MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, January 13, 2012

သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသားများလွတ်ပြီ။


Photo Courtesy of 7Days News Journal

သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို ကြိုဆိုနေကြသူများ။




သမ္မတဦးသိန်းစိန်ရဲ့ ဇန်နဝါရီ ၁၂ ရက် နေ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် အရ ဒီကနေ့ လွတ်မြောက်လာသူတွေ ထဲမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ မနီလာသိန်းနဲ့ ကိုဂျင်မီ စသူတို့ ပါဝင်သလို တိုင်းရင်းသား ခေါင်းဆောင်တွေထဲက ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင်တို့လည်း ပါဝင်ပါတယ်။ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရလည်း လွတ်မြောက်လာပါပြီ။ ဒါ့အပြင် စစ်ထောက်လှမ်းရေးအကြီးအကဲ တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လည်း လွတ်မြောက်လာပါတယ်။

ကိုမင်းကိုနိုင်က… ထောင်ထဲမှာ အနှစ် ၂ဝ နေခဲ့ရသူတစ်ယောက် အနေနဲ့ အကျဉ်းထောင်ထဲကို နောက်တစ်ကြိမ် ပြန်လည်သွားလိုခြင်း မရှိတဲ့အကြောင်း၊ ဒါပေမယ့် ပြည်သူတွေ အကျိုးအတွက်ဆိုရင် နောက်ထပ် အနှစ် ၂ဝ ထပ်မံ အကျဉ်းကျခံဖို့ အဆင်သင့် ရှိနေပါတယ်လို့ သရက်ထောင်က ထွက်လာပြီး အောင်လံမြို့ အရောက်မှာ ပြောဆိုလိုက်ပါတယ်။

ကိုကိုကြီးကလည်း… အကျဉ်းထောင်တွေထဲက ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်တွေနဲ့ တိုင်ပင်ပြီး ရှေ့ဆက်ရမယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောပါတယ်။

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက… သူအပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာ ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ဦးတည်နေတယ်လို့ ယူဆကြောင်း ပြောပါတယ်။

ဒီကနေ့ လွတ်လာတဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကတော့ လက်ရှိအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးမှုတွေကို ကြိုဆိုကြောင်း၊ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကို အာရုံစိုက် ကူညီနေတာဟာ ကောင်းမွန်တဲ့လက္ခဏာ ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း သူကတော့ မြန်မာ့ နိုင်ငံရေးမှာ ပါဝင်တော့မှာ မဟုတ်ကြောင်း ပြောပါတယ်။

မနေ့က ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ၆၅၁ ဦး လွှတ်ပေးမယ်လို့ ဆိုပေမယ့် ဒီကနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက် အတိအကျကို မသိရသေးပါဘူး။ လွတ်မြောက်လာသူတွေရဲ့ ပြောကြားချက်အရ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အကျဉ်းကျနေသူ အများအပြား အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဖြစ်ပါတယ်။

မြင်းခြံထောင်မှ ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်

တောင်ကြီး ထောင်မှ ၁၁ ဦးတွင် ၁၀ ဦးလွှတ်၊ ၁ဦး ကျံန်(ဦးရွှေထူး)

ဘူးသီးတောင်ထောင်မှ ၁၀ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)

သာယာဝတီထောင်မှ ၁၀ဦးတွင် ၁၀ဦးလွှတ်

ဗန်းမော် ထောင်မှ အကုန်လွှတ်

ကျောက်ဖြူထောင်မှ ၉ ဦးလွှတ်

သရက်ထောင်မှ ၉ ဦးလွှတ်၊ ၉ ဦးကျန်

ဖားအံ့ထောင်မှ အားလုံးလွှတ်

(ကျန် ထောင်စာရင်းများကို ဆက်လျက် ဖော်ပြပေးပါမည်)

နာမည်စာရင်းနှုင့်တကွ ဖော်ပြပေးနိုင်ရန် ကြိုးစားနေပါသည်။

လွှတ်မြောက်သူများ အမည် စာရင်း

၁ ကိုမင်းကိုနိုင်
၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)
၃ ဦးကိုကိုကြီး
၎ ဦးခွန်ထွန်းဦး
၅ ကိုဋ္ဌေးကြွယ်
၆ ဘန်ဒိတ်ထွန်း
၇ မမီးမီး
၈ ဦးဂမ္ဘီရ
၉ မနီလာသိန်း
၁၀ ကိုဥာလင်း
၁၁ မသက်သက်အောင်
၁၂ ကိုဇော်ဇော်မင်း
၁၃ ကိုဂျင်မီ
၁၄ ကိုမျိုးအောင်နိုင်
၁၅ ကိုသန်းတင်
၁၆ ကိုလှမျိုးနောင်
၁၇ ကိုသက်ဇော်
၁၈ အံ့ဖွယ်ကျော်
၁၉ ဒေါက်တာ မင်းထွန်း
၂၀ ကိုဇေယျာ
၂၁ ကိုမြအေး
၂၂ ကိုသန်းတင်
၂၃ ကိုသက်ဇော်
၂၄ ကိုပြုံးချို
၂၅ ကိုဇော်သက်ထွေး
၂၆ မန္ဒနာမင်း
၂၇ ဦးညီပု
၂၈ ဦးစိုးင်းညွှန့်လွင်
၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)
၃၀ မင်းဟန်
၃၁ မဟန်နီဦး
၃၂၊ သန်စင်အောင်
၃၃ ၊ကျော်ကျော်နိုင်
၃၄ နန္ဒစစ်အောင်
၃၅ ၊ပြည့်ဖြိုးအောင်
၃၆ ဦးဘမြင့် ဒေါ်မာမာဦး
၃၇ ကိုကျော်စွာဋ္ဌေး
၃၈ ဒေါက်တာဝင့်သူ၊
၃၉ ကရင် စောနေထူး
၄၀စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
၄၁ ဦးစိုင်းလှအောင်
၄၂ ကိုကျော်ဝင်း
၄၃ ကိုသီဟသက်ဇင်
ဆက်လျက်ဖော်ပြပေးပါမည်

ရွှေမြစ်မခ မီဒီယာ

၄၄ ဦးထွန်းညို
၄၅၊ ဦးပြည်ကျော်
၄၆ ဒေါက်တာသက်လွင်
၄၇ ကိုသန်းတင်(ခ)ကိုကြီးသန်း၊
၄၈ ကိုပြည့်ဖြိုးလှိုင်၊
၄၉ ကိုအောင်အောင်ကျော်၊
၅၀ ကိုဇေယျာဦး(ဧရာဝတီ)၊
၅၁ ဦးပုရစ်
၅၂ ၊စည်သူမောင်
၅၃ သန့်စင်မျိုး၊
၅၄ အောင်ဇော်ဦး
၅၅ ၊ကျော်ဝင်းဆန်း
၅၆ ၊မောင်မောင်လတ်
၅၇ ၊ဦးပြည်ကျော်
၅၈ ကို၊ကျော်မင်း
၆၀ စည်သူဇေယျ
၆၁ကျော်ကိုကို
၆၂၊ ကိုမောင်ကံ၊
၆၃ ကိုဇော်မင်းဦး
၆၄ ၊ကိုဇော်ဝင်း
၆၅ ကိုအောင်ကျော်ကျော်
၆၆ ကိုသူ၇စိုး
၆၇ မန်းဇော်ထွေး
၆၈ ကြည်စိုး
၆၉ ဇေယျာအောင်၊
၇၀ ကိုမျိုးမင်းသန်း
၇၁ ၊ဦးဝီရသူ
၇၂ ဒေါက်တာ တင်မင်းထွဋ်
၇၃ ရဲမြတ်ဟိန်း
၇၄ မျိုးကျော်ဇင်
၇၅ ကိုအောင်သူ
၇၆ အောင်ကျော်ဦး
၇၇ ကိုဝေလင်း
၇၈ ကိုမြင့်စိုး
၇၉ ကိုရဲမြင့်
၈၀ မျိးမင်းဇော်
၈၁ ကိုသီဟ
၈၂ ကိုညွှန့်အောင်
၈၃ ဦးအုန်းသန်း
၈၄ ကိုကျော်ဇင်လင်း
၈၅ ဒေါ် ၀င်းမြမြ
၈၆ မတင်တင်မြ၈၇ ဦါ်ဘမြင့်
၈၈ ဒေါက်တာဝင်းသူ
၈၉ ဆရာဇော်
၉၀ အောင်အောင်ရှဲ
၉၁ ဂျက်နက်ခိုင်
၉၂ကို ထွန်းထွန်းဦး
၉၃ ကိုထွန်းထွန်းနိုင်
၉၄ ကိုမြတ်ကို (GW)
ဆက်လျက်ဖော်ပြပေးပါမည်......

-ရွှေမြစ်မခ မီဒီယာ


မလေးရှားတွင် မြန်မာမိန်းကလေးတဦး အသတ်ခံရခြင်း။အပြောကောင်းတိုင်းမိန်းကလေးများမယုံကြည်ရန် သတိပေးခြင်း။

မလေးရှားတွင် မြန်မာမိန်းကလေးတဦး အသတ်ခံရခြင်း

စိတ်မကောင်းစရာပါပဲ............
မလေးရှားက သူငယ်ချင်းများရှိရင် မျှပေးစေလို ပါတယ်.........

လေးစားရပါသော online မှသူငယ်ချင်းများ၊
မလေးရှားမှာရှိသောလူမှုအဖွဲ့အစည်းမှ လူကြီးလူကောင်းများ၊
မလေးရှားနိုင်ငံအတွင်းရှိ Johor ပြည်နယ်မှသူငယ်ချင်းများကို အဓိကထားပြီး
အကူအညီတောင်းခံလိုပါတယ်။

ကျွန်မကိုယ်ကျွန်မမိတ်ဆက်ပေးပါရစေ။ ရွှေဇင်မျိုးပါ။ နှင်းနုအေးနဲ့
တမြို့တည်းနေထိုင်သူတစ်ယောက်ပါ။ မလေးရှားကိုထွက်လာတော့လည်း အတူတူ၊
အလုပ်တော့လည်းအတူတူ၊ အိပ်တော့လည်းအတူတူဆိုတော့ သူ
အကြောင်းတော်တော်မျုားများကို ကျွန်မကို အသိပေးတိုင်ပင်ပါတယ်။ ဒါကြောင့်
ကျွန်မသူငယ်ချင်းအသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက်
သူငယ်ချင်းများနဲ့ သက်ဆိုင်ရာလူကြီးများကို အသိပေးပြီး
လုပ်သင့်တာကိုလုပ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

ကျွန်မတို့အကြောင်း နည်းနည်းပြောပြပါရစေ။ မလေးရှားကိုရောက်ပြီး
၆-လလောက်နေတော့ နှင်းနုအေးက ချစ်သူတစ်ယောက်ရခဲ့ပါတယ်။ အဲဒီချစ်သူ
အမည်က(ပြည့်ဖြိုး၊ ပြင်ဦးလွင်သား)တစ်ယောက်ပါ။
ပြည့်ဖြိုးဆိုတဲ့ကောင်အကြောင်း ပြောပြပါမယ်။
ကျွန်မသူငယ်ချင်းနဲ့ကြိုက်ပြီး လင်မယားလို နေထိုင်ခဲ့ကြပါတယ်။ ပြီးတော့
ကျွန်မသူငယ်ချင်းဆီက ပိုက်ဆံချူစားထားတာ RM 4500.00 ရှိပါတယ်။ ပြီးတော့
အဲဒီကောင်ဟာ အမြဲတမ်းအရက်သောက် ၊ဖဲရိုက် ၊ဖုန်းလု၊ ဆေးခြောက်ရောင်း။
ပြီးတော့ မူးပြီးပြန်လာရင် နှင်းနုကိုပါးရိုက် ပိုက်ဆံအတင်းတောင်း
အမြဲလုပ်ပါတယ်။ သူရဲ့ အလုပ်က စားသောက်ဆိုင်တခုက အကြော်ဆရာအကူလို့
သိရပါတယ်။ ဘယ်တော့မှ လိပ်စာကိုအတိအကျ မပေးပါဘူး။

အခုအချိန်မှာ ဘယ်သူမျက်နှာမှ ထောက်စရာမလိုတော့ဘူး။
သူ့အကြောင်းကောင်းကောင်းသိခြင်ရင် JB က Crystal Crown Hotel ရှေ့က
မြန်မာဆိုင်တွေမှာ သွားစုံစမ်းလို့ ရပါတယ်။ အောင်မြန်မာ၊ ရွှေကမ္ဘာ ၂
(ဖုန်း 073359424) တွေမှာ အရက်အမြဲသောက်လေ့ရှိပါတယ်။
စားသောက်ဆိုင်မှာလုပ်တဲ့ ပြင်ဦးလွင်က ပြည့်ဖြိုးဆို လူတိုင်းသိပါတယ်။
သူကိုဆက်သွယ်ခြင်တယ်ဆို (hp:0167563264/0127829610)
မဟုတ်တာလုပ်တဲ့လူဖြစ်တဲ့အတွက် ဖုန်းကို 2line ကိုင်ထားပါတယ်။

အဲဒီလိုနေရင်းနဲ့ ကျွန်မသူငယ်ချင်းမှာ ကိုယ်ဝန်ရလာပါတယ်။
ပြသနာစလာတယ်ဆိုရင် မမှားပါဘူး။ ကျွန်မသူငယ်ချင်းက မိဘတွေကိုဖွင့်ပြောပြီး
လက်ထပ်ကြရအောင်ပြောတော့ ပြည့်ဖြိုးဆိုတဲ့ကောင်က ဘာပြောလည်းဆိုတော့
ငါနင့်ကိုတကယ်ချစ်ခဲ့တယ်လို့ ထင်နေတာလား။ ငါ့မှာ မိန်းမရှိတယ်။
နိုင်ငံခြားမှာနေတုန်း နင့်ကိုအပျော်တွဲခဲ့တာ။ နင့်ကို မယူနိုင်ဘူး။
နင့်ဗိုက်ကိုလည်းဖြတ်ချလိုက်၊ ငါတာဝန်မယူနိုင်ဘူး။ နင့်ပိုက်ဆံလည်း
ပြန်မပေးနိုင်ဘူး။ တိုင်ချင်တဲ့နေရာတိုင်၊ စောက်ဂရုမစိုက်ဘူး။
နင်ငါကိုဘာကောင်မှတ်နေလဲ။ ဒီကိစ္စတွေကိုလျှောက်ပြောရင်နင့်ကိုငါသတ်ပစ်မယ်။
ပြီးတော့ ငါမှာ အခုချစ်သူတစ်ယောက် ရှိနေပြီ။
နင့်ထက်ပိုက်ဆံပိုရှာနိုင်တယ်။ နင်နဲ့ငါတို့ အကြောင်းကို သိသွားတဲ့နေ့
နင့်ကိုငါလာပြီး သတ်ပြမယ်။ နင်ကို ငါမလုပ်ရဲဘူးမထင်နဲ့နော်။ အဲဒီလိုအမြဲ
ကျိမ်းနေခဲ့ပါတယ်။ သူပိုက်ဆံလိုတဲ့အခါ၊ ဖဲရှုံးတဲ့အခါ၊
အရက်ဖိုးမရှိတဲ့အခါ နှင်းနုဆီလာပြီး ပိုက်ဆံလာလာတောင်းပါတယ်။

နှင်းနုကို သတ်တဲနေ့ကအကြောင်း ပြောပြပါမယ်။ 25/10/2010 ည-၁၁နာရီလောက်
နှင်းနုဆီကို ပြည့်ဖြိုးရောက်လာပါတယ်။ အရက်တွေ အမူးလွန်နေပါတယ်။
အပြင်မှာတခုခုစားရင်း စကားပြောချင်တယ်ဆိုပြီး ခေါ်ထုတ်သွားပါတယ်။ ကျွန်မက
နှင်းနုကို သတိပေးလိုက်ပါတယ်။ ဖုန်းဖွင့်ထားဖို့ မှာလိုက်ပါတယ်။
ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာတော့ ကျွန်မမသိပါဘူး။ သူတို့နှစ်ယောက်
စကားများကြပါတယ်။ သူ့ ရဲ့  နောက်ကောင်မက သူ့ကိုဖြတ်ဖို့ပြောတယ်
ဆိုတဲ့အကြောင်း။ ပြီးတော့နောက်ကောင်မဆီက လိုသလောက်ငွေမရဘဲနဲ့
မဖြတ်နိုင်ကြောင်း၊ သူ့ကိုဖြတ်ဖို့ပြောတာဟာ နှင်းနုကြောင့်ဆိုပြီး
ပြသနာရှာပါတယ်။ နောက်ပိုင်းစကားများကြတယ်။ ကျွန်မလည်း ဖုန်းနားထောင်ရင်း
အသံပျောက်သွားပါတယ်။ ကျွန်မ ထင်တာပိုက်ဆံကုန်တယ်ပေါ့။

အဲဒီညက နှင်းနုပြန်လာမအိပ်ပါဘူး။ ၂-ရက်လောက် ပြန်လာမအိပ်ပါဘူး။
ဖုန်းခေါ်လည်း မကိုင်တော့ဘူး။ ကျွန်မကတော့ အဆင်ပြေသွားကြပြီလို့
ထင်လိုက်တာ။ 29/10/2010 နေ့ မှာ လမ်းကအမှိုက်ပုံမှာ လူသေအလောင်းတစ်ခု
တွေ့တယ်ဆိုလို့ သွားကြည့်လိုက်တာ နှင်းနုရဲ့အလောင်း ဖြစ်နေတယ်။
ဆွဲကြိုးလည်းမရှိတော့ဘူး၊ လက်စွပ် ၂-ကွင်းလည်း ပျောက်နေတယ်။ ပြီးတော့
သူ့အလောင်းဘေးမှာ ပြည့်ဖြိုးလွယ်နေကြ ကျောပိုးအိပ်ကိုတွေ့ပါတယ်။
နှင်းနုဖုန်းကိုကြည့်လိုက်တော့ SIM card မရှိတောဘူး။

ကျွန်မအတိအကျပြောရဲတာကတော့ နှင်းနုကိုသတ်တာ ပြည့်ဖြိုးကလွဲလို့
ဘယ်သူမှမဖြစ်နိုင်ဘူး။ အခု ပြည့်ဖြိုး သူငယ်ချင်းတွေ ပြောပြတာကတော့ JB
ကနေပြေးဖို့စီစဉ်နေတယ်။ လူတိုင်းကို ဆိုင်ပြောင်းရမယ်လို့
သတင်းလွှင့်ထားပါတယ်။

ဒီလောက်ယုတ်မာနေတဲ့ကောင်ကို မလေးရှားမှာရှိနေတဲ့လူမှုအဖွဲအစည်းတွေက
ဘာမှမလုပ်နိုင်ကြတောဘူးလား။ ဘာဖြစ်လို့ မျက်စိကန်း၊ နားပင်းနေကြတယ်ဆိုတာ
စဉ်းစားလို့မရဖြစ်နေမိပါတယ်။ ကူညီကြပါလို့ တောင်းဆိုလိုက်ပါရစေ။

ပြည့်ဖြိုး (0167563264/0127829610)

အဲဒီအကောင်ဆီ ဖုန်းခေါ်မယ်ဆိုရင် မိန်းကလေးခေါ်တာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။

ကျွန်မ Mailအတွက် ကျွန်မတာဝန်ယူပါတယ်။ always online
မှာကျွန်မရှိနေပါတယ်။ မြန်မာအချင်းချင်း ဒီလောက်ယုတ်မာနေတာကို
ကြည့်မနေကြပါနဲ့။ Online မှသူငယ်ချင်းများ၊ Malaysia
ရှိအဖွဲ့အစည်းအားလုံး ကူညီဖြေရှင်းပေးကြပါလို့မေတ္တာရပ်ခံအပ်ပါတယ်။

အချိန်မီ JB ကထွက်မသွားခင် ရအောင်ဖမ်းပြီး ထောင်ချလိုက်ကြပါ။

လေးစားစွာဖြင့်
ရွှေဇင်မျိုး
*******ယခုထိုသတင်းကို အောင်နိုင်သူအနေနဲ့
ထူးရင်၊ထူးသလိုဆက်လက်ဖော်ပြပေးပါမယ်*******



***** မိန်းကလေးများ လျှာရိုးမပါတဲ့  အမျိုးသားများ၏စကားကိုမယုံကြည်ရန်နှင့် သာယာမှု ပျော်ရွှင်မှု နောက်ကို မလိုက်မိကြစေရန်နှင့် ပြည်ပ နိုင်ငံရောက်တိုင်း မိမိဟာ မြန်မာအမျိုးသမီးကောင်းဆိုတာ အစဉ်အမြဲ စိတ်ထဲစွဲမှတ်နေစေရန် အထူးသတိပေးလိုပါသည်။ ပျော်ရွှင်သောဘ၀လမ်းခရီးကို အနာဂတ်တွင်လျှောက်လှမ်းနိုင်ကြပါစေ....ရန် ကျနော် မေတ္တာရှင်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။**


တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။