MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, February 6, 2012

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လူထုအစည်းအဝေး လူနည်းစေရန် တိုင်းအစိုးရမှ နည်းမျိုးစုံ ကြိုးပမ်း။

ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ မဲအောင်နိုင်ရေး ခရီးစဉ်တွင် လူထုအင်အားလျော့နည်းစေရန် ကျောင်းများတွင် ပွဲတော်နှင့် စာမေးပွဲများ၊ ဘုရားစေတီတို့တွင် စတုဒီသာကျွေးမွေးခြင်း၊ နှစ်ကာလရှည်စွာထုတ်ပေးခြင်းမရှိခဲ့သည့် အိမ်ဂရန်ထုတ်ပေးရန် အိမ်ရှင်များအား အိမ်များတွင်စောင့်ဆိုင်းနေစေဖို့ နှိုးဆော်ခြင်း စသည့်နည်းများဖြင့် ပြုလုပ်နေကြောင်း ပုသိမ်မြို့ခံများက ပြောသည်။

ပုသိမ်မြို့မှ ၇ တန်းကျောင်းသူတဦးက “ လာမယ့်အင်္ဂါနေ့မှာ ပြည်ထောင်စုနေ့ အကြို အခြေခံပညာ ကျောင်းပေါင်းစုံ ပဒေသာကပွဲလုပ်မယ်၊ အားလုံးလာရမယ်၊ တော်ရုံတန်ရုံ နေမကောင်းလည်း ကျောင်းခန်းထဲလာထိုင်နေပါတဲ့၊ အင်မတန်နေမကောင်းမှ ခွင့်ယူလို့ရမယ်၊ နေမကောင်းတဲ့အကြောင်း ပြန်တက်တဲ့အခါ မိဘကိုပါခေါ်လာပြီး ဆေးစာယူလာရမယ် လို့ပြောထားတယ်” ဟု ၀ိုင်ပီအိုင်သို့ပြောသည်။

တကောင်း မင်္ဂလာစေတီတော် ဘုရားတွင်လည်း စတုဒီသာ ပွဲကျင်းပမည့်အကြောင်း ကြေညာအသိပေးထားသည်။

အခြေခံပညာ ကျောင်းဆရာမ တဦးကလည်း ဆရာဆရာမများအနေဖြင့်လည်း ထိုနေ့တွင် ခွင့်မယူရ၊ ခွင့်ယူခဲ့ပါက မည်သည့်အကြောင်း၊ မည်သည့်နေရာရောက်ရှိနေခဲ့ကြောင်း ထုခြေလွှာတင်ရမည်ဟု ညွှန်ကြားထားကြောင်း ပြောဆိုသည်။ ကျောင်းဆရာမတဦးက ယင်းနေ့တွင်ကျင်းပသည့် ပြည်ထောင်စုနေ့ အကြိုပွဲကို ဗီဒီယိုမှတ်တမ်းတင်ထားကာ ပြည်နယ်ပညာရေးမှူးရုံးသို့ တင်ပြရန်လည်း ညွှန်ကြားထားသည်ဟု ဆိုသည်။

အလားတူ ဆယ်စုနှစ် ၃ ခုကျော် ဂရန်ထုတ်မပေးခဲ့သည့် ပုသိမ်မြို့ အမှတ် ၇ နှင့် ၁၂ ရပ်ကွက် (ကွက်သစ်) ရှိလူနေအိမ်များကိုလည်း ဂရန်ထုတ်ပေးမည်ဖြစ်၍ ယင်းနေ့နံနက် မိမိတို့၏ နေအိမ်တွင် စောင့်နေကြရန် ရပ်ကွက်တာဝန်ရှိသူတို့က အကြောင်းကြားထားသည်ဟု ရပ်ကွက်သားတဦးက ၀ိုင်ပီအိုင်သို့ ပြောသည်။

တကောင်းမင်္ဂလာစေတီတော်ကြီး ဘုရားတွင်လည်း ယခင်ကျင်းပလေ့မရှိသည့် ထမနဲထိုးပွဲနှင့် စတုဒီသာပွဲ ယင်းနေ့တွင် နံနက် ၈ နာရီမှ စတင်ကာ ကျင်းပမည်ဟု ကြေညာထားသည်ဟု ပုသိမ်မြို့ခံတဦးက ပြောသည်။ ထို့တူ ပုသိမ်ရပ်ကွက် ရုံးများတွင်လည်း ယင်းနေ့ နံနက် ၉နာရီ တွင်ပင် မုန့်ဟင်းခါး ပိသာချိန် ၆၀၀ ကျွေးမည့်ဟု ကြေညာထားကြောင်းလည်း ယင်းမြို့ခံကပြောသည်။

ယခုကဲ့သို့ ကျောင်းများ၊ ရပ်ကွက်များတွင် ကပွဲကျင်းပခြင်း စတုဒီသာကျွေးမွေးခြင်း အစီအစဉ်များ မပေါ်ထွက်မီ ရက်အနည်းငယ်က ပုသိမ်တက္ကသိုလ်မှ ကျောင်းသားများအား ဒေါ်အောင်ဆန်းစုကြည်လာမည့်နေ့တွင် စာမေးပွဲစစ်မည်ဟု ရုတ်တရက်ကြေညာခဲ့သည့် အဖြစ်လည်းကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်သို့ နေ့ချင်းပြန် သွားရောက်မည့် ခရီးစဉ်အတွင်း မြို့လူထုအား စကားပြောဆိုမည့်နေရာအဖြစ် ၉ သိန်းအားကစားကွင်းအား ငှားရမ်းခွင့်ပြုထားပြီဖြစ်သည်ဟု ပုသိမ်မြို့ အန်အယ်လ်ဒီရုံးမှာ တာဝန်ရှိသူက ပြောဆိုသည်။ ယခင်ရက်ပိုင်းက ကျောက်တိုင်ကွင်းအား ငှားရမ်းခွင့်ပြုထားရာမှ နောက်ပိုင်းတွင် ၉ သိန်းအားကစားကွင်းအား ပြောင်းလဲစီစဉ်ထားသည်ဟု အန်အယ်လ်ဒီမှ ထုတ်ပြန်သည့် လက်ကမ်းကြော်ငြာများတွင် တွေ့ရှိရသည်။

ပုသိမ်မြို့ရှိ အထက်တန်းကျောင်း တကျောင်း

ယခင်လ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး မဲအောင်နိုင်ရေး နယ်ခရီးစဉ်ဖြစ်သည့် ထားဝယ်ခရီးစဉ်အတွင်း မြို့ခံ လူပရိတ်သတ် သောင်းနှင့် သိန်းနှင့်ချီစုဝေး အားပေးခဲ့ကြသည်ကို တွေ့ရသည်။

ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဖြစ်သည် ဦးသိန်းအောင် ( နအဖ အစိုးရလက်ထက် သစ်တောရေးရာ ၀န်ကြီးဟောင်း) သည် လက်ရှိ အစိုးရအဖွဲ့ဝင်များအနက် သဘောထားဟောင်းရှိသူ၊ ပြုပြင်ပြောင်းလဲမှုကို မလိုလားသူအဖြစ် နေပြည်တော် အစိုးရအရာရှိ အသိုင်းအ၀ိုင်းတွင် သိရှိယူဆထားကြကြောင်း လယ်ဆည် ၀န်ကြီးဋ္ဌာနမှ အရာရှိကြီးတဦးက ပြောသည်။ ။


Reference from ;http://www.facebook.com/notes/yangon-press-international/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%80%95%E1%80%AF%E1%80%9E%E1%80%AD%E1%80%99%E1%80%B9%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%A1%E1%80%85%E1%80%8A%E1%80%B9%E1%80%B8%E1%80%A1%E1%80%B1%E1%81%80%E1%80%B8-%E1%80%9C%E1%80%B0%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%B1%E1%80%85%E1%80%9B%E1%80%94%E1%80%B9-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%85%E1%80%AF%E1%80%AD%E1%80%B8%E1%80%9B%E1%80%99%E1%80%BD-%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AD%E1%80%B4%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%82%80/311615808885048

အမျိုးကိုကာကွယ်ရကောင်းမှန်းမသိ၊ မျိုးချစ်စိတ်ပျောက်ဆုံးနေတဲ့ ကျွန်စိတ်ပဲရှိနေသော ရဲအရာရှိများ။

Yangon Chatrium Hotel-ရန်ကုန်မှာဂျပန်က မြန်မာမိန်းမချောလေးကို ပါးရိုက်မှု

ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် လေးပါ။28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။ ဟိုတယ်Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့အမှုလို့ ပြောဆိုခဲ့ကြပါတယ်။ဒီအခါမှာ

ကိုယ့်သူငယ်ချင်းရဲ့ တောင်းဆို မှုကြောင့် ဟိုတယ်General Manager မှ ဂျပန် သံရုံးကို အကြောင်းကြားပေးခဲ့တယ်။ ဂျပန် သံရုံးက စကာပြန်တစ်ယောက်နှင့် ရဲ့ အရာရှိတွေ ရောက်

လာပြီး တရားလို ကို တရားခံတစ်ယောက် အဖြစ် ပြန်ဆက်ဆံသွားတယ်လို့ သိခဲ့ရပါတယ်။နှစ်ရက် လောက် ကြာမှာ အမှု လာဖွင့်ရန်အကြောင်းကြားသောေ

ကြာင့် ကိုယ့်သူငယ်ချင်း ကို ဟိုတယ် က ဆက်သွယ်ပြီး သွားခဲ့ကြတယ်။ဟိုရောက် တော့ ရဲ့ အရာရှိများကပါးရိုက်ခံရတာ ဒါဏ်ရာ ရှိလား၊ သွေးထွက်လား ဆေးစာ လုပ်ပြီးပြီလားလို့ ဆီးကြိုမေးချင်ခံရတယ်လို့ သိရပါတယ်။မိန်းခလေး တစ်ယောက် ရဲ့ ကာအိနြေင်္အဇော်ကား ခံရတဲ့ ဖြစ်ရပ်ကို ဒီလိုမေးချင်းခံရတာ ကြောင့် သြော်

ငါ့တို့ နိုင်ငံမှာကိုယ့် နိုင်ငံသားတစ်ယောက် စော်ကားခံရတာကိုတောင် ဆေးစာလိုပါသလားလို့ မေးပြီး တိုင်းတပါးသားကို ကာကွယ်ဖို့စဉ်းစားနေသေးတယ်လို့ရင်ထုမနာတွေးမိကြောင်း ပြန်လည်ဖွင့်ပြောခဲ့ပါတယ်။ရှက်ရှက်နဲ့ ဖြစ်ရပ်မှန်ကို ပြောပြီးတော့ လည်း ပါးရိုက်ခံရတဲ့ ဆေးစာပါမှ အမှုဖွင့်လို့ ရတယ်ဆိုသော ကြောင့် ရန်ကုန် ဆေးရုံကြီးမှာ မျက်နှာ ငယ်စွာနဲ့ လူအများကြားမှာဆရာဝန်ထံပြောဆိုပြီး ဆေးစာ ယူခဲ့ပေးရပြန်ပါတယ်။.....................

ခုအဖြစ်အပျက်နဲ့ပါတ်သတ်ပြီး ဒို့အမြင်မှာတော့ ကိုယ့် နိုင်ငံသား တစ်ယောက် ကိုယ်ထိလက်ရောက်စော်ကားခံရတာကို သုံးလေးရက် အချိန်ယူပြီး ရဲအရေးမပိုင်မှုလို့ကိုင်ထားတာကို ကြည့်ချင်းအားဖြင့် ခုလို့ လူတွေပြောနေကြတဲ့ လူ့ အခွင့်အရေးတွေ ပွင့်လာပြီဆို တဲ့ အခွင့်အရေးထဲမှာ တို့ တိုင်းပြည်နဲ့ လူမျိုးကို ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ အခွင့်အလမ်းလည်း ပါဟန်မတူသေးပါဘူး။

ဂျပန် တွေ ကလည်း ဒို့များတိုင်းပြည်မှာဒုတိယ

ကမ္ဘာစစ်က ပြုကျင့်သွားတဲ့ ပါးရိုက်၊မုဒိန်းကျင့်လို့ ရတယ်ဆိုတဲ့အကျင့်

ကို အရိုးထဲထိ စွဲနေလို့များ ခုချိန် ထိ ဒို့ အမျိုးသမီး လေးတွေကို ကိုယ်ထိ လက်ရောက် စော်ကားရဲသေးတာလားရယ်လို့ ရင်နာနာနဲ့ တွေးမိပြန်တယ်။ဒို့ များ သူများ တိုင်းပြည်မှာအလုပ်လုပ်ရတုန်း က ကျွန်သာသာပဲနေခဲ့ရတယ်..ဒို့ များ သူများတိုင်းပြည်မှာ တိုင်းတပါးသားကို လက်နဲ့မပြောနဲ့ စွေကြည့် ရင်တောင် သံတိုင်နောက်မှာ ဘယ်နှစ်ရက်လောက်များ နေရမယ်၊ အသက်နဲ့ ကိုယ် မြဲပါ့မလားရယ်ဆိုတာ အဝေးရောက်နေကြ တဲ့ ဒို့မောင်နှမသားချင်းများ အားလုံး သိပြီးကြမှာပါ။

****အခုဖြစ်ရပ်မှာ တိုင်းတစ်ပါးသားတွေရဲ့ စော်ကားမှု၊အလိုတော်ရိ တွေရဲ့မျိုးချစ် စိတ် မရှိမှု တွေ ကို ဒို့ တွေ ဘယ်လိုဖော်ထုတ်ပြီး၊ပြုပြင် ပြောင်းလည်းသင့်တယ်ဆိုတာကို ၀ိုင်းဝန်းစဉ်းစားကြပါစို့ ......။

အေးမျိုးထွန်း

Reference from :

http://www.facebook.com/notes/%E1%80%85%E1%80%90%E1%80%AF%E1%80%91%E1%81%B3%E1%80%9C%E1%80%BD%E1%80%B3%E1%80%AD%E1%80%84%E1%80%B9%E1%80%B8/%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%80%80%E1%80%AC%E1%80%80%E1%80%BC%E1%80%9A%E1%80%B9%E1%80%9B%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%9E%E1%80%AD-%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%85%E1%80%AD%E1%80%90%E1%80%B9%E1%80%B1%E1%80%95%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%86%E1%80%B6%E1%80%AF%E1%80%B8%E1%80%B1%E1%80%94%E1%80%90%E1%80%B2%E1%80%B7-%E1%80%80%E1%80%BC%E1%80%BA%E1%80%94%E1%80%B9%E1%80%85%E1%80%AD%E1%80%90%E1%80%B9%E1%80%95%E1%80%B2%E1%80%9B%E1%80%AD%E1%80%BD%E1%80%B1%E1%80%94%E1%80%B1%E1%80%9E%E1%80%AC-/263252680413296

မိဘတွေအတွက် ရင်လေးစရာ မြန်မာပြည်က ရှိုးပွဲကြော်ငြာ။

လာမည့် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ လွှမ်းပိုင်၊
ဝိုင်းစုခိုင်သိန်း စတဲ့ နာမည်ကြီး အဆိုတော်တွေပါဝင်တဲ့ hip hop show ပွဲကျင်းပပြုလုပ်မယ် လို့ သိရပါတယ်။ သာမန်သီချင်းဆိုတာ ပြောစရာမရှိပေမယ့် အဲပွဲအတွက် ဝေဖန်စရာတွေထွက်လာစေတဲ့ အကြောင်းရင်းကတော့ ရှိနေ
ပါတယ်။ ပရိသတ်တွေကြားမှာလည်း ဝေဖန်သံတွေဆူညံနေတာပါ။

အကြောင်းကတော့ တခြားမဟုတ်ပါဘူး အဲပွဲမှာပြုလုပ်မယ့် ကံစမ်းမဲအစီအစဉ်နဲ့ ပတ်သက်တာပါပဲ။ ပွဲကို လာ

ရောက် အားပေးတဲ့ ပထမဆုံး စုံတွဲ (၅၀၀) ကို လက်ဆောင်တွေပေးမယ့်အပြင် တူတူနေဖို့ အခန်းများကို ကံစမ်းမဲတွေ ဖောက်ပေးသွားပါမည် ဆိုတာပါပဲ ။ လွတ်လပ်တဲ့ ဒီမိုကရေစီ စနစ်ကို သွားနေတဲ့ မြန်မာနိုင်ငံမှာ တကယ်ပဲ အဲလောက်ထိ လွတ်လွတ်လပ်လပ် အခန်းထဲမှာ စုံတွေတွေ လက်မထပ်ရသေးဘဲ နေချင်သလိုနေ အိပ်လို့ရနေပြီလားဆိုတာ အရှက်အကြောက်တရားကို အသက်ထက်တန်ဖိုးထားတဲ့၊ လက်မထပ်ရသေးဘဲ အတူနေအတူအိပ်ခြင်းကို မြန်မာ့ယဉ်ကျေးမှုအရ လက်သင့်မခံတဲ့ တိုင်းပြည်မှာ ဒီလိုကံစမ်းမဲဟာ ရိုင်းရာ ကျနေတယ်လို့ ပြောဆိုဝေဖန်နေကြပါတယ်။

အွန်လိုင်းမှာတော့ ရှိုးပွဲကြော်ငြာကို ဒီလိုဝေဖန်သရော်ထားကြပါတယ် ။

ပွဲအတွက် လက်မှတ်ပိုရောင်းရဖို့ ကံစမ်းမဲလုပ်တာလား ၊ ဒီမိုကရေစီရပြီ ဖြစ်ချင်သလိုဖြစ် နေချင်သလိုနေကြမယ်ဆိုပြီး
လုပ်ဆောင်တာလားမသိပါဘူး။ အရင်ဆုံးစုံတွဲ(၅၀၀) ကတော့ ကံစမ်းမဲပေါက်ရင် မမြင်ကွယ်ရာမှာ နေဖို့ အခန်းတစ်ခန်း ရမှာပါပဲ ။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိကလူ့အရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေအပေါ် ဒီလို မဟုတ်တဲ့

ကံစမ်းမဲ ဆွဲဆောင်မှုတွေနဲ့ စိတ်ဓာတ်တွေ ဖျက်ဆီးနေရင်တော့ ရှေ့ကလူကြီးတွေ ဘယ်လိုပ်ကောင်းအောင် လုပ်ခဲ့လုပ်ခဲ့ အမွေဆက်ခံမယ့် လူငယ် တွေလက် ထက်ရောက် ရင် တိုင်းပြည်အတွက် ရှေ့ရေးကတော့ ရင်လေးစရာ ဖြစ်နေပါလိမ့်မယ်။ အနုပညာကို အနုပညာလို.ခံစားတာ အပြစ်ပြောစရာမရှိပေမယ့် ဒီလိုမျိုး လုပ်ရပ်တွေဟာ မိဘတွေအတွက်ရော ၊ တိုင်းပြည်အတွက်ပါ ရင်လေး စရာ လုပ်ရပ်တွေဖြစ်လို့ ပြည်သူကို အနုပညာနဲ့ဖျော်ဖြေပါ ၊ ကိုယ့်ရှိုးပွဲ လူဝင်ဖို့အတွက်တော့ မဟုတ်တဲ့ ကံစမ်းမဲတွေနဲ့ မဆွဲဆောင်ပါနဲ့လို့ နိုင်ငံ

ကျော် အဆိုတော်တွေကို ရွှေမြန်မာမှ တိုက်တွန်းလိုက်ချင်ပါတယ်။

------------------------------------------------------------------

ကျမ -ကလေးတို.ဆရာမ ရဲ့ အမြင်ကိုတင်ပြရမယ်ဆိုရင်တော့ " အင်မတန်.ကို အရုပ်ဆိုး-သရုပ်ပျက် " တဲ့ အစီအစဉ်ပါ ။
နောက်ပြီး ဒီကနေ. အနုပညာရှင်တွေအနေနဲ. ခေတ်ကို ရေ့ပြေးလွန်းနေတာတွေ.ရပါတယ် - Extreme ဖြစ်လွန်းနေတယ်လို. ဆိုချင်ပါတယ် ။
မိမိရဲ့ ထင်ပေါ်ကြော်ကြားမှုအတွက် မြန်မာ့ယဉ်ကျေးမှုနဲ. ဆန်.ကျင်တဲ့ ဝတ်စားဆင်ရင်မှုတွေကိုလည်း
(အထူးသဖြင့်) "အမျိုးသမီး အဆိုတော်တွေ" မှာ အများဆုံးတွေ.နေရပါတယ် ။
ခေတ်ပညာတတ် တွေအနေနဲ. ဒီလို လော်မာဖေါက်ဖြားတဲ့ လျှပ်ပေးတဲ့ ဝတ်စားဆင်ယင်မှုမျိုးကိုရှောင်

သင့်ပါတယ် ။ ငါဟာမြန်မာဆိုတဲ့ ခံယူချက်နဲ.မြန်မာလူငယ်လေးတွေအတွက် စံပြဖြစ်သင့်ပါတယ် ။

ပြန်ပြီး သေသေချာချာ စဉ်းစားဆုံြးုဖတ်-ပြုပြင်ဖို. အချိန်ကျရောက်နေပါပြီ -ဝိုင်းစု တို. ကျော်သိန်း တို.စတဲ့ အနုပညာရှင်တို.ရယ် --

ရွှင်လန်းချမ်းမြေ့ကြပါစေ


Posted By, May Kyaw Shin

ပြေတီဦး နှင့် အလှူရှင်တွေသတိထားကြစေလို။

(မေးလ်ထဲဝင်လာတဲ့ စာလေးပါ.တင်ပေးပါဆိုလို့)
လှူဒါန်းတတ်ကြပါစေ (မင်းအုပ်စိုး၊ သရပါ မဂ္ဂဇင်း ဇန်နဝါရီ ၂ဝ၁၂)


ဒီစာကိုရေးဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့ရပါတယ်။ မရေးတော့ဘူးလို့လည်း ခဏခဏဆုံးဖြတ်ခဲ့ပါတယ်။
မရေးဖြစ်အောင်လည်းကိုယ့်စိတ်ကို ထိန်းထား ပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက်ထိန်းထိန်း
ကျွန်တော့်ရဲ့ သန္ဓေဗီဇကိုက မကောင်းတဲ့အတွက် ဘယ်လို မှ ထိန်းမရတော့ဘဲ ဒီစာကို ရေးဖြစ်သွားတာပါ။ ဒီစာကိုရေးဖြစ်တဲ့အတွက် ရှိပြီးသားမိတ်ဆွေတွေ ဆုံးရှုံးကုန်မှာဖြစ်သလို မိတ်ဆွေအဖြစ် မရှိသေးတဲ့ သူတွေလည်း ရန်သူအဖြစ်ရောက်သွားမှာသေချာပါတယ်။ နဂိုကတည်းက ကျွန်တော့်
အပေါ် ခါးခါး သီးသီးမုန်း နေတဲ့လူတွေကတော့ မျက်နှာကို မကြည့်ချင်လောက်အောင် အသံကိုမကြားချင် လောက်အောင် ရွံရှာစက်ဆုပ်သွားမှာ သေချာပါတယ်။

ဘာအကြောင်းကြောင့် အဲ့ဒီလိုဖြစ်သွားရမှာလဲလို့ မေးခဲ့ရင်ကျွန်တော်ရေးမယ့်အကြောင်း က မြန်မာတစ်ပြည်လုံးက ပရိသတ်တွေသည်းသည်းလှုပ်ချစ်နေကြတဲ့ အားပေးနေကြတဲ့ နိုင်ငံ ကျော်အနုပညာ
ရှင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ အကြောင်းပါ။ အထူးသဖြင့် ပြေတီဦးပညာရေးဖောင်ဒေးရှင်းအကြောင်းပါ။

ဒီစာကို ဖတ်ပြီးတဲ့အချိန်မှာ တော်တော်များများက ကျွန်တော့်အပေါ် မှတ်ချက်ချကြပါ လိမ့်မယ်။
ပြေတီဦးရဲ့ အောင်မြင်ကျော်ကြားမှုကို ကျွန်တော် က မနာလိုလို့ မရှုစိမ့်လို့ မုဒိတာမပွားနိုင်လို့
ဒီလိုမျိုးရေးတာလို့ သတ်မှတ်မှာ သေချာ ပါတယ်။ သူတို့ဇနီးမောင်နှံအပေါ်မှာအချစ်ကြီး ချစ်နေတဲ့ပရိသတ် တွေလည်း ကျွန်တော့်အပေါ် အမုန်းကြီးမုန်းသွားမှာ သေချာပါတယ်။

တကယ်တော့ ပြေတီဦးနဲ့ကျွန်တော်ဟာ အင်မတန်မှ ချစ်ခင်ရင်နှီးတဲ့သူငယ်ချင်းအရင်း ကြီးတွေပါပဲ။
သုညအောက် ရောက်နေတဲ့ ဘဝတွေကိုအတူတူဖြတ်သန်းရင်း လည်ပင်းဖက် ပေါင်းလာကြတဲ့
ညီအစ်ကို သူငယ်ချင်းတွေပါ။ အခုအချိန်ထိလည်း သူနဲ့ကျွန်တော်နဲ့ကြားမှာ အမုန်း ပွားစရာတစ်စက်မှမရှိသလို ပြဿနာလည်း နည်းနည်းလေးတောင် မရှိပါဘူး။ ဒါဆိုရင် ဒီစာမရေးဘဲ မင်းတို့သူငယ်ချင်း
အချင်းချင်း လူချင်းတွေ့ပြီးပြောလိုက်ပါလားလို့ စာဖတ် ပရိသတ်ကြီးကပြောချင်ကောင်းပြောချင်ကြပါ
လိမ့်မယ်။ ဒါပေမယ့် ဘာကြောင့် ကျွန်တော်ဒီစာကို ရေးရသလဲ ဆိုရင်...

ဒီစာထဲမှာပါတဲ့အကြောင်းအရာဟာ ပြေတီဦးတစ်ယောက်တည်းနဲ့ ပတ်သက်နေတာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံ ရဲ့ စာနယ်ဇင်းလောကမှာ အင်မတန်မှကိုထိပ်ဆုံးရောက်နေတဲ့ ဆရာ ဦးဝင်းငြိမ်းနဲ့ ဆရာဦးမြတ်ခိုင် တို့ နှစ်ယောက်လည်း ပါဝင်ပတ်သက်နေလို့ပါ။

သူတို့နှစ်ယောက်တင်မကသေးပါဘူး။ ရုပ်ရှင်နဲ့ဗီဒီယိုလောကမှာ အင်မတန်မှကို အောင်မြင်ကျော်ကြားပြီး
ဇာတ်ကားကောင်း ပေါင်းများစွာ တပည့်တပန်း ပေါင်းများစွာကိုရိုက်ကူးမွေးထုတ်ခဲ့တဲ့ နိုင်ငံကျော်စူပါ
ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) လည်း ပါနေလို့ပါ။

ဒါတင်မကသေးပါဘူး။ရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်သူလောကမှာ အင်မတန်မှ လုပ်သက်ရှည်တဲ့အတွေ့အကြုံ
ပေါင်း မြောက်များစွာ ရှိတဲ့ မင်းသားပေါင်းများစွာနဲ့အလုပ်လုပ်ခဲ့တဲ့ ထုတ်လုပ်သူ ကိုဝင်းကြည်လည်း ပါဝင်နေလို့ပါ။

အဲဒီတော့ ဒီအကြောင်းအရာတွေကို စာတစ်စောင်ပေတစ်ဖွဲ့ မရေးဘဲသူတို့တစ်ယောက် ချင်းစီကို သွားပြီး စကားတွေပြောဆွေးနွေးငြင်းခုံနေကြမယ်ဆိုရင် သူတို့ရောကျွန်တော်ပါ အချိန် ကုန်အလုပ်ပျက် ပါတယ်။
အဲဒါကြောင့် ဒီစာစုကို မိတ်ဆွေအပျက်ခံ ရန်သူအပွားခံပြီး ကျွန်တော်ရေးလိုက်တာပါ။

ဒီစာစုကို ရေးဖြစ်စေတဲ့ နောက်တစ်ချက်ကတော့ အခုအချိန်မှာကျွန်တော်တို့ တိုင်းပြည် ဟာ အပြောင်းအလဲ
တွေများစွာနဲ့ အကောင်းဘတ်ကိုဦးတည်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ အဖွဲ့အစည်း တွေ၊ ပါတီတွေ၊ ဖောင်ဒေးရှင်းတွေကို ဖွဲ့စည်းတည်ထောင်ခွင့်ပေးနေတဲ့ အချိန်လည်း ဖြစ် ပါတယ်။ အဲဒီတော့ ဖောင်ဒေးရှင်းတွေဆို
တာ သိပ်မကြာခင်ကာလမှာ တစ်ခုပြီးတစ်ခုထပ်ပေါ် လာတော့မှာပါ။

အဲဒီ ပေါ်လာတဲ့ ဖောင်ဒေးရှင်းတွေက နိုင်ငံတော်ရဲ့မျိုးဆက်လူငယ်တွေရဲ့ ဘ၀ ကို မြှင့်တင်ပေးဖို့ ဆိုတဲ့စိတ်
နဲ့ ဖွဲ့စည်းတည်ထောင်လို့ အခုပြေတီဦး ဦးဆောင်ပြီး နိုင်ငံကျော် စာနယ်ဇင်းဆရာကြီးများ ဒါရိုက်တာကြီးများ လုပ်ကြတဲ့ပွဲမျိုးကိုအမှန်လို့ထင်ပြီး ဆက်လုပ်နေကြမယ်ဆို ရင်....

ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်လောင်းတွေဟာမျက်လွှာလေးချ ခေါင်း လေးငုံ့ပြီး ဘယ်သူ
က များ ဘယ်အချိန်မှာဘယ်လိုပြောလိုက်လေမလဲဆိုတဲ့စိတ်နဲ့ တထိတ်ထိတ် နေရမှာ သေချာပါတယ်။
ကျွန်တော် ရေးချင်တဲ့ ပြောချင်တဲ့ အဓိကအကြောင်းကို သွားပါတော့မယ်။

ဘယ်လူမျိုး ဘယ်တိုင်းပြည်မှာမဆို လှူတာတန်းတာ ပေးတာကမ်းတာထောက်ပံ့တာဟာ ကောင်းမွန် တဲ့
အလုပ် လို့ သတ်မှတ်ထားကြတာပါ။ ဘာသာမရွေးလူမျိုးမရွေးပေါ့။

ကျွန်တော့်သူငယ်ချင်း ပြေတီဦးလုပ်တဲ့ ပြေတီဦးဖောင်ဒေးရှင်းဆိုတဲ့အလုပ်ဟာလည်း အင်မတန်မှ သန့်စင်မွန်မြတ်တဲ့ ကုသိုလ်ကောင်းမှု အလုပ်တစ်ခုပါ။ ဒါပေမယ့် တစ်ခုပါပဲ။

တစ်ခုလို့သာဆိုပေမယ့် အဲဒီတစ်ခုက တော်တော်အရေးကြီးတဲ့ တစ်ခုပါ။

အဲဒီတစ်ခု ကြောင့် ကျွန်တော် ဒီစာစုကို ရေးဖြစ်တာပါ။ အဲဒီတစ်ခုက ဘာလဲဆိုရင် ပြေတီဦးဖောင်ဒေးရှင်းရဲ့
အလှူငွေပေးအပ်တဲ့နေရာမှာ ကလေးတွေနဲ့ ပတ်သက်ပြီး ပြုမူလုပ်ဆောင်ခဲ့ကြတဲ့ ပုံသဏ္ဍာန်ပါပဲ။

ပြေတီဦးဖောင်ဒေးရှင်းက ကူ ညီထောက်ပံ့ပြီး ပညာဒါန ပေးနေတဲ့ ကလေးတွေဟာနောင်တစ်ချိန်မှာ သမား
ဂိုဏ်းဝင် ဆရာဝန် ဖြစ်လာမယ့် လူတွေပါ။ သူတို့ရဲ့ ဘ၀တစ်လျှောက်လုံး ဆရာ၊ ဆရာမအခေါ်ခံရမယ့်လူတွေ
ပါ။ သာမန် ကျောင်းသူ၊ကျောင်းသားတွေ မဟုတ်ကြပါဘူး။ တကယ်လို့ သာမန်ကျောင်းသူ၊ကျောင်းသားတွေ
ဖြစ်ခဲ့မယ်ဆိုရင်လည်းကျွန်တောကတော့ ဒီစာ ကို ရေးမှာပါ။

ဆရာဝန်လောင်းပဲဖြစ်ဖြစ်၊ အင်ဂျင်နီယာလောင်းပဲဖြစ်ဖြစ်၊ဆိုက်ကားသမားပဲဖြစ်ဖြစ်၊ ရေ လှည်းသမား ပဲဖြစ်ဖြစ်
အုတ်ရွက်တဲ့လူပဲဖြစ်ဖြစ်၊ ဂျာနယ်ရောင်းတဲ့ သူပဲဖြစ်ဖြစ်၊ အသက်ဆယ့်ရှစ်နှစ် မပြည့်မချင်း လူငယ် တွေပါပဲ။
အဲဒီလူငယ်တွေဟာ လက်ရှိအချိန်မှာ ဘာပဲဖြစ်နေဖြစ်နေ သူတို့မှာတောက်ပတဲ့ အနာ ဂတ်တွေ ကိုယ်စီ ရှိကြ
ပါတယ်။ လှပတဲ့ အိပ်မက်တွေလည်းကိုယ်စီကိုယ်ငှ ရှိနေတတ်ကြပါတယ်။

သူတို့ရဲ့အနာဂတ်၊ သူတို့ရဲ့အိပ်မက်ဟာ သူတို့မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာနိုင်ဘူး လို့ ဘယ်သူ ကမှ
ပြောလို့မရနိုင်ပါဘူး။ တောက်ပ တဲ့ အနာဂတ်၊ လှပတဲ့အိပ်မက်၊ တက်ကြွတဲ့ခြေလှမ်းတွေကိုယ်စီကိုယ်စီ ရှိနေ
ကြတဲ့ လူငယ် တွေရဲ့ဘ၀ကို အားငယ်စိတ်ဝင်အောင်၊သိမ်ငယ်စိတ်ဝင်အောင်၊ အညွှန့်ချိုးခံရတဲ့ စိတ်မျိုး ၀င်လာအောင်၊လုပ်တဲ့အပြုအမူမှန်သမျှ လုပ်တဲ့သူမှန်သမျှကို ကျွန်တော်ကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်
ရှုတ်ချပါတယ်။ လူငယ်ဆိုတာ တိုင်းပြည်တစ်ခုရဲ့အနာဂတ်အတွက် အရေးပါတဲ့ သူတွေပါ။

အဲဒါကြောင့်လည်း ဒီစာကိုရေးတာပါ။ ဇာတ်လမ်းစပါပြီ။ အဓိကပြောချင်တဲ့အကြောင်းပေါ့။

ပြေတီဦး ပညာရေးဖောင်ဒေးရှင်းက တစ်နှစ်ပြည့်တဲ့ အခမ်းအနားကိုကန်တော်ကြီးဝန်း အတွင်းရှို ကရ၀ိတ်
ဟိုတယ် မှာ (၃၀.၁၁.၂၀၁၁)နေ့ကခမ်းခမ်းနားနား ကျင်းပသွားပါတယ်။ ဂုဏ်သရေရှိ လူကြီး လူကောင်းပေါင်း
များစွာလည်း တက်ရောက် အားပေးခဲ့ကြပါတယ်။

ပြေတီဦးက ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အလှူငွေပေးအပ်နေတဲ့ဓါတ်ပုံတွေ၊ ဆင်းရဲ နွမ်းပါးတဲ့ ကလေးတွေ
က သူတို့ရထားတဲ့ထောက်ပံ့ကြေးလေးတွေကို ကိုင်ပြီး ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ကို အလယ်မှာထားပြီး ရိုက်
ထားတဲ့ ဓါတ်ပုံတွေ။ ဆရာဝန်မလောင်းတွေက ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထိုင်၊ဆရာဝန်လောင်းလေးတွေက
ကုလားထိုင် တွေရဲ့နောက်မှာ မတ်တပ်ရပ် အလယ်ကကုလားထိုင်တွေပေါ်မှာတော့ ပြေတီဦးရယ်၊ အိန္ဒြာကျော်
ဇင် ရယ် ၊ စာနယ်ဇင်းဆရာနှစ်ဦးဖြစ်တဲ့ ဆရာမြတ်ခိုင်နဲ့ ဆရာဦးဝင်းငြိမ်းရယ်၊ဒါရိုက်တာ ကြီးဖြစ်တဲ့ ဒါရိုက်တာ
မောင်မျိုးမင်း ရယ်၊စီးပွားရေးသမားဖြစ်တဲ့ ထုတ်လုပ်သူ ကိုဝင်းကြည်ရယ် ခုံတွေပေါ်မှာခန့်ခန့်ကြီး ထိုင်လို့ပေါ့။
ကျန်တဲ့ အမျိုးသမီးတစ်ယောက်နဲ့အမျိုးသားတစ်ယောက် ကိုတော့ ကျွန်တော် မသိပါဘူး။

နောက်တစ်ပုံကတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ခုံပေါ်မှာထိုင်ပြီးဆရာဝန်လောင်း ငယ်ကလေး တွေက
လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး ရှိခိုးနေတဲ့ဓါတ်ပုံပါ။ ပေါ်ပြူလာဂျာနယ်မှာ ပါပါ တယ်။ ဂျာနယ်တွေမှာ ပါတဲ့ အဲဒီ
ဓါတ်ပုံတွေကို ကျွန်တော်သေသေချာချာ ကြည့်ပါတယ်။ ကြည့်တာ မှ နှစ်ရက်သုံးရက်ကို ကြည့်တာပါ။
အဲဒီလိုကြည့်ရင်း ကြည့်ရင်းကနေ ဒီစာရေးဖို့ဖြစ်လာတာပါ။

အဲဒီဓါတ်ပုံတွေမှာပါတဲ့ လူငယ်တွေ အားလုံး လှိုက်လှိုက်လှဲလှဲ ဟက်ဟက်ပက်ပက်ဝမ်းပမ်းတသာ ဘယ်သူ
မှပြုံးမနေကြ ပါဘူး။ အခြေအနေ နဲ့ သူတို့ပြုမူဆက်ဆံခံရတာကလည်း ပြုံးချင်စရာမကောင်းသလို၊

ပျော်ဖို့လည်း ကောင်းမှမကောင်းတာ။ ဂျာနယ်တွေမှာ ဖော်ပြတဲ့ဓါတ်ပုံတွေကို စာဖတ်ပရိတ်သတ်ကြီး
သိအောင် ကျွန်တော်ကူးယူဖော်ပြပေးလိုက်ပါတယ်။

ဒါပေမယ့် သူတို့လိုတော့ မဟုတ်ပါဘူး။ ကလေးတွေရဲ့ မျက်နှာလေးတွေကိုဖျက်ထားပါ တယ်။ အပေါ်မှာ
ရေးခဲ့သလိုပေါ့ လှူတယ် တန်းတယ် ပေးတယ် ကမ်းတယ်ဆိုတာဟာအင်မတန် ကောင်းမွန်တဲ့ ကိစ္စ တစ်ခုပါ။
လှူဒါန်းထောက်ပံ့တတ်ဖို့တော့ လိုတာပေါ့။ ဒီလိုလေး စဉ်းစားကြည့်ကြရအောင်။

ပြေတီဦး ပညာရေးဖောင်ဒေးရှင်းက ထောက်ပံ့တဲ့ ကလေးတွေကို ပညာသင်ကြေးပေးတဲ့ အခါမှာ သူတို့
ကော်မတီဝင် တွေစုပြီး တစ်ယောက်ယောက်ရဲ့ အိမ်မှာပေးလို့ရော မရနိုင်ဘူး လား။ ဒါမှမဟုတ်ရင်လည်း
လူတွေအများကြီးမရှိတဲ့နေရာ ဓါတ်ပုံကင်မရာတွေမရှိတဲ့နေရာ၊ ရုပ်သံလိုင်း တွေရဲ့ ကင်မရာတွေမရှိတဲ့ နေရာ
မှာ ပေးရင်ကောမဖြစ်နိုင်တော့ဘူးလား။ ပေးလို့ မရဘူးလား။ ကလေးတွေ နဲ့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး
ဆက်ဆံချင်တယ်ဆိုရင်လည်းအဲဒီတစ် နှစ်ပြည့် အခမ်းအနားမှာ ကလေးတွေကို ဖိတ်ပြီး သီးသန့်ဝိုင်းနှစ်ဝိုင်း
ပေးထားလိုက်ရင် ရပါပြီ။ ရောက်လာကြတဲ့မင်းသား မင်းသမီးတွေကို သူတို့ကြည့်ပြီး လွတ်လွတ်လပ်လပ်
ပေါ့ပေါ့ပါးပါးပျော်နိုင်ကြမှာပေါ့။

ခုတော့ ပြေတီဦးနဲ့ သူတို့ရဲ့ ကော်မတီဝင်တွေ ဦးဆောင်ပြီးစီစဉ်လိုက်တဲ့ အစီအစဉ်တွေ ကြောင့် ကလေး
တွေရဲ့ ရင်ထဲမှာအပျော်တွေခမ်းခြောက်ကုန်ပါတယ်။ သူတို့တွေရဲ့ တောက်ပတဲ့ အနာဂတ် ဟာလည်း ခေါင်
ညွှန့်အချိုးခံလိုက်ရသလိုပါပဲ။

ခံစားချက်ကလေးနှစ်ခုကို ယှဉ်ကြည့်ရအောင်ပါ။

ကရ၀ိတ်ခန်းမပေါ်သို့ ပြေတီဦးလှမ်းတက်လာတဲ့ခံစားချက်ဟာအောင်မြင်မှုတွေ၊ ယုံ ကြည်မှုတွေ၊ ကျေနပ်မှု
တွေ၊ပျော်ရွင်မှုတွေ၊အားရမှုတွေပါ။

ဘာကြောင့်လဲ ဆိုတော့ ပြည်သူချစ်တဲ့နိုင်ငံကျော်မင်းသား တစ်ယောက်ကမရှိနွမ်းပါးတဲ့ ကလေး တွေကို
ထောက်ပံ့ငွေ ပေးအပ်ရမှာလေ။ ကင်မရာမီးတွေကတစ်ဖျပ်ဖျပ်၊ ရုပ်သံကင်မရှုာ တွေက တလှုပ်လှုပ်၊ ဂုဏ်
သရေရှိလူကြီးလူကောင်းတွေကလည်း တစ်ပြုံးပြုံးပေါ့။

တစ်ဖက်က ထောက်ပံ့ကြေးယူမယ့်ကလေးရဲ့ နေရာကနေ ၀င်ပြီး ကျွန်တော်တို့ခံစား ကြည့်ကြ ရအောင်ပါ။
စင်ပေါ် ကို တက်လာတဲ့ သူ့ရဲ့ရင်ထဲမှာ အားငယ်စိတ်၊ သိမ်ငယ်စိတ်၊ရှက်စိတ်၊ ကြောက် ရွံ့စိတ် တွေ နဲ့ ပါ။ ဘယ်လူငယ်တစ်ယောက်ကမှအဲဒီလိုတက်ယူရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက် ပျော်ရွင်ခြင်း ဖြစ်မှာ မဟုတ်
ဘူးဆိုတာ သေချာပါတယ်။

ဘာကြောင့်လဲဆိုရင် လူတွေအများကြီးရဲ့ကြားထဲမှာ ပွဲကိုလာတဲ့လူတွေအားလုံး ၀ိုင်း ကြည့်နေတဲ့
မျက်လုံးတွေရဲ့ရှေ့မှာ ပြေတီဦးကမ်းပေးတဲ့လက်ထဲက သူယူရမယ့်အရာဟာ သူ့ကိုဂုဏ်ပြုတဲ့ ချီးမြင့်တဲ့
ဆုကြေးငွေ မဟုတ်ဘဲသူ့မိဘတွေက ဆင်းရဲလွန်းလို့ သူ့ကို ကျောင်းဆက်ထားမပေးနိုင်တဲ့အတွက်
ထောက်ပံ့ကြေး ကို သူယူနေရတာပါ။

သူယူရတဲ့နေရာ က ကင်မရာမီးတွေ တစ်ဖျပ်ဖျပ်၊ ရုပ်သံကင်မရာတွေတစ်လှုပ်လှုပ် ၊ ဂုဏ် သရေရှိ လူကြီး
လူကောင်းတွေကလည်း တစ်ပြုံးပြုံးနဲ့နေရာလေ။ ကျွန်တော်ကျွန်မတို့ ဆင်းရဲပါတယ်။ ကျွန်တော်ကျွန်မတို့နွမ်းပါးပါတယ်။
ကျွန်တော် ကျွန်မတို့ဟာ ပြေတီဦးပညာရေးဖောင်ဒေးရှင်း ကထောက်ပံ့တဲ့ငွေနဲ့ ကျောင်း တက်နေရတဲ့သူတွေပါဆိုတာကို လူတွေသိသွားအောင်လူတွေမြင်သွားအောင် အလုပ်ခံလိုက်ရ တာနဲ့ အတူတူပါပဲ၊
တက္ကသိုလ် ၀င်တန်းမအောင်ခင်တစ်ချိန်လုံး သူတို့တွေဟာ သူတို့တက်ရောက် ပညာသင်ကြားရတဲ့ စာသင်ခန်း ရဲ့ကျောင်းထဲမှာ ပညာဂုဏ်နဲ့ လင်းလက်ခဲ့တဲ့ လူတွေချည်းပါပဲ။

သူတို့ကို ကြည့်တဲ့မျက်လုံးတွေဟာ အားကျမှု၊ ဂုဏ်ယူမှု၊အထင်ကြီးမှုတွေနဲ့ အကြည့်ခံခဲ့ ရမှာပါ။
ထောက်ပံ့ငွေပေးအပ်တဲ့ အခမ်းအနားကမျက်လုံးတွေနဲ့ တခြားစီပေါ့။


အဲဒီအခမ်းအနား မှာ အဲဒီလိုပေးပြီး ပေးတဲ့ပုံတွေကို ဂျာနယ်ရဲ့စာမျက်နှာထဲမှာ ပုံအကြီးကြီး နဲ့ထပ်ပြီးဖော်ပြလိုက်တာဟာသူတို့လေးတွေရဲ့ အနာဂတ် ညှိုးနွမ်းသွားအောင် သူတို့လေး တွေရဲ့ရင်ထဲမှာ သိမ်ငယ်စိတ်
တွေ ၀င်သွားအောင်လုပ်လိုက်သလိုပါပဲ။

ဒီလုပ်ရပ် ဟာ ကျွန်တော်ရေးပြတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်သွားတယ်ဆိုတာ ပြေတီဦးက မသိဘူး ဆိုရင်
တောင်မှ သူ့ရဲ့ဖောင်ဒေးရှင်းကော်မတီမှာပါတဲ့အဖွဲ့ဝင်တွေ သိသင့်ပါတယ်။ သိဖို့ လည်း ကောင်းပါတယ်။
သားသမီးချင်းလည်း စာနာကြည့်သင့်ပါတယ်။

တကယ်ဆိုရင် ထောက်ပံ့ကြေးထူရတယ်ဆိုကတည်းက အဲဒီကလေးနဲ့ အဲဒီကလေးရဲ့မိဘတွေဟာ အင်မတန်
မှကို ဆင်းရဲနွမ်းပါးလွန်းလို့ဆိုတာ သေချာပါတယ်။ ဆင်းရဲနွမ်းပါတဲ့ကြားက သူတို့ရဲ့ရင်သွေး သားသမီးလေးတွေ
ကိုမရှိ ရှိတဲ့ကြားက ဆယ် တန်းအောင်တဲ့ အထိ ကြိုးစားရုန်းကန်ပြီးထားပေးခဲ့ကြရတာပါ။

ဆေးကျောင်းဆက်မထားနိုင်လို့ အားငယ်နေကြတဲ့အချိန်နဲ့ ပြေတီဦးပညာဖောင်ဒေးရှင်းရဲ့ ထောက်ပံ့ မှုကြောင့်
သူတို့သားသမီးလေးတွေ ဆေးကျောင်းဆက်တက်ခွင့် ရပြီလို့ သိတဲ့အချိန်မှာ သူတို့တွေရင်ထဲ အရမ်းပျော်သွားမှာ
သေချာပါတယ်။

ဒါပေမယ့် နှစ်ပတ်လည်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပွဲရဲ့ အစီအစဉ်တွေကို ဂျာနယ်တွေထဲမှာ ဓါတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ
ဖော်ပြလိုက်လို့ သူတို့နေတဲ့မြို့နယ်တွေအထိ ရောက်သွားပြီး သူတို့ များ ကြည့် လိုက်ရမယ် ဆိုရင်လူငယ်တွေရဲ့ မိဘတွေ ပျော်နိုင်ပါ့မလား။

သူတို့ သားသမီးပုံပါတဲ့ ဂျာနယ်ကြီးကို လက်ကကိုင်ပြီး ဟောဒါ ငါ့သားကွ၊ ဟောဒါ ငါ့သမီးလေးကွလို့ ပြုံးပျော်
ကြည်နူးပြီး ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို လိုက်ပြနိုင်ပါ့မလား။

ကျွန်တော်ရေးပြတာတွေကို စာဖတ်သူ သေသေချာချာ စဉ်းစားကြည့်ပါ။ စာဖတ်သူကိုယ်တိုင် အဲဒီကလေးရဲ့
နေရာအဲဒီကလေးတွေရဲ့ မိဘနေရာမှာ ၀င်ခံစားကြည့်လိုက်ပါ။ အဖြေက ရှင်းရှင်းလေးပါပဲ။

လှူတာတန်းတာ ပေးတာကမ်းတာ ထောက်ပံ့တာဟာ အင်မတန်မှ ကောင်းပါတယ်လို့ကျွန်တော် ရေးခဲ့ပါတယ်။ ကျွန်တော်သူ့ငယ်ချင်း ပြေတီဦးရဲ့ရည်ရွယ်ချက်ကလည်း အင်မတန်မှ ကို မွန်မြတ်ပါတယ်။

ဒါပေမယ့် သူနဲ့ သူ့ကော်မတီရဲ့ လုပ်ဆောင်ချက်ကတော့ သူတို့ထောက်ပံ့ပေးတဲ့ ကလေး တွေရဲ့ အနာဂတ် နဲ့
အညွန့်တွေကို ဆုပ်နယ်ချေမွ ဖျက်ဆီးပစ်နေသလိုပါပဲ။

လူငယ်ဆိုတာ အညွန့်တစ်လူလူနဲ့ အရွယ်ပါ။ ပိုပြီးဆိုးတာက ကိုယ့်ရဲ့အားနည်းချက်၊ ကိုယ့်ရဲ့သိမ်ငယ်တဲ့ အချက်၊
ကိုယ့်ရဲ့ညံ့တဲ့အချက် ကို တခြားသူ သိမှာ အင်မတန်မှ စိုးရိမ်ပါတယ်။

အဲဒီနေ့က ထောက်ပံ့ကြေးလက်ခံရယူသွားတဲ့ ကလေးတွေဟာ သူတို့ပုံပါတဲ့ဂျာနယ် ကြီးကို လက်ကကိုင်ပြီး
သူတို့တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းမှာသူတို့သူငယ်ချင်း တွေရဲ့ကြားမှာ ဒါ ငါ့ပုံလေ ဒါ ငါ့ပုံလေလို့
ဝမ်းသာပျော်မြူးပြီး လိုက်ပြနေလိမ့်မယ်လို့ စာဖတ်ပရိတ်သတ်ထင်ပါသ လား။ ကျွန်တော် ကတော့ လိုက်ပြမယ်
မဟုတ်ဘူး ဆိုတာတစ်ထစ်ချယုံကြည်ပါတယ်။

ကူညီထောက်ပံ့တဲ့နေရာမှာ စေတနာရှင်းရှင်းနဲ့ ထောက်ပံ့ကူညီပေးအပ်လိုက်ပါ။ လူသိဖို့ မသိဖို့က အဓိက မကျ
ပါဘူး။ကိုယ့်ရဲ့ထောက်ပံ့မှုကို ကိုယ်ကလူတွေကို သိစေချင်ပေမယ့် အထောက်အပံ့ခံရတဲ့ ကလေးတွေက လူတွေ
ကို သိစေချင်သလား၊ မသိစေချင်ဘူးလား ဆိုတာ မသေချာသလို သူတို့ ရဲ့မျက်နှာလေးတွေကို လူတွေ မြင်စေချင်
သလား၊ မမြင်စေချင်ဘူးလားဆိုတာလည်း ထောက်ပံ့သူ တွေ မသိနိုင်ပါဘူး။

ကိုယ့်ရဲ့ထောက်ပံ့မှုကို လူတွေသိစေဖို့အတွက် စီစဉ်ဖန်တီးလိုက်တဲ့အခမ်းအနား တစ်ခု ဟာ လင်းလက် တောက်ပ
တဲ့ အနာဂတ်တွေ ကိုယ်စီရှိနေတဲ့ လူငယ်တွေကို သိမ်ငယ်စိတ်ဝင် အောင် လုပ်ပစ် လိုက်တာမျိုး ညစ်နွမ်းသွား
စေတာမျိုး မဖြစ်ရင် ပိုကောင်းတာပေါ့။

ဆရာဦးမြတ်ခိုင်တို့ ဆရာဦးဝင်းငြိမ်းတို့ဆိုတာ မြန်မာနိုင်ငံမှာတော့ တကယ့်ကို နာမည် ကျော် စာနယ်ဇင်း ဆရာတွေ
ပါ။ စာနယ်ဇင်းကျင့်ဝတ် ကို သူတို့ကောင်းကောင်း သိကြတာပေါ့။ စာနယ်ဇင်းတစ်ခုခုရဲ့ စာမျက်နှာပေါ်မှာ သတင်း
ဓါတ်ပုံတစ်ခုခု ကိုဖော်ပြတော့မယ်ဆိုရင် အဲဒီသတင်းဓါတ်ပုံဟာ ကာ ယကံရှင်ကို ကောင်းကျိုးဖြစ်စေသလား၊ ဆိုးကျိုး
ဖြစ်စေသလားဆိုတာ အရင်ဆုံး စဉ်းစာရမှာပါ။

သူတို့ထည့်လိုက်တဲ့ ဓါတ်ပုံထဲမှာ ကာယကံရှင်ပေါင်း ၃၂ ယောက်ပါပါတယ်။ အဲဒီ ၃၂ ယောက် ထဲမှာမှသူတို့ ထည့်
လိုက်တဲ့ ဓါတ်ပုံကြောင့် အကျိုးရှိစေတာ၂ ယောက်တည်းပါ။

ဘယ်သူတွေလဲ ဆိုတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ပါ။

သူတို့ရဲ့ အလှူဒါနကို သူတို့ကို ချစ်ခင်အားပေးတဲ့ ပရိတ်သတ်ကြီး မြင်ခွင့်ရတဲ့အတွက် သူတို့ နှစ်ယောက် အတွက်
အကျိုးရှိတာပေါ့။ ဒါပေမယ့် ဒီဘက်က အယောက်သုံးဆယ်နေရာမှာ ၀င်ပြီး စဉ်းစားကြည့်ကြရအောင်ပါ။ အဲ ဒီသတင်း
ဓါတ်ပုံပါသွားတဲ့အတွက် အဲဒီလူငယ် အယောက်သုံးဆယ်ရယ်၊ အဲဒီ အယောက်သုံးဆယ့် ရဲ့ ညီအစ်ကို မောင်နှစ်မ
မိဘဆွေမျိုး အသိုင်းအ၀ိုင်းတွေရယ်ဟာ ဂုဏ်တက်သွားမလား၊ စိတ်ချမ်းသာသွားမလား ဆိုတာ လူသားချင်း ကိုယ်ချင်း
စာနာတတ်တဲ့ စိတ်ရှိမယ်ဆိုရင် အလွယ်တကူနဲ့ စဉ်းစာကြည့်ပြီး အဖြေကို သိနိုင် ပါတယ်။

ဒါရိုက်တာမောင်မျိုးမင်းဆိုရင်လည်း လူတွေရဲ့စိတ်ကို ပေါ်လွင်အောင် ရိုက်တဲ့နေရာမှာ အင်မတန်မှကို တော်တဲ့ တတ်
တဲ့ပုဂ္ဂိုလ်တစ်ဦးပါ။ သူ့မှာလည်း သားသမီးသုံးဦးရှိပါတယ်။ ဒါရိုက်တာ တစ်ယောက် ဖြစ်တဲ့အတွက် ကလေးတွေရဲ့စိတ်၊
လူငယ်တွေရဲ့စိတ်ကို ပိုသိတာပေါ့။

ကိုဝင်းကြည်ကိုတော့ထားလိုက်ပါ။ သူကတော့ စီးပွားရေးလောက်ပဲသိတာလေ။ လှူဒါန်းထောက်ပံ့ပေးအပ်တဲ့ ဒီလိုပွဲမျိုး
ကို ဒီလိုပုံသဏ္ဍာန်မျိုးနဲ့ ပေးအပ်ထောက်ပံ့လိုက်ရင် အထောက်အပံ့ခံ လူငယ်တွေရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်သွားနိုင်တယ်
ဆိုတာ ပြေတီဦးရယ်၊ စာနယ်ဇင်း ဆရာနှစ်ယောက်ရယ် ဒါရိုက်တာတို့ရယ်ဟာ ကိုယ်ချင်းစာတတ်တဲ့စိတ်နဲ့ ဘက်ပြောင်း
စဉ်းစားကြည့်မယ် ဆိုရင် အလွယ်တကူ သိနိုင်ပါလိမ့်မယ်။
အစပိုင်းမှာ ရေးခဲ့သလိုပါပဲ။ ဒီစာကို မရေးရရင် မနေနိုင်လွန်းလို့ကို ရေးတာပါ။

မိုက်မဲလွန်းလို့ရေးတာလို့ ပြောရင်လည်း ရပါတယ်။ ဒါပေမယ့် ရေးသင့်တယ်ထင်လို့ ကျွန်တော် ရေးတာပါ။ လာကြဦး
မှာပါ။လူငယ်တွေနဲ့ ပတ်သက်တဲ့ ဖောင်ဒေးရှင်းတွေ တစ်ခုပြီးတစ်ခု၊ တစ်ခုပြီး တစ်ခု၊ မိုးဦးကျမှာ ပေါက်လာတဲ့ မှိုပွင့်တွေလိုပေါ့။ အဲဒီဖောင်ဒေးရှင်း တွေအကုန်လုံးဟာ ဆင်းရဲနွမ်းပါးတဲ့ လူငယ်တွေကို ပညာသင်ကြား ဖို့ ထောက်ပံ့ ငွေတွေပေးမယ်။

ထောက်ပံ့ငွေပေးတဲ့ အခမ်းအနားကိုလည်း ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်မယ်။ ပြီးတော့ ဓါတ်ပုံတွေရိုက်မယ်၊
ရိုက်ထားတဲ့ သတင်းဓါတ်ပုံတွေကို စာနယ်ဇင်းဆရာများက ဂျာနယ် စာမျက်နှာတွေပေါ်မှာ ဝေေ၀ဆာဆာနဲ့ ဖော်ပြကြ
ဦးမယ်ဆိုရင် ထောက်ပံ့ကြေးကို လက်လံ ရယူရမယ့် ကလေး တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို စာဖတ်သူမှန်း ကြည့်လို့ရပါတယ်။

တစ်စုံတစ်ယောက်ကပြောလို့ ဒီစာစုကို ပြေတီဦး သော်လည်းကောင်း၊ ဦးမြတ်ခိုင် သော်လည်းကောင်း၊ ဦးဝင်းငြိမ်း
သော်လည်းကောင်း၊ ဦးမျိုးမင်း သော်လည်းကောင်း ဖတ်မိခဲ့ရင် ကျွန်တော် အပေါ်မှာ ပြောစရာတွေ ရေးစရာတွေ
ချေပစရာတွေ ရှိလာကြမှာပါ။

ဖုန်မထပါဘူး၊ မလိုအပ်ပါဘူး၊ ပွဲဆူအောင် သက်သက်လုပ်တာလို့ ယူဆပြီး ဘာမှမပြော ကြ၊ မရေးကြ ရင်တော့
သူတို့ရော ကျွန်တော်ရော အလုပ်မပိုတော့ဘူးပေါ့။

တကယ်ပြောတာပါ။ ဘယ်သူ့ကိုမှ အမုန်းပွားပြီး ဒီစာစုကို ကျွန်တော်ရေးတာမဟုတ်ပါဘူး။ လူငယ်တွေကို တကယ်
ချစ်တယ်ဆိုရင် လူငယ်တွေရဲ့ အနာဂတ်လှပအောင် ထောက်ပံ့ကူညီပေးချင်တယ်ဆိုရင် သူတို့ရဲ့ နှလုံးသား တွေကို
မြင်အောင်ကြည့် တတ်ကြဖို့ သူတို့နေရာက နေ၀င်ပြီးတော့ သူတို့ရဲ့ခံစားချက် ကို ခံစား နားလည် တတ်အောင်လို့
ကျွန်တော်ရေးတာပါ။

ဖောင်ဒေးရှင်းမလုပ်ဘဲ အသင်းအဖွဲ့မထောင်ဘဲ ဂျာနယ်တွေထဲကိုမထည့်ဘဲ လူငယ်တွေ ကို လူကြီး တွေကိုရော
လုပ်ဖော်ကိုင်ဖက်တွေကိုရော ထောက်ပံ့ကူညီ စောင့်ရှောက်ပေးနေတဲ့ သူတွေ ကျွန်တော် တို့ရဲ့လူမှုပတ်ဝန်းကျင်
အသိုင်းအ၀ိုင်းမှာအများကြီးရှိပါတယ်။ ထောက်ပံ့တယ်၊ လှူတယ်ဆိုတာ ကောင်းပါတယ်။ အထူးသဖြင့် တောက်ပတဲ့
အနာဂတ်ကိုယ်စီရှိတဲ့လူငယ်တွေကို လှူဒါန်းထောက်ပံ့တာ ဟာ အင်မတန် ကောင်းမွန် တဲ့ အစီအစဉ်ပါ။
ဒါပေမယ့် လှူတတ်ဖို့တော့ လိုတာပေါ့။

ဒီစာစုနဲ့ ပတ်သက်ပြီး ရေးသားခဲ့သမျှ အစကနေအဆုံးအထိက ကျွန်တော့်ရင်ထဲကဆန္ဒ အမှန်ပါ။
ဒီစာစု ကိုဖတ်ပြီး စိတ်ထဲမှာ တစ်ခုခုခံစားသွားရလို့ ကျွန်တော့ဘက်ကိုတုန့်ပြန်ချင်တဲ့ ဆန္ဒရှိတဲ့ ဘယ်လို လူမျိုးမဆို
ကျွန်တော့်ကို တုန့်ပြန်ဖြေရှင်းလို့ ရပါတယ်။ ဘယ်လို ပုံသဏ္ဍာန်မျိုးနဲ့ပဲ တုန့်ပြန်တုန့်ပြန်၊ ဖြေရှင်းဖြေရှင်း ကျွန်တော့်
ဘက်ကတော့ အားလုံးအတွက် အဆင်သင့် ပါပဲ။
လှူဒါန်းတတ်ကြပါစေ (မင်းအုပ်စိုး၊ သရပါ မဂ္ဂဇင်း ဇန်နဝါရီ ၂ဝ၁၂)
***********************************************************
ပို့ပေးသူက မူရင်းစာရေးသူ၏အဘော်ဖြစ်သောဓါတ်ပုံကျန်ခဲ့တာကြောင့်
အဆိုပါဆောင်းပါနှင့်ကိုက်ညီမည်ဖြစ်သော် ပုံကို ကျွန်တော်တို့ မှ အသုံးပြုလိုက်ပါသည်
ပို့ ပေးသူသည်လည်းနောင်အခါများတွင်ဓါတ်ပုံပါသေချာစွာထည့်ပေးရန် မေတ္တာရပ်ခံပြီး
မူရင်းစာရေးသူအားလည်း ကျွန်တော် မောင်ကျောက်ခဲ နှုင့် မောင်မောင်ဒိန် မှ တောင်း
ပန်လိုက်ပါသည်။
************************************************************

မြင့်မြတ်သော မြန်မာအမျိုးသမီးများကဲ့ သို့ ပြုမူနေထိုင် ကျင့်သုံးပါ။စင်ကာပူမှ မြန်မာ အသိုင်းအ၀ိုင်းများသိရှိစေရန်။

အေးချမ်းသာယာနေသော စင်ကာပူနိုင်ငံ၏ညနေခင်းတစ်ခုတွင် စုံတွဲတစ်တွဲ
(လက်ထပ်ထားသော)ပြောင်းရွှေလာပါသည်။ဥပမာ မလှ နှင့် မောင်မြ ဟုထိုသူတို့ နာမည်အစားပြောဆိုကြပါစို့ ။စင်ကာပူနိုင်ငံတွင်မြန်မာလူမျိုးများသည်
ကိုယ်ပိုင်တိုက်ခန်းနှင့်နေရာများ ၀ယ်ယူရန် ငွေအင်အားမတတ်နိုင်သည်ကတချက်၊ငွေချမ်းသာသော်လည်း စင်ကာပူနိုင်ငံသားမခံယူထားလျှင် ပိုက်ဆံရှိသော်ငြားလည်း ကိုယ်ပိုင်အိမ်ဝယ်ယူရန်မဖြစ်နိုင်ကြသည့်အတွက်
စင်ကာပူသို့အကြောင်းအမျိုးမျိုးနှင့်လာရောက်အလုပ်လုပ်ကိုင်နေကြသူများ၊ အလည်အပတ် Visit Visa ( ၁ ) လဖြင့်လာရောက်လည်ပတ် အလုပ်ရှာသူများ၊ စင်ကာပူတွင် လာရောက်ကျောင်းတက်သူများနှင့် ကျောင်းတက်
မှ နေခွင့်ရရှိပြီးအလုပ်လုပ်ရရှိရန်ကြိုးပန်းနေသူများနှင့် မိမိအိမ်ထောင်ဖက်အားမှီခို နေထိုင်ခွင့်နှင့်နေထိုင်သူများ၊ စသည်ဖြင့် အမျိုးမျိုးရှိကြပါသည်။ထို့ ကြောင့် မြန်မာလူမျိုးများသည် မြန်မာအိမ်များ
တွင်သော်လည်းကောင်း၊နိုင်ငံခြားသားအိမ်များတွင် သော်လည်းကောင်းဌားရန်းနေထိုင်လျှက်ရှိကြ
ပါသည်။ထိုကဲ့သို့ အများထဲမှ စုံတွဲတစ်တွဲအကြောင်းကိုပညာပေးအနေနှင့် ဖြစ်ရပ်မှန်ကိုတင်ပြပေးပါမည်။
ထိုစုံတွဲသည် ကျွန်ုပ်နေထိုင်သောအိမ်သို့ပြောင်းရွှေ့ လာပြီး ပြောင်းကာစ ပထမလတွင် အနေအထိုင်များမှာအပြစ်ပြောစရာများမရှိခဲ့သော်လည်း အချိန်နှင့်အမျှ တစ်လခန့်ကြာပြီးသောအခါတွင် ထိုသူတို့ စရိုက်သည် တစ်စ တစ်စ ဖြင့် ပေါ်ပေါက်လာခဲ့ပါသည်။ညလူချိန်ဆိုလျှင်လည်း သူတို့နေထိုင်သည့်အခန်တံခါးကို ညင်သာစွာပိတ်လေ့မရှိပဲ အားဖြင့် တအားဆွဲပိတ်တတ်ကြသဖြင့်တစ်အိမ်လုံး
မှ လူများသည်လည်းအိပ်ကောင်းခြင်းမအိပ်ရသည်များရှိလာခဲ့ပါသည်။ထို့ နောက်ပိုင်းတွေ ထိုစုံတွဲမှ အမျိုးသမီး(မလှ)သည် ကျွန်ုပ်၏မိခင်နှင့်စကားများပြောရင်း စကား စပ်ဆက်မိသောအခါတွင် ထိုသူ၏ခင်ပွန်းမောင်မြ၏လုပ်ရက်များသည် လွန်စွာအကျဉ်းတန်ရုပ်ဆိုးပြီး လွန်စွာမုန်းတီးဖွယ်
ကောင်းလောက်သောသူတစ်ယောက်ဖြစ်သည်ဟု သိရှိရပါသည်။အဘယ်ကြောင့်ဆိုသော် မောင်မြသည် မြန်မာပြည်တွင်ရှိနေစဉ်က ၅ နှစ်ကျော်မှ ဇနီးအဖြစ်ပေါင်းသင်းခဲ့သူအပေါ် ပြူမူမှူများသည် အိမ်စေတစ်ယောက်ကဲ့သိုနှင့် မောင်မြ၏ဝေရာဝစ္စအရာများအပြင် ညဖက်တွင် အသုံးတော်ခံအဖော်ကဲ့သို့ ပြုမူ နေထိုင်နေသည်ကို မလှ(မောင်မြ၏ဇနီးသည်)၏ ပြောပြချက်အရ သိရှိခဲ့ရသည်။မလှသည် ကျွန်ုပ်
စာရေးသူ၏မိခင်အား သူ၏အဖြစ်ပျက်များကိုပြောပြနေရင်းဖြင့် မျက်ရည်များကျပြီး ငိုကြွေးနေသည်။မောင်လှသည် စင်ကာပူနိုင်ငံတွင် PR (အမြဲတမ်းနေထိုင်ခွင့်)ရရှိထားသူဖြစ်သောကြောင့် မလှသည်ခင်ပွန်းသည်ရှိသော စင်ကာပူနိုင်ငံသို့အရောက်လိုက်လာခဲ့ပြီး ခင်ပွန်းသည်၏ PR ဖြင့် မှီိခိုနေထိုင်ခွင့်ရရှိခဲ့သည်။ထို့သို့ မှီခိုနေထိုင်ခွင့်ရရှိနေမှုအပြင် မလှသည် စင်ကာပူနိုင်ငံ၏ ဖိနပ်ရောင်းသည့်ဆိုင်လေးတွင်တစ်လလျှင် စင်ကာပူငွေ ၉၀၀ ဖြင့်ဝင်ရောက်လုပ်ကိုင်လျှက်ရှိပါသည်။မလှရရှိသော လစာ ၉၀၀ ထဲမှ အိမ်အသုံးဖိုးနှင့် မီးဖိုချောင်အသုံးစရိတ်များအပြင် ခင်ပွန်းသည်အတွက် စားစရာသောက်စရာများကိုပါစီမံ ပေးနေရသဖြင့် သူ၏လစာ ၉၀၀မှာ လစဉ်လောက်ဌ ရုံပဲရှိပါသည်။ခင်ပွန်းသည်မောင်လှသည် ဇနီးသည်အားစင်ကာပူတွင်တူတူနေထိုင်နေသော်လည်း အိမ်ဌားသည့် လစာ အခန်းတစ်ခန်းဖိုး ၇၀၀(စင်ကာပူငွေ)သာပေးဆောင်သည်။ဇနီးသည်အား မောမြ ရသည့်လစာ ၃၂၀၀ မှ တပြားတချပ်မှပင် အိမ်အသုံးစရိတ် နှင့် မိမိဇနီးအသုံးစရိတ် ဟုရ်ျလုံးဝ မထုတ်ပေးချေ။မောင်မြ ရရှိသည် လစာ ၃၂၀၀ မှာ အဘယ်သို့ရောက်ရှိသွားသန ည်းဆိုတော့....မောင်မြသည် အိမ်ထောင်ကျသွားသော်လည်း မိဘအား သူရှာသည့်ဝင်ငွေများကိုထောက်ပံလျက်ရှိသည် ။ယင်းအချက်သည် သားကောင်းသားမြတ်လုပ်ရဖြစ်ပါသည်။သို့သော်ငြားလည်း ဇနီးသည် သည်လည်း ခင်ပွန်းအတွက်နှင့်အိမ်မှုအသုံးစရိတ်များ အားတပြားမှမပေးသည့်အပြင် စင်ကာပူနိုင်ငံတွင် နောက်ထပ်အနှောင်အဖွဲ့ တစ်ယောက်ထားရှိပြီး မောင်မြ၏ ပိုက်ဆံများကို တဖက်တလမ်းမှ
ချုယူနေသည်ကိုသိရှိရသည်။ဇနီးသည် မလှသည် ထိုကိစ္စများအားလုံးသိရှိထားသော်လည်း ခင်ပွန်းသည်မောင်မြနှင့် ညှိနိုင်ဆွေးနွေးမရရှိသည့်နောက်ဆုံး မိမိခံစားချက်ကိုကြိတ်မှိတ်ခံစားပြီးဇနီးဝတ်တရားနှင့်တာဝန်ကိုကျေပွန်စွာယနေ့အထိလိုက်ကိုင်နေလျှက်ရှိပါသည်။မြလှသည် မောင်မြနှင့်ဖောက်ပြန်နေ
သော မြန်မာအမျိုးသမီးကိုလည်း ထိပ်တိုက်တွေ့ ကြည့်ပြီးသော်လည်း ထိုအမျိုးသမီး၏ စရိုက်သည်လွန်စွာကြမ်းတမ်းသောကြောင့် မလှသည် မည်ကဲ့သို့မှ မစွမ်းသာပဲငြိမ်နေခဲ့ ရသည့်ဘ၀ဖြစ်သည့်အဖြစ် ကျုကဲ့ နောက်ကွယ်မှဖောက်ပြန်နေသာအမျိုးသမီးကြောင့် မလှနှင့်မောင်မြတို့ စုံတွဲများလည်း မကြာခဏဆိုသလို စကားများ ရန်ဖြစ်ခဲ့ရသည်။
ထိုအမျိုးသမီးသည် စင်ကာပူနိုင်ငံတွင် SPass ဟုခေါ်ဆိုသော အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ကိုင်ဆောင်ထားသည်တစ်ကြောင်းနှင့် မောင်မြနှင့်လက်ထပ်ပြီး မောင်မြ၏ PR(အမြဲတမ်းနေထိုင်ခွင့်)ဖြင့် PR ရရှိရန်ကြိုပမ်းနေခြင်းဖြစ်သည့်အပြင် မောင်လှ၏ လစာဝင်ငွေများကိုလည်း
ချုယူသုံးစွဲစားသောက်နေလျှက်ရှိသည်။ထိုအမျိုးသမီး (အေးအေး) သည် မောင်မြတွင် တရားဝင်ဇနီးသည်ရှိသည်ကို သိသိလျှက်နှင့်ပင်ကျုကဲ့သို့ လုပ်ရပ်များဖြင့် ပြုမူနေထိုင်လျှက်ရှိသည်မှာ မြန်မာမိန်းကလေးအနေဖြင့် အလွန်ပင် အရှက်ရဖွယ်ရကောင်းလှပါသည်ကို သူကိုယ်တိုင်မစဉ်းစားမိချေ။
မြန်မာ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင်လည်း ယခုကဲ့သို့ လုပ်ရက်သည် ရှက်စုတ်ရွံ့ ရှာဖွယ်တော်တော်ကောင်းသော လုပ်ရပ်ဖြစ်ပါသည်။အေးအေးသည် မိမိ ကောင်းစားရန်အတွက်မိမိ ခန္ဒာကိုယ်အားအရင်းပြုပြီး ဇနီးသည်အိမ်ထောင်ရှိသော မောင်မြအပေါ်တဏှာမှုဖြင့်ထိန်းချုပ်ထားလျှက်ရှိနေပါသေးသည်။အေးအေးသည်
မိမိလုပ်ရပ်များကြောင့် တစ်ပါးသူအိမ်ထောင်ရေးပြိုကွဲတော့မည့်အခြေနေထိရောက်ရောင်စွမ်းဆောင်နိုင်ခဲ့သဖြင့် ယခုဆိုလျှင် မောင်မြသည် သူ၏ဇနီးသည် မလှ အား မြန်မာပြည်သို့ အတင်းပြန်ပို့ရန်စီစဉ်လျှက်ရှိနေပါသည်။
အေးအေး သည် မြန်မာမိန်းကလေးကောင်းတစ်ယောက်အဖြစ် သမာသမတ်နည်းလမ်းများဖြင့် မိမိဘ၀ ကောင်းစားစေရန် ကြိုးပမ်းမှူမရှိပဲ မိမိအလွယ်တကူဖြတ်လမ်းနည်းဖြင့် ကောင်းစားနိုင်သည့်နည်းလမ်းကိုသာရွေးချယ်ပြီး မိမိ ခန္ဒာကိုယ်အရင်းနှီးပြုကာ နိမ့်ကျသောနည်းလမ်းများဖြင့်သွေးဆောင်လျှက်ရှိသည်။

အထက်ပါဖြစ်ရပ်များသည် စင်ကာပူနိုင်ငံတွင် ဖြစ်နေကြ ဖြစ်ရပ်များ အဖြစ် မထူးဆန်းတော့ သော်ငြားလည်း
ကျွန်ုပ်မျက်မြင်ဖြင့်ကိုယ်တိုင် တွေ့ မြင်နေရသဖြင့် မြန်မာမိန်းကလေးများအား အထူးသတိပေးလိုသောကြောင့်
အထက်ပါ ဖြစ်ရပ်မှန်များကိုရေးသားဖော်ပြခြင်းဖြစ်သည်။ ထိုကဲ့သို့ကိစ္စများသည် ပြည်ပနိုင်ငံများတွင် မြန်မာဟု မိမိကိုယ်ကို မပြောရဲလောက်အောင် မြန်မာ့ပတ်ဝန်းကျင်တွင် အရှက်ရဖွယ်များဖြစ်သည်။မိမိသည် နိုင်ငံခြားတွင် အမြဲတမ်းနေထိုင်လိုလျှင် မိမိအစွမ်းအစဖြင့်ကြိုစားကြရင်းဖြင့် သမာသမတ်နည်းလမ်းများဖြင့် ခန္ဒာကိုယ်မရင်းနှီးပဲ မိမိ၏ပုံမှန်လစာဝင်ငွေဖြင့်ပျော်ရွှင်စွာနေထိုင်ရင်း ဘ၀ကိုဖြတ်သန်းကုန်လွန်သွားလျှင်အကောင်းဆုံးဖြစ်ပါသည်။

***မြန်မာအမျိုးသားများသည်လည်းမိမိသည် လူပျိုလူလွတ်မဟုတ်လျှင် အိမ်ထောင်ရေးမဖောက်ပြန်ပဲ မိမိဇနီးသည်အား ချစ်ခင်စွာပေါင်းသင်းသင့်ပါသည်။တဏှာစိတ် ကြောင့် မိမိဆန္ဒကိုဖြေဖျောက်လိုပါကလည်း
စင်ကာပူနိုင်ငံအစိုးရမှ တရားဝင်လိုင်စင်များဖြင့် ခွင့်ပြုထားသော နေရာများတွင် အမျိုးသမီးများနှင့်ပျော်ပါးနိုင်ပါသည်။မိမိ၏ဇနီးသည်နှင့် သားသမီးများသည်အဝေးရောက်နေခြင်းသည် သူတို့အတွက် ပြည်ပသို့လိုက်လာရန်အခက်ခဲရှိသောကြောင့်ဟု သင် နားလည်သဘောပေါက်ထားသင့်ပါသည်။
စင်ကာပူတွင် မြန်မာအမျိုးသားအများစု (အကုန်လုံးအားမဆိုလိုပါ။ပါဝင်သက်ဆိုင်သူများသာဆိုလိုပါသည်)သည်မိမိတို့ ဆန္ဒတစ်ခုအတွက်ဆို မိမိတွင်
အိမ်ထောင်ရှိသည်ကိုပင် မစဉ်းစားတော့ပေ။စင်ကာပူသို့ရောက်ရှိလာကာစ မလည်မ၀ယ်အမျိုးသမီးများသည်လည်း Facebook နှင့် Gtalk မှတစ်ဆင့် ထိုသူတို့၏ သားကောင်းများဖြစ်နေရသည်။ထို့ ကြောင့် ပြည်ပနိုင်ငံသို့ရောက်နေသော်ငြားလည်း မြန်မာအမျိုးသမီးများအား နှမသားချင်းကဲ့ သို့ စာနစွာကူညီရိုင်းပင်းပါ။(တဏှာစိတ်ကင်းစွာဖြင့်ကူညီပါ)။

***ပြည်ပရောက်မြန်မာမိန်းကလေးများလည်း မိမိ၏အမျိုးဂုဏ် ဇာတိဂုဏ်နှင့် မိဘ၏ဂုဏ်သိက္ခာအပြင် မိမိပေါင်းသင်းလျှက်ရှိသော ပတ်ဝန်းကျင်တွင် မွန်မြတ်သောလမ်းစဉ်များဖြင့် ကျင့်သုံးနေထိုင် လုပ်ကိုင်ရှာဖွေကြနိုင်ပြီး ဘ၀တွင် မိမိတကယ်ချစ်မြတ်နိုးသော ဆင်းရဲချမ်းသာမရွေး မိမိတကယ် မေတ္တာသက်ဝင်ပေါင်းသင်းနိုင်သည့် ဘ၀လက်တွဲဖော်တွေ့ နိုင်ကြပါစေလို့ ဆုတောင်းရင်ဖြင့်..............


လေးစားခင်မင်စွာဖြင့် ,

ရဲသီဟ (Navy)

စင်ကာပူမြို့ ။

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။