပ်လုပ်သည့် နိုင်ငံခြားသားများ မှတ်ပုံတင်ပြုလုပ်ရန် လိုအပ်ပြီး နိုင်ငံခြားသား အလုပ်သမားဆိုင်ရာ ဥပဒေအတည်ပြုပြီးပါက Work Permit ထုတ်ပေးမည်

ha-12-12-13

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း လုပ်ငန်းခွင်အတွင်းမှ နိုင်ငံခြားသားအလုပ်သမားများအား နိုဝင်ဘာလအတွင်းက တွေ့ရစဉ်

မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသားအလုပ်သမားများ အနေဖြင့် မှတ်ပုံတင်ခြင်း ပြုလုပ်ရန်လိုအပ်ပြီး နိုင်ငံခြားသား အလုပ်သမားဆိုင်ရာ ဥပဒေအတည်ပြုပြီးပါက နိုင်ငံခြားသား အလုပ်သမားများအတွက် Work Permit ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ သိရှိရသည်။

နိုင်ငံခြားသား အလုပ်သမားများကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ Labour Registration Card ထုတ်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံခြားသားအလုပ်သမား ၇၀ ဦးနှင့် ပဲခူးတိုင်းဒေသကြီးတွင် ၁၈ ဦးထုတ်ပေးပြီးဖြစ်ကြောင်း သိရှိရ . . .

နိုင်ငံခြားသား အလုပ်သမားဆိုင်ရာ ဥပဒေ (မူကြမ်း) ကို အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ရေးဆွဲလျက်ရှိပြီး ယင်းဥပဒေ
(မူကြမ်း) ဆွေးနွေးညှိနှိုင်းခြင်းကိုလည်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုရှေ့နေချုပ်ရုံး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ RUMFCCI၊ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီတို့မှ တာဝန်ရှိသူများနှင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် CMP လုပ်ငန်း လုပ်ကိုင်လျက်ရှိသော စက်ရုံများနှင့် MIC ခွင့်ပြုမိန့်ရှိသော စက်ရုံ၊ အလုပ်ရုံများမှ နိုင်ငံခြားသား အလုပ်သမားများကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ Labour Registration Card ထုတ်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံခြားသား အလုပ်သမား ၇၀ ဦးနှင့် ပဲခူးတိုင်းဒေသကြီးတွင် ၁၈ ဦး ထုတ်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်မည့် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းပြုလုပ်ရန် လိုအပ်ပြီး ရေးဆွဲလျက်ရှိသည့် နိုင်ငံခြားသား အလုပ်သမားဆိုင်ရာ ဥပဒေ (မူကြမ်း) အတည်ပြုပြီးပါက နိုင်ငံခြားသား အလုပ်သမားများအတွက် Work Permit ထုတ်ပေးတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလအထိ CMP လုပ်ငန်းစက်ရုံများ၌ လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားသား အရေအတွက်မှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၃၄၀ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၃၃ ဦးရှိကြောင်း သိရသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂  ရက်နေ့က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၂၅ တွင်လည်း ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသားများသည် နိုင်ငံတော်က ထုတ်ပေးသော အလုပ်လုပ်ခွင့်လက်မှတ်၊  ပြည်တွင်းနေထိုင်ခွင့်လက်မှတ် ရရှိရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြလျှောက်ထားရမည်ဟု ဖော်ပြထားပါသည်။



Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။