MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, January 23, 2012

GTalk တွင် လိမ်လည်နေသောသူများကိုရှာဖွေရန်....(update လုပ်ထားပါတယ်...)

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခုက Spypig ပါ။ Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။

http://spypig.com/

ကိုသွားလိုက်ပါ။
နောက်


Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။


Step2 မှာ Subject ထည့်ပါ။

Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။

Step4 မှာ 3 ကိုရွေးပါ။
ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။
အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။

အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail
ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။
အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့

http://www.ip2location.com/free.asp

ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင်သူဟာ ဘယ်နိုင်ငံကလည်းဆိုတာ ပေါ်လာပါလိမ့်မယ်။

မှတ်ချက်....
Forward Mail တခုမှ ရရှိသောကြောင့် မျှဝေပေးပါသည်။ ကျွန်ုပ်မေတ္တာရှင် ကိုယ်တိုင် အလုပ်မအားလပ်သေးပါသောကြောင့် စမ်းသမ်မှုမပြုလုပ်ရသေးပါဘူး။မိတ်ဆွေများ စိတ်ပါလျှင်စမ်းသပ်ကြည့်နိုင်ပါတယ်။

၂၀၁၂ မှ လူသားတိုင်းအပူအပင် သောကမီးများကင်းဝေးကြပါစေ။

လူမဆန်စွာဖြင့်  လက်ပြန်ကြိုးတုပ်ပြီးဆးရုံတင်ရတဲ့ အထိအောင်ရိုက်တဲ့ကျောင်းအုပ်ကြီး

၁၄ ရက်နေ့လည် ၃ နာရီခွဲ အချိန်မှာ ကျမ မနှင်းပွင့်ဖြူ အသက် ၂၂ နှစ်၊ မှတ်ပုံတင်အမှတ် ၁၂/ သဃက
(နိုင်) ၁၂၁၉၃၆ ရဲ့ နေအိမ်ကို လမ်းထဲမှ ဟူစိန် လာရောက်ပြီး “မကြီးရဲ့ မောင် ပြည့်စုံကို ကျောင်းအုပ်ဆရာကြီးက ဘောလုံးကန်လို့ ဖမ်းထားတယ်” လို့ လာပြောပါတယ်။

ကျမ မောင်လေးက အသက် ၁၂ နှစ်၊ အထက (၁) သင်္ကန်းကျွန်းမှာ သတ္တမတန်း တက်နေတာပါ။ ကျောင်းအုပ် ဆရာကြီးက အမက (၂၀) သင်္ကန်းကျွန်းမြို့နယ် ကပါ။ သူ့ မူလတန်းကျောင်းဘေးမှ ဘောလုံးသွားကန်လို့ပါ။
ကျမနဲ့ ဟူစိန် လည်း အမက (၂၀) ကို အပြေးရောက်သွားပါတယ်။ ကျောင်းအောက်ရောက်တော့ ကလေး တစ်ယောက်ကို မောင်လေး ဒီမှာ ကောင်လေး တစ်ယောက်ကို ဆရာကြီး ဖမ်းထားတယ်ဆိုလို့ လာတာလို့ မေးတော့၊ အဲဒီကလေး က ဟုတ်တယ် မကြီး သားပြမယ်ဆိုပြီး အပေါ်ထပ်မှာ ဆိုလို့ ကျမ
တစ်ယောက်တည်း အပေါ်ထပ် တက်သွားပါတယ်။ ဟူစိန်က အောက်မှာ ကျန်ခဲ့ပါတယ်။

ကျမ မောင်လေးကို ၀ရံတာမှာ လက် နောက်ပြန်ပြီး နိုင်လွန်ကြိုးနဲ့ တုတ်ထားတာပါ။ တမံတလင်း ကြမ်းပြင်၊
နောက်မှာ နံရံနဲ့ မီပြီး ကလေးက ခွေခွေလေးဖြစ်နေပါတယ်။ ကျမ ကလေးကို နှိုးပါတယ်။ မနိုးပါဘူး။ ပါးကို အတင်းလှုပ်တော့မှ ကလေးက မျက်ဖြူလှန်ပြီး နိုးလာပါတယ်။

“မကြီး သားကြောက်တယ် ၊ သား ရေသောက်မယ် ၊ ရေဆာတယ်” ပဲပြောနေတယ်။ အနီးနားက အခန်းထဲမှာ မိန်းမ တစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ကို ကျမ တွေ့တော့ ရေနည်းနည်း တိုက်ပါလို့ပြောပြီး၊ အဲလ်ပိုင်း ရေသန့်ဘူးလေးထဲမှာ ရေလက်ကျန် ဖင်ကပ်လေးကိုတွေ့လို့ ဆွဲယူလိုက်ပါတယ်။
ကလေးကို ရေ အရင်တိုက်ပြီးမှ ကြိုးဖြေပေးလိုက်ပါတယ်။ သူ့လက်တွေ အရမ်းနာနေပါတယ်။ ကြိုးက နိုင်လွန်ကြိုး နီဖြူ ကြားပါ။ ရှုပ်ယှပ်ခတ်နေအောင် ချည်ထားတာကြောင့် အချိန်အတော်ကြာမှ ပြေသွားပါတယ်။
ကျမ က နင်ကို ဘယ်သူဖမ်းတာလဲ ဘယ်သူကြိုးတုတ်တာလဲ မေးတော့၊ သားပြန်မယ် သားကြောက်တယ်ချည်း ပြောနေတယ်။ သားကို ကျောင်းအုပ်ဆရာကြီး လူနှစ်ယေက်နဲ့ ဖမ်းပြီး ကြိုးတုတ်ထားတာလို့ ပြောပါတယ်။ ကလေးကို နီးရာ ခုံအစိမ်းလေးမှာ ထိုင်ခိုင်းထားပါတယ်။
ကျမက ရေတောင်းယူခဲ့တဲ့ အခန်းသွားပြီး အစ်မ ကျောင်းအုပ်ဆရာကြီးက ဘယ်သူလဲလို့ မေးပါတယ်။ အဲဒီမှာ မိန်းမက ပန်းကန်ဆေးနေပြီး ယောင်္ကျားကအင်္ကျီ လဲနေတာကို ကျမ တွေ့ရပါတယ်။ ကျမ သူနဲ့တွေ့ပြီး ကလေးကို ပြန်ခေါ်တော့၊ အဲဒီမှာ ဦးလေးကြီးက “ငါ ကျောင်းဆရာအုပ်ပဲ၊ ငါ ဖမ်းတာ”လို့ ပြောပါတယ်။
“နင်က ဘာကကောင်မလို့ သူ့ကို ကြိုးကို ဖြေပေးတာရတာလဲ” လို့  ကျမကို ပြောပါတယ်။

ဆရာကြီးလုပ်ထားတာကြည့်ပါအုံး။ ကလေးကို တိရစ္ဆာန်တစ်ကောင်လို ကြိုးနဲ့ တုတ်ထား
စရာလားလို့ ပြန်ပြောတော့၊ သူက “နင်မောင်က မုန့် ခိုးစားတယ်” လို့ ပြောတော့ ကျမမောင်လေးက “ကျနော်
မခိုးစားဘူး ကျနော် မခိုးစားဘူး” လို့ ပြောပါတယ်။

ကျမမောင်လေးကို ပြန်ခေါ်သွားမယ်ဆိုတာ မထည့်ပေးဘူး။ ကျန်မတို့ မောင်နှမကို သူတို့ ခြိမ်းခြောက်ပါတယ်။ ကျမ ကို ၄ ချက် စွပ်စွဲပြီး ရဲစခန်းပို့မယ်လို့ ပြောပါတယ်။ (၁) ခွင့်မပြုဘဲ ကျောင်းထဲဝင်လို ၊ (၂) ရေဘူးကိုယူလို (၃) သူ့ကို ပြန်ပြောလို့၊ (၄) ကြိုးဖြေလို့ ဆိုပြီး ကျမကို ခြိမ်းခြောက်ပါတယ်။
ကျမက ကျောင်းထဲကို အောက်က ကလေးတစ်ယောက်ပို့လို့  ၀င်လာတာ၊ ရေဘူးက ကလေးအတွက် အရေးကြီးလို့ ခွင့်တောင်းပြီးယူတာလို့ သူကိုပြန်ပြောတာ၊ ဆရာကြီးမှန်းမသိလို့ ပြောမိတာပါ၊ ကြိုးဖြေပေးတာ ကလေး လက်တွေညောင်းပြီး လက်ကောက်ဝတ်တွေ နီရဲလို့ ဖြေပေးတာလို့ ကျမ ပြန်ရှင်းတာကို စားမလိုဝါးမလိုနဲ့ ဒေါသတကြီး ကြည့်နေပါတယ်။
“တကယ်လို့  ဒီကလေး ရေမသောက်ရလို့ စက္ကန့်ပိုင်းအတွင်း သေသွားရင် ဘယ်လို လုပ်မလဲ” လို့ မေးတော့ ငါသေအောင် မလုပ်ဘူးတဲ့ နင်ကိုလည်း သွားခွင့်မပြုဘူးတဲ့  အဲဒါဘယ်လိုလုပ်ပေးရမလဲ နင်စဉ်းစားတဲ့။
ကျမ မောင်လေး မျက်ဖြူလှန် ခွေယိုင်ပြီး ကြောက်နေတဲ့  ကျမတို့ မောင်နှမ ဆရာကြီးကို ထိုင်ကန်တော့ပြီး တောင်ပန်းခဲ့ပါတယ်။ အဲဒါကို သူက မကျေနပ်ဘဲ မိဘခေါ်ခဲ့၊ မိဘ လာမှ လွှတ်မယ်လို့ ပြောပါတယ်။ အဲဒါနဲ့ အောက်မှ ကျန်နေခဲ့တဲ့ ဟူစိန်ကို ကျမ အစ်ကိုကို သွားခေါ်လို့ ပြောလိုက်ပါတယ်။ အမေ မသိစေနဲ့လို့လည်း
ပြောလိုက်ပါတယ်။

တအောင့်နေတော့ အစ်ကို ရောက်လာတယ်။ ကျမ က “ကိုကြီး ကလေးကို သူတို့ ကြိုးတုတ်ဖမ်းထားတာ မုန့်ခိုးစားလို့တဲ့ ၊ မောင်လေးက မဟုတ်ဘူးပြောတယ်၊ ဘောလုံးကန်တာတဲ့” ဆိုပြီး ပြောပြလိုက်တယ်။
အဲဒီမှာ ဆရာကြီးက “နင့်မောင်ကို မိဘ ဘယ်မှနေလဲလို့  ငါမေးတယ်။ နင့်မောင်က မြောက်ဒဂုံလိုလို တောင်ဒဂုံလိုလို ဟိုလိုလို ဒီလိုလို ပြောနေတယ်” ဆိုတော့ ကျမက “ကလေးက မိဘသိမှာကို ကြောက်ပြီး ပြောတာပါ၊ ကျမတို့က ဒီနားမှ နေတာ အဲဒီ အဝေးကြီးကနေ ဒီကလေးလေးတွေ လာဆော့မလား” လို့ ပြန်ပြောလိုက်ပါတယ်။
ဘောလုံးကန်တဲ့ သူတွေထဲမှာ ကျမ မောင်လေး က ၁၂ နစ် အကြီးဆုံးပါ၊ ၈ နှစ် ၉ နှစ် ကလေးတွေလည်း ပါတယ်။ ဒီမှာလာဆော့တဲ့ ကလေးတွေအကုန်လုံးက ဒီသမာဓိရပ်ကွက်ထဲက ဆိုတာ လူတိုင်းသိတယ်။ အစ်ကိုကိုလည်း ဆရာကြီးက မင်းညီက ပုံမှန်ဟုတ်ဘူးတဲ့ မျက်လုံးတွေက စိတ်မှကောင်းရဲ့လား၊ ကလေးကို စိတ်မနှံဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြောပါတယ်။ ကလေးကလန့်ပြီး မျက်ဖြူလန်နေတာ။ အစ်ကိုကိုလည်း တောင်းပန်လိုက်အုံးပြောတော့ အစ်ကိုက ဆရာကြီးကို တောင်းပန်းပါတယ်။
ကျောင်းအုပ်ဆရာကြီးက ကျမတို့ လိပ်စာကိုတောင်းပြီး နောင်ဒီလို့ ဖြစ်ရင် မလွယ်ဘူးတဲ့  စခန်းပို့မယ်လို့ ထပ်ပြောတယ်။ ကလေးက ရဲစခန်းဆိုတဲ့ အသံကြားပြီး ကြောက်လန့် နေတယ်။ မကြီး တောင်းပန်လိုက် သားကြောက်တယ်လို့  ပြောပါတယ်။ ကျမတို့ တောင်းပန်းခဲ့ပြီး မောင်နှမတွေ ငိုယိုပြီးပြန်လာခဲ့ပါတယ်။
ကလေးက လမ်းမလျှောက်လို့ မရအောင် ပျော့ခွေနေတယ်။ လက်မှာလည်း ကြိုးအရာကြီးတွေ ထင်းနေတာ။ အစ်ကိုက ချီပြီး စက်ဘီးနဲ့ အိမ်ပြန်ခေါ်လာခဲ့ပါတယ်။ မိဘ မသိအောင် အိပ်ခန်းထဲ ကုတင်ပေါ်မှာ လှဲခိုင်းထားရတယ်။
နောက် ၁၀ မိနစ်လောက် ကြာမှာ အဒေါ်( အမေ့ ညီမ ) ရောက်လာတယ်။ ကလေးက ခြေလက်တွေ အေးနေတယ်။ နင်တို့  ဆေးရုံတင်လို့ ပြောပါတယ်။ ငါ အဲဒီကျောင်းအုပ်ကြီးကို သွားတွေ့မယ်လို့ ပြောပါတယ်။ ဒေါ်ကြီးက ကလေးကို ဆေးရုံးအရင်တင်မယ်ဆိုပြီး ညနေ ၄ နာရီ ၁၀ မိနစ် လောက်မှပဲ ဆေးရုံ တင်လိုက်ပါတယ်။ www.maukkha.org/images/myanmar%20student%20in%20hospital.jpg2.jpg" style="float: right;" width="200" />
အရေးပေါ် အခြေနေဖြစ်သွားပါတယ်။ ကလေးက နိုးလိုက် မေ့မျောသွားလိုက် ဆေးရုံမှာ ဖြစ်နေပါတယ်။ မျက်ဖြူလှန်ပြီး ခြေဖျား လက်ဖျားတွေ အေးနေတယ်။ သူသတိရတဲ့ အချိန်မှာ သားကြောက်တယ်ချည်းပဲ ပြောနေသည်။
“မောင်လေးကို ဘယ်သူ ကြိုးတုတ်ပြီးဖမ်းတာလဲ” လို့ မေးတော့
“သားကိုကျောင်းအုပ် ဆရာကြီးက ကျောင်းစောင့် ဦးလေးကြီး နစ်ယောက်ကို လွှတ်ပြီး ကျောင်းထဲမှာ ဘောလုံးကန်မယ်လို့ လိမ်ပြီးခေါ်တယ်။ သားတို့ အချင်းချင်း ကစားနေတာ သူတို့နှစ်ယောက် ၀င်ပါမယ်ဆိုပြီး ညှပ်ဖမ်းတာ ကျန်တဲ့ ကလေးလေးတွေကတော့ ထွက်ပြေးတယ်။ သားတို့ က ၉ နာရီခွဲလောက်က ကစားနေတာ၊ အိမ်ပြန်ကာနီး ၁၁ နာရီ ကျော်လောက်မှ ဖမ်းတာ”

အတူကစားတဲ့ ကလေးတစ်ယောက်က ပြောတယ်။ မကြီးမောင်ကို ကျောင်းကလူကြီးနှစ်ဦး ဖမ်းပြီး
အပေါ်ထပ် ခေါ်သွားတာ တွေ့လိုက်တယ်။ သားပုဆိုးကျန်ခဲ့လို့ သွားယူတော့ ကျောင်းအုပ်ကြီးက
သူ့ကို လက်သီးနဲ့ ထိုးနေတယ်။ ကြိမ်လုံးနဲ လည်း ရိုက်တာ တွေ့တယ်”

ကလေးတွေ ကျောင်းပိတ်ရက် လမ်းထဲမှာ ဘောလုံးကန်လို့ မရလို့၊အနီးနားက ကျောင်းနားမှာ ဘောလုံး သွားကစားတာပါ။ နားငြီးလို့ မကစားစေချင်ရင် ကောင်းကောင်းမွန်မွန် မဆုံးမဘဲ၊ အခုလို့ ရက်ရက်စက်စက်
ပြုလုပ်ခဲ့တာပါ။ ညဘက် ရဲစခန်းကိုသွားပြီး အကြောင်းကြားခဲ့ပါတယ်။

နောက်တနေ့  တနင်္ဂနွေနေ့မှာ အထက (၁) သင်္ကန်ကျွန်းမှ ကျောင်းအုပ်ကြီး၊ မြို့ နယ်ပညာရေးမှူးကြီးနဲ့ 
ကြိုးတုတ်ပြီးရိုက်တဲ့ အမက (၂၀ ) ကျောင်းအုပ်ကြီးက မနက်ပိုင်းမှာ ကျမနဲ့ အဒေါ်ကို ခေါ်တွေ့ပါတယ်။ ပညာရေးမှူးရုံးကို အကြောင်းမကြားဘဲ ရဲစခန်းကို အကြောင်းကြားလို့ ဆူပါတယ်။

အဒေါ်ကတော့ ကျောင်းပိတ်ရက် ဖြစ်နေလို့ မလာတာလို့ ပြောပါတယ်။ ကျောင်းအုပ်ကြီးက
သူမလုပ်ဘူးလို့ ငြင်းပြီး ကျမတို့ကို တရားစွဲမယ်လို့လည်း ခြိမ်းခြောက်ပါတယ်။ ကလေးကိုတော့
တနင်္လာနေ့ အထိ သင်္ကန်းကျွန်း စံပြဆေးရုံ ကလေးဆောင်မှာ ဆက်တင်ထားပါတယ်။

နှင်းပွင့်ဖြူ (သင်္ကန်းကျွန်း)
မောက္ခမဂ္ဂဇင်း


Posted by ပိတောက်မြေ

(အများသိစေရန် ကူးယူမျှဝေဖော်ပြသည်)

Internet Download Manager 6.08.8( Updated)


ကျွန်တော်တို့ Internet Download Manager နောက်ထပ် Update လေးထပ် ထွက်လာလို့ တင်ပေး လိုက်ပါတယ် .. Update ကိုမှ အသုံးပြုချင် သူတွေ အတွက်ပါ .. အရင်သုံးနေတဲ့ အတိုင်း ဆက်သုံးချင်သူများ အတွက်ကတော့ Update တောင်းရင် မပေးပဲ ဒီတိုင်း ဆက်သုံးမယ် ဆိုရင်လည်း အဆင်ပြေပါတယ် .. ကျွန်တော် IDM ကို Full Version နဲ့ သုံးလို့ရအောင် ဘယ်လို လုပ်ရမယ်ဆိုတာကို ဒီပို့စ်လေး မှာရေးပေးထားတာ ရှိပါတယ် .. မလုပ်တက်သေးသူများ သွားပြီးကြည့်လိုက်ပါ .. Update လေးကိုမှ သုံးချင်တယ် ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..





အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Posted By နေမင်းမောင်
http://www.nayminmaung.info/2012/01/internet-download-manager-608-build-8.html

Internet Download Manager Full Version လိုချင်သူများအတွက် အသေးစိတ်ပြုလုပ်နည်းအဆင့်ဆင့်။

ကျွန်တော် ဒီနေ့တော့ တောင်းဆိုတာလဲ များနေတဲ့အပြင် တော်တော်များများလဲ အဆင်မပြေသေးတဲ့ IDM ကို Full Version ဖြစ်အောင်မသုံးတက်သေးတဲ့ သူတွေအတွက် Keygen နဲ့ Patch File အသုံးပြုနည်းရယ် ၊ အဲ့ဒါတွေကို အသုံးမပြုမှီ ဘာတွေပြင်ဆင်ဖို့ လိုတယ်ဆိုတာရယ် မိမိစက်မှာ လက်ရှိသုံးနေတဲ့ Internet Downlaod Manager က Update မဖြစ်ဖူးဆိုရင် ဘယ်လို Update ပေးပြီး Full Version သုံးလို့ရအောင် ဘယ်လိုလုပ် ရမယ်ဆိုတာကို အသေးစိတ် Install လုပ်နည်းကအစ ပုံလေးတွေနဲ့ ရှင်းပြပေးသွားပါမယ်.. ဒီနေရမှာ ကျွန်တော်က ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ ဆိုတာကိုပဲ အဓိကရေးပေးသွားမှာပါမယ် ..

တစ်ခါတစ်လေ ကျတော့လဲ စာရေးရတာ တော်တော်စဉ်းစား နေရပါတယ်.. တစ်ချို့က ကွန်ပျူတာ နဲ့ပါတ်သတ်ရင် သုံးတက်တာကလွဲပြီး Software ပိုင်းတွေ နဲ့ပါတ်သတ်ရင် လုံးလုံးကိုနားမလည်တဲ့ သူတွေရှိပါတယ် .. ကျွန်တော်အနေနဲ့ အများစုအဆင်ပြေအောင် အတက်နိုင်ဆုံးတော့ ပုံလေးတွေနဲ့အဓိက ထားပြီး ရေးပေးနေတာပါပဲ.. တကယ်လို့မိမိတို့က ကွန်ပျူတာအခြေခံ လုံးဝမရှိသေးလို့ နားမလည်ဘူးဆိုရင်တောင် ပုံလေးတွေကြည့်ပြီးတော့ ကြိုးစားပြီးလုပ်ပေးစေချင်ပါတယ်.. စမ်းမကြည့်ပဲနဲ့ ဘာတွေရေးထားမှန်း နားမလည်ဘူးဆိုရင်တော့ ကျွန်တော်လည်း ဘာမှတက်နိုင်မှာမဟုတ်ပါဘူး .. ဘယ်အရာမဆို ကိုယ်တိုင်ကြိုးစား အားထုတ်မှုလေးတွေတော့ လိုအပ်တာအမှန်ပါပဲ.. ဘာမှမသိဘူးဆိုပြီး ဘာမှမလုပ်ပဲနေရင်တော့ ဘာမှသိလာမှာလဲမဟုတ်ပါဘူး ..

ကျွန်တော် အနေနဲ့ ပို့စ်တွေကို ပုံတွေနဲ့အသေးစိတ်ရှင်းပြဖို့ ပြင်ဆင်ရတာ အရမ်းအချိန်ပေးရပါတယ်.. စာရေးတယ် ဆိုတာက ကိုရေးချင်တာကို ချရေးရတာ တစ်ခုထဲဖြစ်လို့ အဆင်ပြေပါတယ်.. ပုံတွေနဲ့ရှင်းရတဲ့ အခါကျတော့ ပုံတွေကို Record လုပ်ဖို့အတွက် ပြင်ဆင်ရတယ်.. ပြီးရင် တစ်ခါကိုလိုချင်တဲ့ ပုံစံလေးတွေ ဖြစ်အောင် ပြင်ဆင်ရတယ် နောက်ပြီး ပို့စ်တင်တဲ့အခါ ပုံတွေကို Upload ပြန်တင်ရတယ်.. အရမ်းအချိန်ပေးရသလို ကျွန်တော်လဲ ပင်ပန်းပါတယ်.. ကျွန်တော်အနေနဲ့ အားလုံးကို အဆင်ပြေစေချင်လို့ အပင်ပန်းခံပြီး လုပ်ပေးရတာပါ ဒါကြောင့် ကြိုးစားပြီး လိုက်လုပ်ပေးပါလို့ပဲ ကျွန်တော် တောင်းဆိုပါရစေခင်ဗျာ..

အရင်ဆုံး ကျွန်တော် Internet Download Manager 6.05 ကို Keygen သုံးပြီး Full Version ဖြစ်အောင်ဘယ်လိုလုပ် ရမယ်ဆိုတာကို ရှင်းပြပေးပါမယ်.. အရင်ဆုံး Internet Download Manager ကိုစပြီး မိမိတို့စက်မှာ Install မလုပ်ခင် Registry ထဲမှာ အရင် Trail Version သုံးခဲ့တုန်းက ကျန်ခဲ့တဲ့ Key File တွေ အစအန လေးတွေကို အောက်မှာ ပုံလေးတွေနဲ့ပြထားသလို ရှင်းပေးလိုက်ပါ.. တကယ်လို့ ကျွန်တော် တို့က Registry ထဲမှာ မရှင်းခဲ့ဘူးဆိုရင် Patch ချိုးတဲ့အခါမှာ Internet Download Manager ကိုအသုံးပြု နေပါတယ်ဆိုပြီး Error တက်နေမှာဖြစ်ပါတယ်.. တကယ်လို့ Internet Download Manager ကိုခုမှ စပြီး Install လုပ်မှာဆိုရင်တော့ တန်းပြီး Install လုပ်လို့ရပါတယ်..

အရင်ဆုံး Keyboard မှ Windows + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ.. ပြီးရင် Run Box ထဲမှာ regedit လို့ရိုက် ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..





အပေါ်ကအဆင်အတိုင်း Registry ထဲမှာရှင်းပြီးပြီဆိုရင် My Computer >> Local Disk ( C : ) >> Program File ထဲမှာ Internet Download Manager ဆိုတဲ့ Folder ရှိမရှိရှာလိုက်ပါ.. တကယ်လို့ တွေ့တယ်ဆိုရင် အဲ့ဒီကောင်လေးကို Delete လုပ်ပေးလိုက်ပါ.. တကယ်လို့ မရှိတော့ဘူးဆိုရင်တော့ Delete လုပ်ပေးစရာမလို တော့ပါဘူး..




ကျွန်တော် တို့အပေါ်က အဆင့်တွေတိုင်း ရှင်းပြီးပြီ ဆိုရင်တော့ Internet Download Manager ကိုစပြီး Install လုပ်လို့ ရပါပြီ..အောက်မှာ ကျွန်တော် Install လုပ်နည်းကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..





အပေါ်က ပုံအတိုင်း Finish ပေးပြီးပြီဆိုရင်တော့ သူက Firefox မှာသုံးမှာလား စသည်ဖြင့် မေးတာတွေရှိပါ လိမ့်မယ် .. အားလုံးကို OK ပေးလိုက်ပါ.. ပြီးရင် ကျွန်တော်တို့ Keygen File လေးကိုဖွင့်လိုက်ပါ .. ဒီနေရာမှာ Patch File လေးကိုအသုံးပြုလည်း ရပါတယ်.. ကျွန်တော် Patch File အသုံးပြုနည်း ကိုတော့ နောက်တစ်ဆင့် မှာရှင်းပြပေးပါမယ်..
အရင်ဆုံး အောက်ကပုံအတိုင်း Patch Server Check ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ပါ..
အပေါ်က Serial Key လေးကို Copy ကူးပြီးပြီဆိုရင်တော့ IDM လေးကိုဖွင့်လိုက်ပါ .. ပြီးရင်အောက်ကပုံ မှာပြထားတဲ့ အတိုင်း Key ထည့်ပေးလိုက်ပါ..
အောက်ကပုံအတိုင်း ပေါ်လာပြီးဆိုရင်တော့ First Name နဲ့ Last Name မှာမိမိတို့ ကြိုက်တဲ့ နာမည်တစ်ခု ထည့်လိုက်ပါ .. E-Mail မှာတော့ မိမိတို့ အသုံးမပြုတော့တဲ့ E-Mail တစ်ခုထည့်လိုက်ပါ.. ပြီးရင် Serial Number မှာတော့ စောစောက Copy ကူးထားတဲ့ Serial Key လေးကို Paste ပေးလိုက်ပါ.. ပြီးရင်တော့ OK ပေးလိုက်ယုံပါပဲ..
Serial Key ထည့်ပြီးသွားပြီဆိုရင်တော့ Full Version ဖြစ်မဖြစ် ကိုအောက် နည်းအတိုင်း သွားပြီး ကြည့်လိုက်ပါ..

အပေါ်ကနည်းကတော့ Keygen ကိုအသုံးပြုပြီး Full Version သုံးလို့ရအောင် ပြုလုပ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်.. ဆက်ပြီး ဖော်ပြမဲ့ နည်းလမ်းကတော့ IDM ကို Update ဖြစ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို Update လုပ်ပြီးတဲ့ အချိန်မှာ Full Version လေးဖြစ်အောင် လုပ်တဲ့ နည်းလမ်းလေးကို Patch File လေးနဲ့ ကျွန်တော် ရှင်းပြပေးသွားပါမယ်.. ဒီနေရာမှာ ဘာကြောင်း Update လုပ်ရတယ် ဆိုတာကို ကျွန်တော် ရှင်းပြပေးပါမယ်.. အပေါ်မှာ ကျွန်တော် ရှင်းပြပေးထားတဲ့ IDM Version က 6.05 ပါ . လက်ရှိ IDM က Version 6.07 အထိ ထွက်နေပါပြီ ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး Version လေးကိုအသုံးပြုချင်ပါတယ် .. အဲ့ဒီအတွက် စက်ထဲမှာ အရင်က သုံးနေတဲ့ Version အဟောင်းကို ဖြုတ်စရာမလိုပါဘူး .. လက်ရှိ သုံးနေတဲ့ Version ကို Update ပေးလိုက်ပါ .. ဒါဆိုရင် သူက နောက်ဆုံး Version ကို Download ချပေးပြီး Install လုပ်ပေးသွားပါလိမ့်မယ်.. ကျွန်တော်တို့က နောက်ဆုံး Version အတွက် Keygen နဲ့ Patch File လေးတွေရှာပြီး Patch ချိုးပေးလိုက်ယုံပါပဲ.. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ကျွန်တော် အောက်မှာ ဘယ်လို Update လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..

အပေါ်က Full Version ဖြစ်မဖြစ် ကြည့်တဲ့ အဆင့်အတိုင်းသွားပြီး Check For Update ဆိုတာလေးကို နှိပ်ပေးလိုက် ယုံပါပဲ..



အပေါ်ကပုံအတိုင်း Finish ပေးလိုက်ပြီဆိုရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. ကျွန်တော်တို့က အရင်သုံးနေတဲ့ မြင့်တဲ့ Version ကို Update ပေးလိုက်တာ ဖြစ်တဲ့အတွက် အရင်သုံထားတဲ့ Serial Key ကအလုပ်လုပ်တော့မှာ မဟုတ်ပါဘူး.. ကျွန်တော်အောက်မှာ Update လုပ်လိုက်တဲ့ Version အသစ်ကို Full Version ဖြစ်အောင် လုပ်တဲ့ နည်းလေးကိုတော့ Patch File လေးနဲ့ ရှင်းပြပေးထားပါတယ်.. အောက်ကပုံ အတိုင်း ပေါ်လာရင် OK ပေးလိုက်ပါ.
အပေါ်က ပုံအတိုင်း OK ပေးပြီးပြီ ဆိုရင်တော့ Patch File လေးကို Copy ကူးလိုက်ပါ..
အပေါ်ကပုံအတိုင်း Patch File လေးကို Copy ကူးပြီးပြီ ဆိုရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း My Computer >> Local Disk ( C: ) >> Program File အထိအဆင့်ဆင့်သွားပြီး Internet Download Manager ဆိုတဲ့ Folder ထဲမှာ Paste လုပ်ပေးလိုက်ပါ ..






အပေါ်ကပုံအတိုင်း Patch File လေးကို Double Click ပေးလိုက်ပြီ ဆိုရင် အောက်က ပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. ကျွန်တော်တို့က Patch ဆိုတာလေးကို နှိပ်ပေးလိုက်ပါ ..



အပေါ်က ပုံအတိုင်း Patch ချိုးပြီးသွားပြီ ဆိုရင်တော့ IDM လေးကိုဖွင့်ကြည့်လိုက်ပါ .. Full Version လေးဖြစ် သွားတာကို တွေ့ရပါလိမ့်မယ်..

တကယ်လို့ Trail Version လေးပဲ ဖြစ်နေသေးတယ် ဆိုရင်တော့ Patch File နဲ့အတူတူ ပါလာတဲ့ Keygen လေးကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Generate လုပ်လိုက်ပါ .. ပြီးရင် Key လေးကို Copy လုပ်ပြီး အပေါ်မှာပြခဲ့တဲ့ နည်းအတိုင်း ထည့်ပေးလိုက်ယုံပါပဲ .. ဒီလောက်ဆိုရင်တော့ အားလုံးပဲ Internet Downlaod Manager ကို Install လုပ်တာနဲ့ ပါတ်သတ်ပြီး အဆင်ပြေပြေနဲ့ ဆောင်ရွက်တက် သွားလိမ့်မယ်လို့ ထင်ပါတယ်..

ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာဒေါင်းလော့ချသွားလိုက်ပါ..

Download Ifile.itDownload Mediafire Download Multiupload

Posted By Nay Min Maung Blogger
http://www.nayminmaung.info/2011/09/internet-download-manager-full-version.html

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။