MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, February 14, 2012

ဒေါ်အောင်ဆန်းစုကြည် နှင့် ဗုဒ္ဒ္ဒဘာသာအမြင်

ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်

Burma Project USA ကို တည်ထောင်သူ၊
မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ်တာ နေထိုင်ခဲ့ဖူးသည့်
မစ္စတာ အလန် ကလီးမင့်ထ်စ် က ဒေါ်အောင်ဆန်းစုကြည် နှင့် စကားပြောဖြစ်ခဲ့သည်များကို
( Comversation with Aung San Su Kyi )ခေါင်းစဉ်ဖြင့် (Shambhala Sun, September 1997) တွင် ရေးသားဖော်ပြခဲ့ပါသည်။
ထင်ရှားသည့် မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြလိုက်ပါသည်။

အလန်ကလီးမင့်ထ်စ်- “ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”

ဒေါ်အောင်ဆန်းစုကြည် -“ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”

အလန်ကလီးမင့်ထ်စ်- “တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့ ခင်ဗျားဟာ ဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက် အခြားသူတွေ လွတ်မြောက်မှုရရှိကြပါစေ ဆိုတဲ့ စေတနာဆန္ဒတွေနဲ့ ပညာပါရမီ၊ ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်- “အိုး ကျွန်မကတော့ ဘုရားပဲ တနေမိတော့တာပါပဲ။ ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့သြလို့ မဆုံးအောင်ပါပဲ။
ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။ တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။
ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။(ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေက အလေးထားခဲ့တာကိုး။ အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။
ကျွန်မက စိတ်တိုတတ်တယ်ရှင့်။
ဒါပေမယ့် အခု အရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။
ဝိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။
မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။

အလန်ကလီးမင့်ထ် -လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊
သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ ” လို့ မေးတော့
ဦးနုက (ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။
သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့
တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရော အဲဒီလို အကြပ်အတည်းမျိုး ခံစားရပါသလား။

ဒေါ်အောင်ဆန်းစုကြည်- မခံစားရပါဘူး၊ ကျွန်မအနေနဲ့ အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ ရှိရမယ်လို့ ကျွန်မကိုယ်တိုင်က ယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။

အလန်ကလီးမင့်ထ်- ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည်- ရိုးရိုးလေးပါပဲ။
ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။
ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။

အလန်ကလီမင့်ထ် -ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ

ဒေါ်အောင်ဆန်းစုကြည်- အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။
ဆိုကြပါစို့
ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊
ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး (---------) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊
ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့်
ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အလန်ကလီမင့်ထ် -ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့်
ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည်- ဟုတ်ပါတယ်။
လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။
ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။

အလန်ကလီးမင့်ထ် -ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည်- စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။

အလန်ကလီမင့်ထ်- နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည်- ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော့
“ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့
သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။
ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။
ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့
တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။

အလန်ကလီမင့်ထ်- ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။

ဒေါ်အောင်ဆန်းစုကြည်- ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။
ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊
ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာခွန်အားကို ပေးပါတယ်။
ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။
ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။
ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။
ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။
ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။
ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။

အလန်ကလီမင့်ထ်-၀ိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်- ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။
ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။

ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။
တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။
စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊
ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။

အလန်ကလီမင့်ထ်- “အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့
ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။
ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”

ဒေါ်အောင်ဆန်းစုကြည်- “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။
ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။
ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။
အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။
ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ
စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။
ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။
နားဝင်လည်း ချိုရမယ်ပေါ့လေ။
ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။
မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ
သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။

အလန်ကလီမင့်ထ်- “ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့
အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”

ဒေါ်အောင်ဆန်းစုကြည် -“ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့်
မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။
ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။
ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။
ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေးအတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။
ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”

အလန်ကလီမင့်ထ်- “ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”

ဒေါ်အောင်ဆန်းစုကြည်- “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။
ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။
တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊
ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင်
ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။

ဂုဏ် ( လူတိုင်းဖတ်သင့်သည့် ပို့ စ်လေးပါ)

ဂုဏ်

ဂုဏ်ဆိုသည့် စကားလုံးကို လူတို့သည် သူ့အယူအဆနှင့်သူ ကိုယ်အမြင်နှင့်ကိုယ် အမျိုးမျိုး အဓိပ္ပါယ်ယူဆကြသည်။ ယူဆပုံတို့မှာ ဂုဏ်ပကာသန၊ ဂုဏ်ဓန၊ ဂုဏ်သိက္ခာ စသည်တို့ဖြစ်ကြသည်။

တကယ်တော့ ဂုဏ်ပကာသန နှင့် ဂုဏ်ဓနတို့ အဓိပ္ပါယမှာ အထူးခြားလှပေ။ ၄င်းတို့၏ အဓိပ္ပါယ်မှာ ရာထူး`ဌာနန္တရ၊ စည်းစိမ်ဥစ္စာကြွယ်ဝမှု၊ ကျော်ကြား ထင်ပေါ်မှုတို့ဖြစ်ကြပါသည်။ ဂုဏ်သိက္ခာဆိုသည်မှာ မိမိတို့၏ သီလဂုဏ်၊ သမာဓိဂုဏ် ပညာဂုဏ် တို့ကို ဆိုလိုခြင်း ဖြစ်ပါသည်။

ယနေ့ခေတ်လူအများစုဟာ ဂုဏ်ပကာသနနောက်သို့သာ လိုက်လေ့ရှိကြသည်၊ အချို့သောသူများမှာမူ ဂုဏ်ပကာသနရှိမှ သူတို့၏ စားဝတ်နေရေး အဆင်ပြေချော့မွေ့ လိမ့်မည်၊ သူတို့ဘ၀တွေ့ပျော်ရွှင်ချမ်းမြေ့ကြလိမ့်မည် လူအများစုက အထင်ကြီး လေးစားကြလိမ့်မည်ဟု ယူဆကြသည်။ သူတို့သည် သူတို့အတွက်သာမက သူတို့၏ အသိုင်းအ၀ိုင်း၊ ဆွေမျိုးဥာတိတို့ကိုပါ ဂုဏ်ပကာသနတွေ ကိုယ်စီနှင့် ရှိစေချင်ကြသည်။

လူအများစုဟာ မိမိတို့ကို အခြားသူများက အသိအမှတ်ပြုစေရန် မိမိတို့ အပေါ်၌ အထင်အမြင် မသေးစေရန် မိမိတို့အပေါ်၌ ယဉ်ကျေးပျူငှါစွာ ပြောဆိုဆက်ဆံစေရန် ရာထူး`ဌာနန္တရ၊ စည်းစိမ်ဥစ္စာကြွယ်ဝမှု၊ ကျော်ကြား ထင်ပေါ်မှုတို့ ရှိသင့်သည် ဟူသော အယူအဆများနှင့် အတူ ဂုဏ်ပကာသန၊ ဂုဏ်ဓနများကို ရရှိရန်ကြိုးစားလေ့ရှိကြသည်။ အချို့သော သူများသည် မိမိ၏ ဆွေမျိုးမိသားစု များကိုပင် ဂုဏ်ပကာသန ဂုဏ်ဓန မရှိလျှင် ပြောဆိုဆက်ဆံချင်ကြသည် မဟုတ်ပေ။ အချို့သော မိသားစုများတွင် ထိုဂုဏ်ပကာသန ဂုဏ်ဓနနှင့် ပတ်သတ်၍ မိဘနှင့် သားသမီးတို့၏ အကြား၌ အခက်အခဲအချို့ တွေ့ရတတ်သည်။ မိမိတိုင်း၏ ကိုယ့်သားသမီးအပေါ်ထားရှိသော စေတနာ မေတ္တာသည် ဘယ်အရာနှင့်မျှမတူပေ။ ထို့ကြောင့် မိဘတို့သည် မိမိတို့၏ သားသမီးများ ဘ၀ ရှေ့ရေးအတွက် အမျိုးမျိုး စဉ်းစားကာ မိမိတို့၏ သားသမီးများကို ရာထူး၊ ဂုဏ်ပကာသန၊ စည်းစိမ်ဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှုများနှင့် ရှိနေစေချင်ကြသည်မှာ မိဘတိုင်း၏ ဆန္ဒပင် ဖြစ်သည်။ ဒ်ါကြောင့် မိမိတို့၏ သားသမီးများအတွက် သူတို့တွေ စိတ်ဝင်စားမှု မရှိသော ပညာရေး တစ်ခုကို ( ဂုဏ်ပကာသန၊ ဂုဏ်ဓန၊ ထင်ပေါ်ကျော်ကြားမှုတို့ကို ကြည့်၍) သင်ကြား လေ့လာရန် တိုက်တွန်းခြင်းများ ပြုကြသည်။ မည်သည့် ပညာရပ်ကို လေ့လာသည်ဖြစ်စေ စိတ်ဝင်စားမှုသည် အဓိကအကျဆုံးဖြစ်သည်။ စိတ်မ၀င်စားသော အလုပ်တစ်ခုကို လုပ်နေရမည်ဆိုပါက အဲ့ဒီအလုပ်သည် မည်မျှပင် ရာထူးဂုဏ်သိမ် စည်းစိမ် ဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှုတွေနဲ့ ပြည်စုံပါစေ လူတစ်ယောက်ရဲ့ ဘ၀အတွက် ပျော်ရွှင်ကြည်နူးမှုကို ပေးနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် မိမိလျှောက်လှမ်းရမည့် ဘ၀အတွက် ဂုဏ်ပကာသန၊ ထင်ပေါ်ကျော်ကြားမှုတို့ထက် ပျော်ရွှင်ချမ်းမြေ့မှုတွေနဲ့ လျှောက်လှမ်းနိုင်ဖို့ရာ အရေးကြီးပေသည်။

အချို့သောသူတို့သည် အလှူဒါန၊ ကုသိုလ်ကောင်းမှု ပြုလုပ်မည်ဆိုလျှင်တောင် မိမိတို့ကိုယ်တိုင်က ထင်ပေါ်ကျော်ကြားလိုတဲ့ စိတ်ရှိသောကြောင့် ထင်ပေါ်ကျော်ကြားသော ဘုရား၊ ကျောင်း၊ ကန်၌၄င်း၊ ထင်ပေါ်ကျော်ကြားသော ရဟန်း၊ သာမဏေ၊ ပုဂ္ဂိုလ်တို့ကိုသာ ဦးစားပေးလှူဒါန်း ကောင်းမှုပြုလိုကြသည်။ ရဟန်း သာမဏေတို့ အပေါ်၌လည်း ဂုဏ်ရှိမှသာလျှင် လေးလေးစားစားပြောဆိုဆက်ဆံချင်ကြသည်၊ ကြည်ညိုလေးစားကြသည်။ ယနေ့ခေတ်အခါ၌ ရဟန်းသာမဏေတို့၏ ပညာရေးနှင့် ပတ်သတ်၍ လူတို့၏ အမြင်များ လွဲချော်နေသည်ကိုလည်း တွေ့ရပေသည်။

ဗုဒ္ဓတက္ကသိုလ်များ၊ သာသနာ့တက္ကသိုလ်များ၌ ပညာသင်ကြား၊ ပရိယတ္တိ အားထုတ်နေသော ရဟန်းသာမဏေတို့၏ အပေါ်၌ လူတို့၏ ပြောဆိုဆက်ဆံပုံ၊ ကြည်ညိုလေးစားပုံ နှင့် စာသင်တိုက်ကြီးများ၌ ပညာသင်ကြား ပရိယတ္တိအားထုတ်နေသော ရဟန်းသာမဏေတို့ အပေါ်၌ ပြောဆိုဆက်ဆံပုံ၊ ကြည်ညိုလေးစားပုံတို့မှာ မတူညီကြပေ။ လူတို့၏ စိတ်ထဲ၌ သာသနာ့တက္ကသိုလ်များ၊ ဗုဒ္ဓတက္ကသိုလ်များတက်ရောက်ပြီး ပညာသင်ကြား၊ ပရိယတ္တိ အားထုတ်နို်င်မှသာလျှင် ဂုဏ်ရှိသည် ဟု ထင်ကြသည်။ အဲ့ဒီတက္ကသိုလ်ကြီးများကပေးအပ်သော (B.A), (M.A) စသောဘွဲ့တို့ကိုသာလျှင် ဘွဲ့ဟုထင်ကြသည်။ (B.A), (M.A) ဘွဲ့တို့မှာ မသိသူ မရှိလောက်အောင် လူသိများသည် ထင်ပေါ်သည်။ တခြားသာသနာနှင့် ဆိုင်သောဘွဲ့တို့ကို ဘွဲ့ဟု သိသူများနည်းပါးလှသည်။ ထိုကြောင့် ယနေ့ခေတ် အချို့သော သူတို့သည်လည်း မိမိတို့နှင့် ပတ်သတ်သော ရဟန်းသာမဏေတို့ကို ၄င်း ဗုဒ္ဓတက္ကသိုလ်ကြီးများ သာသနာ့တက္ကသိုလ်ကြီးများ၌သာ ပညာသင်ယူစေချင်ကြသည်။ ဤသည်မှာလည်း ဂုဏ်ပကာသနကြောင့်သာ ဖြစ်သည်။ ဤကဲ့သို့ ဂုဏ်ပကာသနတွေကို ဦးစားပေး အလေးထားမှုကြောင့် သာသနာတွင်း၌ ပညာသင်ကြား၊ ပရိယတ္တိ အားထုတ်နေသော ရဟန်းသာမဏေများမှာ စိတ်ဖိအား အမျိုး မျိုးတွေနှင့် ရင်ဆိုင်နေကြရပေသည်။ တကယ်တော့ ဂုဏ်ပကာသနဆိုသည်မှာ မိမိဘ၀အတွက် ပျော်ရွှင်ချမ်းမြေ့မှု ၊ ကုသိုလ်ရအောင် နေထိုင်မှုတို့ထက် အရေးကြီးလိမ့်မည် မဟုတ်ပေ။

ဂုဏ်သိက္ခာဆိုသည်မှာ မိမိမှာ ရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ပင် ဖြစ်ပါသည်။ လူတို့သည် ရာထူး ဂုဏ်သိမ် စည်းစိမ် ဥစ္စာ ထင်ပေါ်ကျော်ကြားမှုအတွက်ဆိုရင် မိမိတို့၏ ကိုယ်ကျင့်တရားတည်းဟူသော ဂုဏ်သိက္ခာကိုပင် ဖျက်ဆီးပစ်တတ်ကြသည်။ တကယ်တော့ မိမိတို့၏ ဘ၀သံသရာ ကောင်းကျိုးအတွက် ဂုဏ်ပကာသနသည် ကိုယ့်ကျင့်တရားတည်းဟူသော ဂုဏ်သိက္ခာလောက် အရေးကြီးလိမ့်မည် မဟုတ်ပေ။ ထိုကြောင့် လက်ရှိဘ၀မှာ ဂုဏ်ပကာသနတွေ ရရှိဖို့အတွက် မိမိတို့၏ ကိုယ့်ကျင့်တရားတည်းဟူသော ဂုဏ်သိက္ခာကို မဖျက်ဆီးမိကြစေရန် ရေးသာတင်ပြအပ်ပါသည်။

Posted By; Ashin Panna Dipa

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  လူထုဟောပြောပွဲတွေကို လိုက်လံပိတ်ပင်နေတဲ့ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ၊ အားကစားဝန်ကြီးဌာန ပြည်

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  လူထုဟောပြောပွဲတွေကို လိုက်လံပိတ်ပင်နေတဲ့ မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဌ၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တင့်ဆန်း။



































ရန်ကုန်တိုင်းဒေသကြီးရဲ့  ခွင့်ပြုချက်ရရှိခဲ့တဲ့ လှည်ကူးမြို့ လူထုအားကစားကွင်းမှာ မနက်ဖြန်လုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  လူထုဟောပြောပွဲကို ပြည်ထောင်စု အားကစားဝန်ကြီးကနေ ပိတ်ပင်တားဆီးလိုက်ပါတယ်။

Forward Mail မှရရှိသဖြင့်ကူးယူတင်ပြသည်။

အမျိုးသားရုပ်ရှင်ထုပ်လုပ်ရေး အား ဒေါ်အောင်ဆန်းဆုကြည်အားလွှဲပြောင်းပေးအပ်ခြင်း။

အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်

၁၃.၂.၂၀၁၂ ရက်နေ့သည် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင် ဆန်းမွေးနေ့ဖြစ်သည်နှင့်အညီဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်အရေးအဖွဲ့ ရုံးခန်းဖွင့်လှစ်ခြင်းအခမ်းအနားကိုအမှတ် ၁၀၁ (ဘီ)၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် နံနက် (၈း၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ရုပ်ရှင်အနုပညာသမားများ၊ စာပေအနုပညာရှင်များနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့အပြင် အလှူရှင်များ၊ စာနယ်ဇင်းဆရာများ တက်ရောက်ခဲ့ကြသည့် အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူကြီးများ၊ လူငယ်များ တက်ရောက် အားပေးခဲ့ကြသည်။

ဦးစွာ ကျဆုံးသွားပြီဖြစ်သော အာဇာနည်သူရဲကောင်းများအား ရည်စူး၍ (၁) မိနစ်ခန့် ငြိမ်သက်စွာ အလေးပြုခြင်းကို ပြုလုပ်၍ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် “ဗိုလ်ချုပ်၏သမိုင်းကို ရိုက်ကူးရာတွင် တက္ကသိုလ်ကျောင်းသား ဘဝကို ပီပြင်ဖို့လိုကြောင်း၊ ကျောင်းသားသမ္မဂ္ဂ အဆောက်အဦးနှင့် လှုပ်ရှားမှုများပါဝင်ရန် အရေးကြီးကြောင်း”တိုက်တွန်း ပြောဆိုခဲ့ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်မှ အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့ရာ ဆရာတော်အရှင်ဆန္ဒာဓိက၊ ဇာတ်မင်းသားဖိုးချစ်၊ ဦးကျော်သူ၏ ဖခင်၏ “အမျိုးသား” ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးစိန်တင်+ဒေါ်မြသန်းတို့အား ပေးအပ်ခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအားနံနက် (၁၀း၃၀) နာရီခန့်တွင် ရုပ်သိမ်းခဲ့သည်။ အခမ်းအနား ပြီးဆုံးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့အား တွေ့ဆုံစကား ပြောကြားခဲ့ပါသည်။
ထို့ကြောင့် ယနေ့ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (၁၃.၂.၂၀၁၂) မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် “အမျိုးသား” ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင်တစ်ဦး ဖြစ်သွားပြီ ဖြစ်တော့သည်။




ဒီမိုဝေယံဘလော့မှ အမေစုသတင်းအားမျှဝေတင်ပြပေးပါသည်။
အမေစုအားချစ်ခင်ကြသူများ အတွက် ။

လူ ၂၀၀ ကျော်သေဆုံးစေခဲ့သည့် ၂၀၀၂ ခုနှစ် ဘာလီကျွန်းဗုံးခွဲမှု၏ အဓိကတရားခံကို ရုံးတင်စစ်ဆေး


ဘာလီကျွန်းဗုံးခွဲမှုဖြစ်စဉ်ကို ပုံဖော်စစ်ဆေးရန် ၂၀၁၁ ခုနှစ်၊နိုဝင်ဘာလက အူမာပါတက်နှင့် ဇနီးကို အခင်းဖြစ်နေရာ ခေါ်ဆောင်လာစဉ်
လူ ၂၀၀ ကျော် သေဆုံးစေခဲ့သည့် ၂၀၀၂ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ဗုံးခွဲမှုတွင် ဗုံးများကိုတပ်ဆင်ခဲ့သည့် အဓိကတရားခံဟု စွပ်စွဲခံရသူ အူမာပါတက်အား မြို့တော်ဂျကာတာတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရုံးတင်စစ်ဆေးနေကြောင်း သိရသည်။

အမျိုးသမီးများအတွက် သီးသန့် ယာဉ်များကိုမြန်မာပြည်မှာစတင်ပြေးဆွဲနေပါပြီ။

(ဓာတ်ပုံများ - 7Day သတင်းဂျာနယ်)

ဒီကနေ့ ... ချစ်သူများနေ့။ "ချစ်သူ"ရှိတဲ့သူ အတော်များများ သူတို့ရဲ့ တစုံတယောက်အထူး (someone specialး) နဲ့ မပျက်မကွက် တွေ့ဆုံကြတဲ့နေ့ ... ။
ရန်ကုန်ကချစ်သူတွေ သွားကြလာကြမယ် ဆိုရင် ဒီကနေ့ အစပြု စမ်းသပ်ပြေးဆွဲတဲ့ အဓိပတိ သီးသန့် ဘတ်စ်ကားတွေဟာ သူတို့အတွက် မဟုတ်ပါဘူး။
ပုံမှာ တွေ့ရတဲ့ အတိုင်း ဆိုင်းဘုတ်တပ်ထားတာက "အမျိုးသမီးများသီးသန့်ယာဉ်" တဲ့။ ဟုတ်ပါတယ် - အမျိုးသမီးခရီးသည်တွေပဲ စီးခွင့်ရမယ့်ကားပါ။

ချစ်သူတွေကို ခွဲမယ့်ကားမဟုတ်ဘူး၊ အမျိုးသမီးတယောက် ကိုယ်ချစ်သူဆီကို ဘေးကင်းလုံခြုံစွာ ရောက်အောင် ပို့ပေးမယ့်ကားဖြစ်တယ် လို့ ဆိုသူက ဆိုနေပါတယ်။

7Day သတင်းဂျာနယ် ဖေ့စ်ဘုတ်မှာ ဒီဓာတ်ပုံသတင်း တက်လာတော့ ချက်ချင်းပဲ သဘောကျသူ၊ ပြုံးသူ၊ ထောက်ခံသူ၊ ကန့်ကွက်သူ မျိုးစုံ ပေါ်လာပါပြီ။

ရန်ကုန်က လူကြပ်တဲ့ ဘတ်စ်ကားပေါ်မှာ အမျိုးသမီးတွေ ဘယ်လို ကြုံတွေ့နေရလို့ ဒီလို အထူးသီးသန့်ယာဉ် အစီအစဉ် ပေါ်လာရတာလဲ။

ဒီမေးခွန်းကို ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ ဟောဒီ မှတ်ချက်လေးတခုက အဖြေပေးထားသလိုပါပဲ။

"ဘတ်စ်ကားပေါ်မှာ ခါးကို အဖက်ခံရတာ ထောက်လှမ်းရေးလုပ်ခံရတာ လက်တန်းကို လှမ်းကိုင်ထားတဲ့လက်ကို လာနမ်းတာတွေ အိပ်ချင်ယောင် အိပ်ငိုက်ချင်ယောင်ဆောင်ပြီး ကိုယ်ပေါ်ကို ယိုင်ကျတာတွေ၊ အားလုံးထိုင်နေကြတာ အတူတူ ဘယ်က လက်တစ်ချောင်းက ၀င်လာပီး ခြေသလုံးကို လာကိုင်တာတွေ တင်ပါးကို လာကိုင်တာတွေ။ ကဲ အစ်ကိုများ မောင်ငယ်များ မင်းတို့ အစ်မတွေ ညီမတွေ အတွက် ဘယ်လို မင်းတို့ ကာကွယ်ပေးနိုင်ဖို့ စဉ်စားမိပါသလဲ။ သေသေချာချာစဉ်စားပြီးမှ ကန့်ကွက်တာကို လုပ်စေချင်ပါတယ်"

Reference ;http://www.irrawaddyblog.com/2012/02/blog-post_1372.html

ဂျင်းဘောင်းဘီ ခါးအောက် လျောကျဝတ်ဆင်ခြင်း ယဉ်ကျေးမှု ဇစ်မြစ်

ဂျင်းဘောင်းဘီ ခါးအောက်ချ ဝတ်ဆင်ခြင်းရဲ့ ယဉ်ကျေးမှု ဇစ်မြစ်မှာ အမေရိကန် နိုင်ငံမှ စတင်ခြင်း ဖြစ်သည်။

တိတိကျကျညွန်းဆိုရသော် အမေရိကန်နိုင်ငံရှိ ထောင်များမှ အကျဉ်းသားတို့ စတင်ဝတ် ဆင်ခြင်း ဖြစ်သည်။ ယင်းသို့ ဝတ်ဆင်ခြင်းမှာ အဓိပ္ပါယ်တစ်မျိုးရှိသည်။

အမျိုးသားချည်းသက်သက်ဖမ်းဆီးထားသော အကျဉ်းထောင်များတွင် တစ်ဦးနှင့်တစ်ဦး အပျော်တမ်း ဖော်ချွတ် ဆက်ဆံလိုသူများ (အများအားဖြင့် အခြောက်များ) သည် ဂျင်းဘောင်းဘီကို တင်ပေါ်တင်ရုံမျှသာ ဝတ်ဆင်ပါသည်။

ယင်းသို့ဝတ်ဆင်မှုအား အကျဉ်းထောင်လုံခြုံရေးရဲများမှလွဲ၍ အခြား တွေ့မြင်သူ အကျဉ်းသားများမှာလည်း သဘောပေါက်ပြီး အပြန်အလန်သိရှိကြသည်။ ထို့နောက် လူမသိ သူမသိတွေ့ဆုံမှုများပြုလုပ်ကာ မတင့်သော်သော အမူကိစ္စတို့ကို ပြုလုပ်ပါသည်။

ဘောင်းဘီတင်ပါးလျော ဝတ်ဆင်ခြင်းမှာ my butt available to be penetrated by other inmates ဟူသော အဓိပ္ပါယ်ရကြောင်း သိရသည်။

ယနေ့ခေတ်အချိန်ခါ ဂျင်းဘောင်းဘီ ခါးအောက်လျာကျဝတ်ဆင်သူ လူငယ် အမျိုးသမီး၊အမျိုးသားတို့အား ဗဟုသုတရရှိရန် ရည်ရွယ်ပါသည်။

Ref: dressstyle.com

posted by ; mg thet

အော်...ပိုက်ဆံမက်ကြတဲ့လူတွေ..ဘ၀တွေလဲပျက်နေကြရပြီပေါ့

အော်...ပိုက်ဆံမက်ကြတဲ့လူတွေ..ဘ၀တွေလဲပျက်နေကြရပြီပေါ့

" စိန်နားကပ်အရောင်ကြောင့် --ပါးပြောင်ချင်ကြသူများ.... "

အော်..လောကမှာလူတွေက ပိုက်ဆံမှပိုက်ဆံဖြစ်ကုန်ကြပြီလား???
.အရာရာကို ပိုက်ဆံနဲ့တန်ဖိုးဖြတ်ချင်နေကြသူများလား???

ဘာလဲဟဲ့ပြောစမ်း---ငါမှာ့ပိုက်ဆံရှိတယ်--ငါ့မိဘတွေကချမ်းသာတယ် ပိုက်ဆံ၇ှိတယ်ဆို တဲ့ လူမျိုးတွေတနေ့တခြား ကျူ်လောကကြီးမှာပိုမိုများပြားလာပါလားနော်---။

လောကမှာ ငွေဆိုတဲ့ ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့ မရတဲ့အခြေခံ ၃ ချက်လောက်ရှိပါတယ်။လူတိုင်းလဲသိကြမှာပါ။
(၁)ကျန်းမာရေး
(၂)ကံကြမ္မာ
(၃)အချစ်မေတ္တာစစ်
စသည်ဖြင့်ပေါ့ဗျာ...။အဲဒီထဲက နံပါတ် ၃ အချက်ကို ကျနော်ပြောချင်ပါတယ်။အများသိကြတဲ့အတိုင်း ယနေ့ခေတ်ကြီးမှာ ဘယ်အရာနဲ့မှ စီးပွားေ၇းလုပ်လို့မကောင်းတဲ့အချိန်ဆိုတော့ စီးပွားရေးတွေလုပ်တိုင်းလဲထင်သလောက်မအောင်မြင်ကြပါဘူး( မှတ်ချက်။ကောင်းရာကောင်းကြောင်းအလုပ်များကိုဆိုလိုသည် ။ သစ်ခိုးထုတ်ခြင်း၊ ဘိန်းမှောင်ခိုလုပ်ခြင်းများ မပါ)။အဲဒီလို ကာလမှာလူတိုင်းဟာ ငွေကို လွယ်လွယ်ရဖို့ဖြတ်လမ်းနည်းကို လိုက်တတ်ကြပါတယ်။ အဲဒီတော့ဗျာ မိန်းကလေး တွေ ကငွေရှိတဲ့လူကိုကပ် ၊ ယောကျာ်းလေးတွေက ပိုက်ဆံ၇ှိတဲ့သူကိုကပ်။တချို့ဆို ဂုဏ် ရာထူးအလုပ်အကိုင်ကောင်းကောင်းပါရှိမှဆိုပဲ ။ထိုနည်းလမ်းအတိုင်းသူတို့ရဲ့အယူနဲ့ဘ၀ကို သာသာယာယာလျှောက်လှမ်းချင်ကြတယ်လေ။ ဒါပေမဲ့ အဲဒါတွေက တခဏတာတွေပါ။ မြန်မာ ဗုဒ္ဒတရားတော်မှာဆို " မတည်မြဲတဲ့  သဘောတရားတွေပေါ့ဗျာ" ။ဖြစ်ပျက်တာတွေကို ရှုမြင်တတ်မယ်ဆိုရင် အဲဒီလိုကိစ္စတွေမရှိလာနိုင်ဘူးပေါ့ဗျာ။ကဲဆက်ကြရအောင်ဗျာ....ကျနော်မြင်တွေ့ နေကြပတ်ဝန်းကျင်မှာဆို အဲဒီငွေမက်တဲ့ စိတ်တွေကြောင့် အိမ်ထောင်တွေကွဲ ၊ ချစ်သူနဲ့ကွဲ ၇န်တွေဖြစ်နဲ ပေါ့ဗျာ။အချို့ ဆို ငွေအတွက်အိမ်ထောင်ရေးဖောက်ပြန်ကြ ၊ ငွေအတွက် ချစ်သူကိုလမ်းခြွဲ့ပီးငွေ ၇ှိတဲ့လူဆီကိုသွားကြနဲ့ ။အပျို ၊ လူပျိုများက လည်းသူတို့ မျက်စိထဲမှာ ပိုက်ဆံရှိတဲ့လူနဲပဲတွဲမယ် အချစ်ဆိုတဲ့ ခံစားချက်မလိုဘူး ရုပ်ဘယ်လောက်ဆိုးဆိုး ကိုယ်နဲ့လိုက်လိုက်မလိုက်လိုက် သူများတွေအမြင်ကိုဂရုမစိုက်ဘူး လို့ ခံယူချက်ရှိတဲ့သူတွေတော်တော်လေးများကြပါတယ်။ကျနော့် သူငယ်ချင်းအတွဲများဆို အဲဒီလိုတွေလည်းရှိခဲ့ကြပါတယ်။
Foreverfriends ကသူငယ်ချင်းများက သူတို့ ဘ၀အကြောင်းလေးတွေပြောပြကြပါတယ်။အမှန်တော့ သူတို့ဘ၀လေးတွေက အလွန်ကိုသနားဖို့ကောင်းပါတယ်ဗျာ....။မိမိဘာသာ ကို့အားကိုယ်ကိုးပြီး မိမိချစ်တဲ့သူနဲ့ ဘ၀မှာတူတူနေလက်တွဲမဖြုတ်ရေးအတွက် ငါတို့ဘယ်လိုကြိုးစားကြမလဲလို့ မစဉ်းစားတတ်ကြပါဘူး။ မြန်မာအဆိုတစ်ခုရှိပါတယ်..ဘာတဲ့ " စိန်နားကပ်အရောင်ကြောင့် ..ပါးပြောင်" ဆိုတဲ့ကိုသွားပြီးသတိရမိပါတယ်။သူတို့တွေက အဲဒီလိုဘ၀မှာနေချင်ကြလို့ ဖြတ်လမ်းနည်းလိုက်ကြတော့ နောက်ဆုံး၇လဒ်တွေက တော်တော်ဆိုးရွားသွားကြတာပေါ့(အသေးစိပ်ကိုတော့ မပြောပြတော့ပါဘူးဗျာ)။လူ့ဘ၀ဆို တဲ့တိုတောင်းတဲ့အချိန်လေးမှာ မိမိဘာသာကိုယ့်အားကို ကိုးပြီး မွန်မြတ်ကောင်းမွန်တဲ့အလုပ်ကိုလုပ်ပြီး ကိုယ့်အားကိုကိုး ကြိုးစားကာ ဘ၀မှာ မိမိချစ်တဲ့သူနဲ့အေးအတူပူအမျှဘ၀မှာလျှောက်လှမ်းကြမယ်ဆို့ တဲ့ အသိစဉ်းစားညဏ်လေးတွေရှိစေချင်တယ်ဗျာ။ထိုနည်းတူစွာပဲ အချို့ သောမိဘ များကလည်း မိမိရဲ့ သားသမီးကောင်းစားဖို့ဆိုပြီး ငွေရှိ၊ ဂုဏ်ရှိတဲံပေးစား , သားသမီးရဲ့စိတ်ခံစားချက်ကိုမကြည့်ပဲ လစ်လျှုရှု ပြီး ငါမိဘ ငါမှန်၇င်လုပ်မယ်ဆိုတဲ့ မိဘတွေလည်းရှိနေသေးတာကြောင့် အိမ်ထောင်ကျပြီး ရက်ပိုင်း၊လပိုင်းအတွင်းမှာ ပဲ အဲဒီငွေရှိ၊ဂုဏ်ရှိတယ်ဆိုတဲ့ သမက် (သို့ )ချွေးမတွေ ကြောင့်မိမိသားသမီးတွေစိတ်ဆင်းရပြီပေါ့။
ခိုင်မြဲတဲ့ အချစ်နဲ့ အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ဆို တာ ချစ်သူနှစ်ဦးကိုတစ်ဦးကနားလည်ပြီး အချစ်စစ်သာလျှင် အဓီက ဆို့ တဲ့လူများကတော့ အဲဒီငွေ ဆိုတဲ့အရာဟာ လူလုပ်(မိမိလုပ်) မှ ရတဲ့အရာပါဆိုတာ ကိုသေသေချာချာနားလည်သဘောပေါက်ထားလို့ပါပဲ။ခေတ်လူငယ်များကလည်း ကျနော်အထက်မှာပြောပြခဲ့သလို ဖြတ်လမ်းနည်းကိုမလိုက်ကြပါနဲ့ ၊ကိုယ့်ရဲ့ ချစ်သူက
ဘယ်လောက်ပဲဆင်းရဲနေပါစေ သှူဆီမှာ အချစ်စစ်နဲ့ အရည်အချင်းရှိပြီးယောကျာ်း ပီသစွာအားကိုးနိုင်မယ်ဆိုရင်ဘ၀အတွက် လက်တွဲသွားလိုက်ပါ။ကျနော် တို့မြန်မာနိုင်ငံမှာ မိန်းကလေးများ ပျက်စီးနေကြတယ်ဆိုတာ လူတိုင်းသိကြမှာပါ ၊ ဘာလို့လဲဆိုတော့ ပင်ကို အ၇ည်အချင်းရှိအောင်မကြိုးစားကြပဲ ငွေဆိုတဲ့ ပိုက်ဆံ ကြောင့်သူတို့ရဲ့ဘ၀လေးတွေ နစ်မွန်းနေကြပြီး ရုန်းမထွက်နိုင်ဖြစ်နေကြရတာပေါ့။ခေတ်ဆိုးတာလည်းပါတာပေါ့ဗျာ။
တိုရင်းနဲ့လိုရင်းပြောရ၇င် ပိုက်ဆံကြောင့် မိမိတို့ ရဲ့ဘ၀ကို စတေးမပစ်ကြပါနဲ့ ။သေချာစွာ ဘ၀အတွက်စဉ်းစားကြပါ။ ချစ်တဲ့သူရှိရင်လည်း ငွေမရှိပေမဲ့ အထက်ပါအချက်များနဲံညီရင်ဘ၀လက်တွဲဖော်အဖြစ်ရွေးချယ်လိုက်ပါ ၊ မိဘများကလည်း ငွေဂုဏ် ၊ရာထူးဂုဏ်ကိုမကြည့်ပဲ မိမိတို့ ရဲ့ သားသမီးများကို အရည်ချင်းရှိအောင်ကူညီပေးပြီး သူတို့လေးတွေရဲ့ဘ၀မှာ ငွေ နောက်မလိုက်တတ်ပဲ ကိုယ့်အားကိုကိုးဖို့သင်ပေးလိုက်ကြပါလားဗျာ။လူသား အားလုံ ငွေရှိရင်ဘာမဆို ဖြစ်နိုင်တယ်ဆို တဲံ အတွေးတွေ ပပျောက်ပြီး လောကရဲ့သဘာဝတရား ဖြစ်တတ်တဲ့သဘောတရားများကိုတင်ပြပေးလိုက်ပါတယ်။
အားလုံပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ကျနော် SMT ၏ ၂၀၁၀ ဧပြီလမှာတင်ခဲ့တဲ့ပိုစ်တခုပါ။
Posted by. SMT

အင်တာနက်ဆိုလား.....အင်ကြာနက်ဆိုလား !!!

အင်တာနက်ဆိုလား….အင်ကြာနက်ဆိုလား


ဤမြန်မာနိုင်ငံတွင်းမှာကွယ်
အင်တာနက်ကြီးကိုလ
သုံးလိုက်ကြတွင်တွင်ကျယ်။
Chatting ဆို အားလုံးထိုင်ကြ
Chat လိုက်ကြအလီလီ
ပြုံးပျော်လို့ကြည်။
ထိုင်ပါသည် Cyber Café
မိုးလင်းမှ နေအကုန်
ပိုက်ဆံလည်းပလုံ။
ကုန်စရာသည် အကြောင်းပေက
ခိုင်လုံစွာ ပြောစရာကလည်း
ရှိပြန်ပေသကို။
သည်မြန်မာ Internet သည်က
ခေါ်ထိုက်သည် အင်ကြာနက်ပေဟု
ပြောစမှတ်တွင်ပြန်။
Hi ပါသည် ကြင်သူရယ်က
ပြန် Hi မယ်လို့ ငါကြံရွယ်
ဖြစ်ပြန်ပေါ့ Offline။
ကြာပေသည် ထိုအင်ကြာနက်
တော်တော်နှင့် ပြန်မတက်။
ငါ User Reply ရယ်က
နောက်ကျရပြန်။
ထိုထိုခါ…ကြင်သူရယ်က
မေးလေပြီ…ဘယ်သူရယ်နဲ့
Q နေသလည်းတယ့်။
ပြန်ဖြေမယ် ..ငါကြံရွယ်တုန်း
ကျပြန်သပေါ့…နောက်တစ်ခါ
ညစ်စုတ်ပြန်တာ။
အကြင်သူရယ်..မယုံတာကြောင့်
ချော့မြူကာ နှစ်သိမ့်ရန်ပေါ့
ပို့နေသည် ရင်ခုန်သံသီချင်း
Loading ကကြာ…..။
Download ဆိုတစ်ည အိပ်စောင့်ရလေတော့
သည် User ငါ့အသည်း
ဗြန်းဗြန်းရယ် ကွဲခဲ့ရပြန်။
တော်ပါပြီ သည်အင်ကြာနက်…
မသုံးတော့ပေ…နောင်ကြဉ်မည်ဟု
စဉ်းစားကာ..ကြံရွယ်မိပေမယ့်
မသုံးရ မနေနိုင်…
ငါ့ရောဂါကြောင့်
Cyber café ရယ်သို့
ရောက်ခဲ့ရပြန်။


လူကြီးမင်းခေါ်ဆိုသော
G-Talk ID မှာ....
အလွန်စုတ်ပြတ်နေသော
connection ဖြင့် chat နေပါသဖြင့်
ပြန်မပြောမိခြင်း
reply နောက်ကျခြင်းများကို
သည်းခံနားလည်ကြပါရန်..

FWD Mail တစ်ခုမှ Copy ကူးပီးမျှဝေလိုက်ပါသည်ခင်ဗျာ။

QQ များလုပ်နေကြသော မိတ်ဆွေများနှင့် Facebook or Gtalk or Gmail ,VZO, Pfingo တို့ တွင်သာယာနေကြသူများ

ှအမြန်ဆုံးလမ်းမှန်ပေါ်ရောက်ရှိပြီး QQ ဘ၀မှ ကင်းကွာနိုင်ကြပါစေ။

Posted By ;စိုးမင်းထွန်း (SMT)

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။