MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, February 7, 2012

ရဲဝံ့ပြတ်သားစွာ အံတုပြလိုက်သော ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းသား ၊ကျောင်းသူများ

မင်္ဂလာနေ့ လေးတနေ့ ပါခင်ဗျာ

ဒီနေ့  7 . 2 . 1012


နေ့ မှာ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

သည်ပုသိမ်းမြို့ သို့ နေ.လယ် 11း00 တွင် အောင်မြင်စွာရောက်ရှိလာပါသည်။

လမ်းတလျှောက်ပန်းပိတောက်များဝေနေသကဲ့သို့  ကြိုဆိုသူများမှာ


လူပင်လယ်ကြီးသဖွယ်ပင်ထင်မှတ်ရပါသည်

တခု့ ထူးခြားသည်မှာ မေမေစု ပုသိမ် သို့ လာရောက်မည်ဟု စတင်ပြောကြားသည့်နေ့ 


တွင် ပုသိမ်းရှိ ကျောင်းများအားလုံး အချိန်အခါ မဟုတ်ဘဲ စာမေးပွဲကို ဖြေဆိုရမည်


7.2.2012 ရက်နေ့ မှာ ကျောင်းသို့ မတက်ရောက်ပါက

စာမေးပွဲဖြေဆိုခွင့် ရုတ်သိမ်းမည်ဆိုပြီး ကျောင်သားကျောင်းသူများကို


ဖွတ်ကောင်တွေက ဖွတ်အမိန့် ပေး တော့

ဖွတ်ဆရာ ဖွတ်ဆရာမတွေနှင့် ပုသိမ် ဖွတ်ပညာရေးမူးမှ ထုတ်ပြန်ထားပါသည် ။

သို့ သော်လည်း ပုသိမ်းရှိကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူ များသည်


နံနက်6း00 နာရီလောက်ကပင်

နှင်းမူန်ပါးပါးလေး ကြားတွင် အအေးဒဏ်ကိုအံတု့ လျှက်


ချစ်သော မေမေစု ကို ကြိုဆိုရန်အတွက်

စိတ်အားထက်သန်စွာဖြင့်စောင့်မျော်လျှက်ရှိကာ ဖွတ်ကျော်တော်မှ


ဖွတ်ဆရာ ဆရာမ များကို

ခွပ်ဒေါင်းမျိုးဆက်သွေး ရဲရဲနီ ကြောင်းပြသခဲ့ကြတာ ဟာဖြင့် မြန်မာ့သမိုင်းမှာ အင်္ဂလိပ်ကို

ဆန့် ကျင်အံတု့ ခဲ့တဲ့ပထမဦးဆုံးကျောင်းသားသပိတ်ပြီးရင် ဖွတ်တွေကို


အံတုပြလိုက်တဲ့ ပထမဦးဆုံး

မျိုးဆက်သစ် ခွပ်ဒေါင်းကျောင်းသားတို့ ရဲ့  ရဲရဲတောက် လိုက်ခြင်းကို

ကျွန်ုပ်နှင့် တကွ ဧဒင်မောင်နှမ များမှလည်း


ပုသိမ် ကျောင်းသားကျောင်းသူများအားဂုဏ်ယူလေးစားပါကြောင်း


ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းသား ၊ကျောင်းသူများ ကြိုဆိုကြပုံ


အမေစု ကျန်းမာပါစေဟု သံပြိုင်ဆုတောင်းပေးနေကြသော


ပုသိမ်နည်းပညာတက္ကသိုလ်ကျေားသား၊ကျောင်းသူများ


အမေစုရဲ့ ကားပေါ်မှ မြင်ကွင်း..

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆောင်းမနက်ခင်း အေးအေးမှာ


ဇွဲကောင်းကောင်းနဲ့ စောင့်မျှော်နေကြတဲ့ ပုသိမ်လူထု.

ပြည်သူချစ်သော လူထုခေါင်းဆောင် 'ဒေါ်အောင်ဆန်းစုကြည်' အား


ယုံကြည်လေးစားမြတ်နိုးစွာဖြင့် ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်နဲ့ အတူ


ကြိုနေတဲ့ သောင်းချီတဲ့ပုသိမ်လူထုကို အရင် ၁၉၈၉


ဧရာဝတီတိုင်းခရီးစဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မိန့်ပေခဲ့ဖူးတဲ့ အဲ့တုန်းက


နတခ တိုင်းမှုး ဗိုလ်ချုပ်မြင့်အောင် ကို မြင်စေချင်တယ်..။


စစ်ဘုရင်များသဖွယ် ကိုယ်အုပ်ချုပ်တဲ့ စစ်တိုင်းမှာ အာဏာလက်ဝါးစောင်းထက်ခဲ့တဲ့


`အောင်၊ ဘ၊ ကြည်´ ဂိုဏ်းဝင် ဗိုလ်မြင့်အောင်ရဲ့ မိုက်ဂုဏ်ကြီးတဲ့ "ဗမာပြည်မှာ


တခြားနေရာတွေ ဒီမိုကရေစီ ရချင်ရင်ရမယ်၊ ငါ အုပ်ချုပ်တဲ့ ဧရာဝတီတိုင်းမှာ ဒီမိုကရေစီ


မရစေရဘူး" ဆိုတဲ့ လူမိုက်စကားကိုလည်း သတိရပါရဲ့..။ သွားလေသူ လူရမ်းကားကြီးရဲ့


စကားမပီတဲ့ မင်းသမီးလေးအပါအဝင် ရှုပ်ခဲ့သမျှ အရှုပ်ထုပ်


အညှီအဟောက်ဇတ်လမ်းတွေလည်း ခေါင်းထဲရောက်လာပါတယ်..။


တပါတည်း အမိုက်ဇတ် အမြင့်ဆုံးဖြစ်နေတဲ့ အချိန်မလို့ သားသတ်သမားကြီးရဲ့


ရဟတ်ယာဉ် ပေါ်က ကိုယ်တိုင်ဦးစီးညွှန်ကြားပြီး မဲမဲမြင်ရာ


လယ်တဲတွေမချန် ရော့ကက်ခ်နဲ့ပစ်လက်တည့်စမ်းခဲ့တာတွေ၊ သူရဲ့ နောက်ထပ်


နာမည်ကျော်ခဲ့တဲ့ စကားဖြစ်တဲ့..ဘာတဲ့.."ငါအသံမကြားချင်ဘူး" ဆိုတာကြောင့်


ဝါးရင်းတုတ်နဲ့ ရိုက်သတ်ပစ်ခဲ့တဲ့ ဖြစ်ရပ်တွေပါ အပါအဝင် ဧရာဝတီတိုင်းက


ကရင်တွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေကိုလည်း သတိရမိပါတယ်..။ လောကမှာ


အဆုံးစွန်အထိ မိုက်ခဲ့သူကြီး မသေခင် သံဝေဂ ကလေးများရသွားပါရဲ့လားလို့လည်း


သိချင်မိပါရဲ့..။


သွားလေသူတို့ နောင်တ တရားမရခဲ့ရင်တောင် လက်ရှိသက်ရှိထင်ရှားရှိသူများ


သံဝေဂတရားလေးများထား အမှားတွေ၊ အမိုက်တွေအတွက် ဝန်ချတောင်းပန်မှုလေးများ


လုပ်လေမလားလို့လည်း (မင်းရူးနေသလား မေးရင်ခံရမှာပဲ..။) မျှော်လင့်မိပါတယ်..။


ရိုးရိုးသားသားပြောရရင် သံသရာထိတော့မပါစေချင်ပါ..။



'ဒေါင်းတွေရဲ့ကျောင်းမြေ'

ခောတ်အဆက်ဆက်...

ကျောင်းမြေက ဒေါင်းတွေကို မွေးဖွားခဲ့တယ်။

အဲဒီဒေါင်းတွေက...ခွတ်ဒေါင်း...

ကဒေါင်းတွေမဟုတ်....

...ညွှတ်ပြောင်းစိတ်မခွေပဲ.....

ခောတ်အဆက်ဆက်...

ဒေါင်းသွေးနဲ့ ခြေဆေး

ဒေါင်းမွှေးကိုမှ...အခင်းလုပ်လိုသူ...

အာဏာရှင်တွေ ဘယ်လိုဖိနှပ်ပေမဲ့...

ကျောင်းမြေကတော့...ဒေါင်းတွေကိုမွေးမြဲမွေးစဲ

ဒေါင်းပျိုတွေကလဲ....ကျောင်းမြေသား ပီသစွာ

မောင်းပြန်ကိုအာခံ...ဒေါင်းအလံကိုလေမှာလွှင့်

အမျိုးချစ်တဲ့ ထေရှင်တွေနဲ့ 

့လက်ချင်းဆက် ဘ၀ချင်းထပ်ပြီး

အနာဂါတ် မြန်မာပြည်သစ်အတွက်

သူတို့ ဘ၀တွေနဲ့  ထုဆစ်ခဲ့ကြတယ်...

ဟိုး....တစ်ခောတ်ကဒေါင်းတွေ...

ဒီဘက်ခောတ်ဒေါင်းတွေ....

မျိုးဆက်သစ်ဒေါင်းတွေ....

ခောတ်တွေပြောင်း ဒေါင်းတွေပြောင်းပေမဲ့ ...

အိုးဝေ..အိုးဝေသံတေး...

မာန်ဝံ့လို့ ကြွေးနေသေးတာကတော့

ကျောင်းမြေကဒေါင်းတွေမို့ ပါပဲ....







(လူသားဖြစ်တည်မှု နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည်


မိမိတို့ပိုင်ဆိုင်သော ဥစ္စာများထက် များစွာ သာလွန်ပါသည်။


အစိုးရများ၊ နိုင်ငံရေးစနစ် နှင့် အိုက်ဒီယာများဟူသော် ဖြစ်ပျက်သဘောမျှသာ


ဖြစ်ပြီး လူသားဖြစ်တည်မှုသည်သာလျှင် ကျန်ရှိပါမည် )


loversnow999@gmail.com

(( လမင်းကြီးလောက်မလင်းနိုင်ပေမယ့် ကိုယ်ပိုင်အလင်းနဲ့ 

ထွန်းလင်းစေမဲ့ပိုးစုန်းကြူးလေး ပိတောက်မြေ )



"လူမိုက် ဖြစ်ပါလျက် မိမိလူမိုက် ဖြစ်ကြောင်းကိုသိ၏။


ထိုသို့ သိခြင်းကြောင့်ပင် ထိုသူကို ပညာရှိဟုဆိုရ၏။

လူမိုက် ဖြစ်ပါလျက် မိမိကိုယ်ကို ပညာရှိ ဟုထင်၏။


ထိုသူသည်ဟာ တကယ့် လူမိုက် စစ်စစ်ဖြစ်၏"

You do all performance on everything is your morally.

အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှကိစ္စ တိုင်းသည် သင့်၏

ကိုယ်ကျင့်တရားပင် ဖြစ်သည်။ (ပိတောက်မြေ BURMESE )


Posted By, ပိတောက်မြေဘလော့မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။

အလွယ်ကူဆုံး Window Admin Password ကိုဖျက်ကြည့်ရအောင်။

ကွန်ပျူတာတွေမှာ window log in password ပေးထားတတ်ကြပါတယ်. အဲ့လိုပေးထားတဲ့ နေရာမှာ တစ်ချို့က ပေးထားတဲ့ password ကို မေ့သွားလို့၊ တစ်ချို့က password ပေးထားတဲ့ စက်ကို မကြည့်ပဲ ၀ယ်မိလို့၊ ဘယ်လိုအကြောင်းအရာပဲ ဖြစ်နေ ဖြစ်နေ admin password ပေးထားတဲ့ ကွန်ပျူတာကို ၀င်လို့ရအောင် ပေးထားတဲ့ admin password ကို ဖျက်ပစ်လိုက်ကြည့်ရအောင်. အရင်က ပေးထားတဲ့ နည်းက နည်းနည်းလေး အဆင့်များပါတယ်၊ လုပ်နည်းတွေ တောင်လိုပုံနေပါတယ်။ အဲ့ဒီ့အထဲမှာမှ ဒီနည်းလေးက အကောင်းဆုံး၊ အမြန်ဆုံး၊ အလွယ်ဆုံးလို့ ပြောလို့ရပါတယ်။ window xp| window vista | window 7 စတဲ့ window os အားလုံးရဲ့ password တွေကို ဖျက်ပေးနိုင်ပါတယ်။ နောက်ဆုံးထွက်တဲ့ version ပါ။ လုပ်နည်းကအစ ပြောပြပေးပါ့မယ်။

ပေးထားတဲ့ Download link ကနေ Reset Windows Password software ကို Download လုပ်လိုက်ပါ။ ဖိုင်(၃)ဖိုင်ရလာပါလိမ့်မယ်။















အထဲကနေမှ ResetWindowsPwd.iso ဖိုင်ကို nero နဲ့ အခွေ Burn လိုက်ပါ။














အခွေ မ burn တတ်သူများအတွက်ကိုပါ ထပ်ပြောပေးလိုက်ပါ့မယ်။ အရင်ဆုံး nero တင်ထားပေးပါ။ ပြီးရင် ရလာတဲ့ ResetWindowsPwd.iso ဖိုင်ကို Double click နှိပ်ပါ(Double click နှိပ်လို့မှ nero တက်မလာရင် ResetWindowsPwd.iso ဖိုင်ကို right click ထောက်ပြီး open with ကနေ nero express (or) nero burningroom ကိုရွေးပေးလိုက်ပါ)














Nero တက်လာတာနဲ့ burn ကို နှိပ်ပြီးတော့ CD နဲ့ အခွေ ကူးထားလိုက်ပါ။














ရလာတဲ့ ဖိုင်(၃)ဖိုင်ထဲက keygen ကို Double click နှိပ်ပြီး ဖွင့်လိုက်ပါ။
ပြီးလျှင် Name အကွက်ထဲမှာ မိမိနာမည်ကို ရိုက်ထည့်လိုက်ပါ။ အောက်မှာ နံပါတ် အလုံး(၂၀)ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ့ပေါ်လာတဲ့ မိမိနာမည်နဲ့ နံပါတ်ကို စာအုပ်မှာဖြစ်ဖြစ် အခုနက ကူးထားတဲ့ CD မှာ ဖြစ်ဖြစ် ရေးပြီးမှတ်ထားလိုက်ပါ။ ဘာဖြစ်လို့လဲဆိုရင် register version မဟုတ်ဘူးဆိုရင် user account ကိုပဲ ဖွင့်လို့ရပါတယ်. admin account ကို ပေးမဖွင့်ပါဘူး။ register version ဖြစ်မှသာ admin password ကို ပေးဖျက်ပါတယ်။ အဲ့ဒါကြောင့် မှတ်ထားခိုင်းတာပါ။ name အကွက်မှာ ဘာပဲရိုက်ထည့်ရိုက်ထည့် အဲ့ရိုက်ထည့်တဲ့ နာမည်ရယ် အောက်ပါပေါ်တဲ့ နံပါတ် အလုံး(၂၀)ရယ်ကို မှတ်မိရင်ရပြီ။

အခုအခွေလဲ ကူးပြီးပြီ။ name and password ကိုလဲ မှတ်ထားပြီးပြီဆိုတော့ admin password ပေးထားတဲ့ စက်တစ်လုံးဆီကို ခုနက အခွေယူသွားပြီး ထည့်လိုက်ပါ။ တစ်နည်းအားဖြင့် Reset Windows Password CD ထည့်ပြီးတော့ boot တက်လိုက်ပါ။
















Boot တက်လာရင် ခဏစောင့်နေလိုက်ပါ အားလုံးပြီးသွားရင် Reset Windows Password program ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့အထဲက About ကို mouse နဲ့နှိပ်ပြီး ခုနက မှတ်ထားခဲ့တဲ့ Username နဲ့ Registration code အလုံး(၂၀)ကို ရိုက်ထည့်လိုက်ပါ။ ပြီးတာနဲ့ ok ကိုနှိပ်ပါ။
















Administrator ကိုရွေးပြီးတော့ reset ကို နှိပ်လိုက်ပါ။
















နောက်ဆုံး ပုံမှပြထားတဲ့ restart ကိုနှိပ်ပြီး ကွန်ပျူတာကို restart လုပ်လိုက်ပါ။ ပြီးလျှင် အခွေပြန်ထုတ်ထားလိုက်ပါ။
ဝင်းဒိုးတက်လာတာနဲ့ ၀င်မရတဲ့ admin account ၀င်လို့ရသွားပါလိမ့်မယ်။

Download mirrorcreator | ifile.it | Mediafire | ziddu | zshare

Posted by, ညီနေမင်း

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။