MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, February 15, 2012

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ကိုမိုးသီးဇွန် နှင့် ၈၈မျိုးဆက်ကျောင်းခေါင်းဆောင်တို့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ သုံးသပ်ဆွေးေ

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ကိုမိုးသီးဇွန် နှင့် ၈၈မျိုးဆက်ကျောင်းခေါင်းဆောင်တို့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ သုံးသပ်ဆွေးနွေးပွဲ။







အားကစားဝန်ကြီးဦးတင့်ဆန်းပိတ်ပင်တားမြစ်သော ဒေါ်စုဟောပြောပွဲကို ကော်မရှင်မှပြည်လည်ခွင့်ပြု။

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တိုင်း လှည်းကူးမြို့ရှိ ဘောလုံးကွင်း၌ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ရန်ရှိသည့် ဟောပြောပွဲကို အားကစား ဝန်ကြီးမှ တားမြစ်
သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုပေးလိုက်သည်။

အားကစားဝန်ကြီး ဦးတင့်ဆန်း ကိုယ်စား ရုံးအဖွဲ့မှူး လက်မှတ် ရေးထိုးထားသည့် ဖေဖေါ်ဝါရီ ၁၄ ရက်စွဲပါ တားမြစ်စာ တွင် “အားကစားကိစ္စမှ လွဲ၍ အခြားကိစ္စများကို အသုံးပြုခွင့် မပြု” ဟု ပါရှိကြောင်း NLD လှည်းကူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ တားမြစ်မှုနှင့် ပတ်သက်၍ NLD က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြား အကူအညီ
တောင်းခံရာမှ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပြီး အားကစားဝန်ကြီး၏ တားမြစ်မှုကိုလည်း ပယ်ဖျက်ပေး လိုက်သည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

“အဲဒါကို ရုပ်သိမ်းလိုက်ပြီလို့ မြို့နယ်၊ တိုင်း ကော်မရှင် အဖွဲ့ခွဲတွေ၊ တိုင်း အားကစား ညွှန်ကြားရေးမှူးတွေကို အကြောင်းကြားပြီး ဒါ မလိုအပ်တော့ဘူးဆိုပြီးတော့ ကျနော်တို့ကို ဆက်လက် ဆောင်ရွက်ခွင့် ပြုပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဘောလုံးအားကစားကွင်းအတွင်း ဖေဖေါ်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်း၌ ဟောပြောပွဲ ပြုလုပ်ရန် ရွေးကောက်ပွဲ ကော်မရှင်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်များ၊ မြို့နယ် အားကစားအဖွဲ့ချုပ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများသို့ NLD ၏ လှည်းကူး မြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီမှ တင်ပြထားခဲ့ပြီး ခွင့်ပြုချက် ရရှိပြီးနောက် အားကစား ဝန်ကြီး၏ ကန့်ကွက်မှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဖေဖေါ်ဝါရီ ၅ ရက်နေ့က မန္တလေးမြို့ ဗထူးကွင်း၌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန် စီစဉ်ထားသော်လည်း အဆိုပါကွင်းအတွင်း “ အားကစားဖွံ့ဖြိုးရေး လုပ်ငန်းများသာ လုပ်ဆောင်ရန်” မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တားမြစ်ခဲ့သည်ဟု NLD မန္တလေးတိုင်း စည်းရုံးရေးမှူး ဦးမျိုးနိုင်က ပြောသည်။

သို့သော် ပြီးခဲ့သည့် ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် အဆိုပါ ဗထူးကွင်းအတွင်း ဌာနဆိုင်ရာများမှ ဝန်ထမ်း ၅၀၀ ခန့် ပြည်ထောင်စုနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်းလည်း ဦးမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

လှည်းကူးမြို့နယ်မှ ပြည်သူလူထု အခြေအနေနှင့် ပတ်သက်၍ “ဆိုက္ကားတွေ၊ စက်ဘီးတွေ၊ ဆိုင်ကယ်တွေမှာဗျာ အလံလေးတွေ၊ ဒေါ်စုပုံတွေ၊ ခွပ်ဒေါင်းနဲ့ ကြယ်ပါတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တံဆိပ်တွေကို ဆိုင်ကယ်
တွေမှာ ကပ်ပြီး သွားလာနေကြတယ်။ တီရှပ်တွေ ဝတ်ထားကြတယ် ဦးထုပ်တွေ ဆောင်းထားကြတယ်” ဟု လူထု အခြေအနေကို ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီစည်းရုံးရေး ခရီးစဉ်များ အဖြစ် ထားဝယ်၊ ပုသိမ်၊ ကော့မှူးမြို့နယ်များ သို့ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလများအတွင်း သွားရောက်ခဲ့ပြီး ဖြစ်သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း ကြားဖြတ်ရွေးကောက်ပွဲအတွက် တရားမျှတရန် စီစဉ်ထားသည်ဟု ဥရောပသမဂ္ဂ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ကိုယ်စားလှယ် Andris Piebalgs အား တနင်္လာနေ့က နေပြည်တော်၌ တွေ့ဆုံစဉ်
ပြောကြားခဲ့သည်ဟုလည်း သိရသည်။

Reference ;http://www.mizzimaburmese.com

ပညာရေ၀န်ကြီးသမီး မင်္ဂလာဆောင်လက်ဖွဲ့ ခြိမ်းခြောက်ကောက်ခံ။

ပညာရေးဝန်ကြီးဒေါက်တာမြအေး ရဲ့ သမီး မမြစုမွန် မင်္ဂလာဆောင်ကို တက္ကသိုလ် ၊ ဒီဂရီကောလိပ် ရှိ
ဆရာ၊ ဆရာမများအားလုံးကိုဖိတ်ပြီး လက်ဖွဲ့ ကို အနဲဆုံး ငါးထောင်ကျပ် မထည်မနေရ ပါမောက္ခချုပ်
နှင့် ပါမောက္ခများက အတင်းအကျပ်ထည့်ခိုင်းကြောင်းသိရပါသည်။

မထည့်လျှင်အရေးယူမည်ဟု ခြိမ်းခြောက်ကာ ထည့်ခိုင်းသဖြင့် တက္ကသိုလ် နှင့် ဒီဂရီကောလိပ်
ကျောင်းဆရာ၊ ဆရာမ များ မကျေမနပ်ဖြစ်နေကြကြောင်း Myanmar News Now မှ သိရှိရပါတယ်။
By: သစ်ထူးလွင်

အဆိုပါ သတင်း နှင့် ဆက်စပ်သတင်း Myanmar News Now မှဖော်ပြခဲ့ပြီးဖြစ်တဲ့ ပေးစာတစောင်ကို ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။

လူကြီးမင်္ဂလာဆောင်အတွက်ဆရာဆရာမတွေအားလုံးကိုတယောက် ကျပ် ၃၀၀၀ နူန်းကောက်ခံနေ (ပေးစာ)

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မှ ပါမောက္ခက လူကြီးမင်္ဂလာဆောင်အတွက်နိုင်ငံ

တကာဆက်ဆံရေးဆရာဆရာမတွေအားလုံးကိုတယောက် ၃၀၀၀ နူန်းကောက်ခံနေတယ်။


ကျွန်မပြောတောမပြောခြင်ပါဘူး။ ဒါပေမဲ့ နိုင်ငံတော်သမတ ဦးသိန်းစိန်က Good
Governance and Clean Government အကောင်အထည်ဖေါ်မည်လိုပြောခဲ့ေ
ပမယ့်
အောက်ခြေမှရှိတဲ့ တစ်ချို့သောအရာရှိတွေကြောင့်
ဆွမ်းဆန်ထဲမှာကြက်ချေးရောသလိုဖြစ်တဲ့အတွက်ကြောင့်ဒီစာကိုပို့
လိုက်တာပါ။
တစ်ခါမှလည်းမပို့ဘူးပါဘူး။ အဲ့သည့်အတွက်အမှားပါရင်ခွင့်လွှ
တ်ပါ။

ဖြစ်စဉ်က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ
ဖြစ်ခဲ့တာပါ။ ပါမောက္ခချုပ်
ဦးကျော်ရဲထွန်းရဲ့လုပ်ပုံကိုန
ိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
သိအောင်တင်ပြခြင်တာပါ။
30-1-2012 ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းမှာရှိတဲ့
ဘာသာရပ်ဆိုင်ရာဌာနအသီးသီးကိုမင်္ဂ
လာဖိတ်စာ တွေရောက်လာတယ်။ ဖိတ်စာက ပညာရေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးရဲ့သမီး (ရတနာပုံ၊ ဓာတုဗေဒဌာနမှာ
သရုပ်ပြလုပ်နေတဲ့ သူ) ရဲ့ မင်္ဂလာဆောင်ပါ။ ကထိက ရာထူးနဲ့အထက်ကိုပို့တာပါ။
ကထိကအားလုံးကိုပေါင်းပြီးတော့ဖိ
တ်စာတစ်စောင်နှင့် တွဲဖက်ပါမောက္ခ၊
ပါမောက္ခများ၊ ဌာနမှူးများကိုတော့ ဖိတ်စာတစ်စောင်စီ ပို့ပြီး
ဖိတ်စာအိတ်မှာလည်း အဲ့သည့်တွဲဖက်ပါမောက္ခ၊ ပါမောက္ခများ၊
ဌာနမှူးများရဲ့နာမည်ကို ကွန်ပျူတာနဲ့ အသေအချာရိုက်ထားပါတယ်။

အဲ့သည့်ဖိတ်စာတွေနဲ့ ပါမောက္ခချုပ် ဦးကျော်ရဲထွန်းရဲ နှုတ်မိန့်အရ
ကထိကတစ်ဦးကို 3000 ကျပ်၊ တွဲဖက်ပါမောက်ခတစ်ဦးကို 5000 ကျပ်၊
ပါမောက်ခများနဲ့ ဌာနမှူးများကို တစ်ဦးလျှင် အနည်းဆုံး 10000
ကျပ်စီထည့်ရမည်ဟု ဆပ်ကြေးကောက်သလို အတင်းအကြပ်ကောက်ခံခဲ့ပါတယ်။

ဆရာ/ဆရာမများကလည်း ပါမောက္ခချုပ်ရဲ့အမိန့်ကိုမလွန်
ဆန်ရဲတာကြောင့်ရော၊
အခြားသော အကြောင်းကြောင်းတွေကြောင့် ရော စိတ်စေတနာမပါဘဲ
အောင့်သက်သက်နဲ့ထည့်ခဲ့ရပါတယ်။ ဆရာဆရာမအများစုက လုံးဝမကျေနပ်ပေမဲ့လည်း
ဘာမှပြန်မပြောရဲခဲ့ကြဘူး။
အဲ့သည်လိုကောက်ခံတာ ပညာရေးဝန်ကြီးဒေါက်တာမြအေးက
ကောက်ခိုင်းတာလား။ ဒါမှမဟုတ် ပါမောက္ခချုပ် ဦးကျော်ရဲထွန်းကဘဲ
ဖော်လံဖားချင်တာနဲ့ဘဲ ကောက်တာလာတော့မသိဘူး။ ဒါပေမယ့်
ပိုဖြစ်နိုင်ခြေတစ်ခုကတော့ ဦးကျော်ရဲထွန်းကဖော်လံဖားချင်
တာနဲ့ဘဲ
ဆရာဆရာမတွေရဲ့ လည်မျိုကိုတက်နင်တာဘဲဖြစ်လိမ့်
မယ်။ ဘာကြောင့်လဲဆိုတော့
အခြားကျောင်းတွေကိုစုံစမ်းကြည့်
တော့
မည့္သည့္ဆရာဆရာမမွ်ထိုကဲ့သိုအေ
တာင်းမခံရကြောင်း။

ဒီဖြစ်စဉ်ကိုကြည့်ရင် နိုင်ငံတော်အစိုးရကမှန်ကန်တဲ့
လမ်းစဉ်တွေချပြီး
ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်ေ
အာင်ကြိုးပမ်းနေတဲ့အတွက် ဆရာဆရာမတွေအပါအ၀င်
ပြည်သူတစ်ရပ်လုံးက ၀မ်းမြောက် ၀မ်းသာဖြစ်နေချိန်မှာ
ဦးကျော်ရဲထွန်းရဲ့လုပ်ရပ်က အလွန်အရုပ်ဆိုးလွန်းလှပါတယ်။

သမ္မတကြီးလက်နဲ့ခက်ခက်ခဲခဲရေးထား
ကို ခြေနဲ့အလွယ်တကူဖျက်လိုက်တာနဲ့တူပါတယ်။
အစိုရရဲ့ချမှတ်အကောင်အထည်ဖော်ေ
နတဲ့Good Governance and Clean Government
လုပ်ငန်းစဉ်ကိုဆန်ကျင်တိုက်ခို
က်တဲ့သဘောလည်းဆောင်နေပါတယ်။ သူ
ဦးကျော်ရဲထွန်းရဲ့လုပ်ရပ်ကတော့ ယခင်အမိန့်ခေတ်၊
ဖော်လံဖားခေတ်ကိုပြန်သွားချင်တဲ
့ပုံပါဘဲ။
ဝန်ကြီးဒေါက်တာမြအေးလည်း
မိမိလက်အောက်မှာ အဲ့သည်လိုဖော်လံဖား ပါမောက်ခချုပ်တစ်ယောက် ရှိနေခြင်းဟာ
မိမိကို အထောက်အကူမပြုပါဘူးဆိုတာသတိပြုေ
စချင်တယ်။
မိမိကိုကုလားထိုင်ပေါ်ကဆွဲချနို
င်တဲ့သူဆိုတာ စေတနာရှေ့ထားပြီးသတိပေးပါရစေ။
အဲ့သည်လို ပါမောက္ခချုပ် ဦးကျော်ရဲထွန်း က မိမိ၏မျက်နှာရရေးအတွက်
ဆရာဆရာမတွေကို မိမိ၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုပြီး
ပညာရေးဝန်ကြီးဒေါက်တာမြအေးသမီး
ဆိုသူမင်္ဂဆောင်လက်ဖွဲ့အတွက်ဟုဆိုကာ
ဆရာဆရာမတွေကို အနိုင်အထက်ပြုတရားမ၀င်ငွေကြေးေ
ကာက်ခံနေမှုများကို
အရေးယူပေးပါရန် လေးစားစွာဖြင့် သမ္မတကြီးအားတင်ပြအပ်ပါသည်။

အရှေ့ပိုင်းမှ သင်ကြားရေးဝန်ထမ်းတစ်ဦး


Posted By; The Lady ( The Lady blog Post မှကူးယူတင်ပြပေးပါသည်။)

စင်ကာပူနိုင်ငံတွင် သွားရေးလာရေးနှင့် ရွှေမြန်မာများအတွက် သွားလာရေးတို့ တွင် ရှောင်ရန် ဆောင်ရန်များ



An SBS Transit bus caught fire along Lower Delta Road on Tuesday morning.

A contributor to the Stomp website said, "'I was on my way to work at Cendex Centre when I saw a bus engulfed in thick smoke and flames coming out from the side windows."

The Singapore Civil Defence Force (SCDF) said it received a call about the incident at 9.12am.

No one was injured in the incident.

စင်ကာပူနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်းဆိုသလို Bus များမီးလောင်ကျွမ်းခြင်းမှားနှင့် နှစ်ထပ်ကားစီးလျှင် အပေါ်ထပ် အရှေ့ဆုံးတွင်ထိုင်သူများ မကြာခဏထိခိုက်ဒဏ်ရာရမှုများဖြစ်ပေါ်ခဲ့သည်။ မျိုးချစ်ရွှေမြန်မာများအနေဖြင့် စင်ကာပူသို့ရောက်ရှိလာပါက ထိုင်ခုံလုထိုင်ခြင်း၊ နေရာလုခြင်းများသည် အရေးအကြောင်းဖြစ်လျှင် ပြေးပေါက် ပိတ်နေနိုင်ပါသဖြင့် မိမိအတွက် အသက်သည်ပိုမိုအရေးကြီးသည်ဟုဆိုလျှင် ထိုင်ခုံနေရာထိုင်ခင်းများမမက်မောကြပဲ မိမိအတွက်အဆင်ပြေမည့် နီးစပ်ရာ Emergency Exit အရေးပေါ်ထွက်ပေါက် နှင့်နီးစပ်ရာတွင် Bus များစီးနင်းလိုက်ပါခြင်းသည် အန္တရာယကင်းနိုင်မည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။ ထို့ အပြင် ခရီးသွား ကားစီး (BUS) သို့မဟုတ် ရထားစီးခြင်း (MRT=Mass Rapid Transit) စီးသည့်အခါတွင် မိမိနေရာရရှိပါက စိတ်ချလက်ချအိပ်စက်ခြင်းများရှောင်ကြဉ်သင့်ပါသည်။ထို့အပြင်

MRT နှင့် BUS များစီးနင်း သည့်အခါများတွင်လည်း သတ်မှတ်ထားသော Reserved Seat ( သက်ကြီးရွယ်အို။ကိုယ်ဝန်ဆောင်နှင့်အသန်မစွမ်းများ) ဦးစားပေးခုံများတွင် နေရာရရှိပါသဖြင့် ထိုင်သည့်အခါတွင်လည်း မသန်စွမ်းသူများ၊သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များတွေ့ ရှိပါက နေရာဖယ်ပေးခြင်းဖြင့်ကုသိုလ်ယူနိုင်ပါသည်။ထိုသို့ နေရာဖယ်ပေး ဦးစားပေးခြင်းမရှိပါက သင့်အား တစ်စုံတစ်ဦးမှ သင်မသိရှိပဲ ဓာတ်ပုံမှတ်တမ်းဖြင့်ရိုက်ယူသွားပြီး Yahoo သတင်းနှင့် Stomp news. နှင့် အခြားသောရုပ်သံသတင်းများတွင် ပါလာပါက မြန်မာလူမျိုးများအနေဖြင့် အရှက်ရဖွယ်ရာဖြစ်သဖြင့် ထိုကိစ္စများ ရှောင်ကြဉ်သင့်ပါသည်။ထို့ အပြင် ရထားပေါ်နှင့်ကားပေါ်များတွင် ရွှေမြန်မာများ နှစ်နေရာကို တစ်ဦးတည်းပေါင်ကြီးခွထိုင်ထားခြင်းသည် လွန်စွာအကျဉ်းတန်ရုပ်ဆိုးလှသဖြင့် ဆင်ခြင်နိုင်ကြပါစေရန်နှင့် မလိုလားအပ်သောကိစ္စများဖြစ်လာပါက
စင်ကာပူရဲနှင့်ဆက်နွယ်သည့်အခါသည့်နာမည်စာရင်းသည် နာမည်ပျက်မှတ်ချက်တွင်ပါသွားပါက နောက်နောင် စင်ကာပူတွင် အလုပ်ရှာဖွေခြင်း (သို့မဟုတ်) ကျောင်းတက်ခြင်း (သို့ မဟုတ်) PR အမြဲတမ်းနေထိုင်ခွင့် ၅ နှစ်တခါသက်တမ်းကုန်ဆုံးသောအခါတွင် သက်တမ်းတိုးပါက အခက်ခဲများရှိနိုင်ပါသဖြင့် ရွှေမြန်မာများအတွက် မလိုလားအပ်သည့်ပြသနာများရှောင်ကြဉ်နိုင်စေရန်နှိုးဆော်ပေးလိုက်ပါသည်။

ရွှေမြန်မာများ ဘ၀တွင် အောင်မြင်ပြီး ပျော်ရွှင်သော နေ့ ရက်သစ်များကိုအပူအပင်ကင်းစွာဖြင့်ဖြတ်သန်းနိုင်ကြပါစေ။

လေးစားစွာဖြင့် ,
MTS (or) DJ Fighter Lay ( MTS Online Radio 24hrs Live)
www.myittarshin.com

Singapore Air Show 2012 (အရမ်းတိုးတက်နေသော Singapore Army Weapons အကြောင်းလည်း သွားရောက်လေ့လာနိုင်ပါတယ်)










စင်ကာပူနိုင်ငံတွင် ဖေဖော်ဝါရီလ ၁၄-၁၅ နှင့် ၁၈- ၁၉ ရက် ၂၀၁၂ နှစ်တွင် Singapore Army Air Show ပြပွဲပြုလုပ်သွားမည်ဖြစ်ရာ ထို ပြပွဲသို့ လာရောက်ကြည့်ရှုသူများသည် ဗဟုသုတရဖွယ်ရာ စင်ကာပူနိုင်ငံရဲ့ လေကြောင်းစစ်ဆင်ရေးနည်းစနစ်များအပြင် ST Engineering မှထုတ်လုပ်သော နောက်ဆုံးပေါ်လက်နက်များအကြောင်းကိုလည်း လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။
ထို့အပြင် အကြမ်းဖက်သမားကိုတိုက်ခိုက်ရာတွင်အလွန်အသုံးဝင်မည့် Robots Remote Control System နည်းပညာများကိုပါ အများသိရှိစေရန်ရှင်းလင်းပြသမည်ဟုသိရှိရပါသည်။ဝင်ကြေးအနေနှင့်ကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။

Ticket Prices^

Adult: S$20 per entry
Child: S$8 per entry (12 years and below)
Family Package: S$120 (for 4 entries and 1 car park label)

Participants for Flying Display

  • RSAF, Singapore, F.16C + F-15G
  • RAAF, Australia, Roulettes
  • Blair Aerosports, Australia, Rebel 300
  • RMAF, Malaysia, Smokey Bandits

Flying Display Timings*

14 Feb 2012 (Tue)
15 - 17 Feb 2012 (Wed - Fri)
18 & 19 Feb 2012 (Sat & Sun)

12:30pm - 1:30pm
11:00am - 12:00pm
11:00am - 12:00pm
3:00pm - 3:30pm


Participants for Flying Display

  • RSAF, Singapore, F.16C + F-15G
  • RAAF, Australia, Roulettes
  • Blair Aerosports, Australia, Rebel 300
  • RMAF, Malaysia, Smokey Bandits

Address ;

hangi Exhibition Centre
9 Aviation Park Road
Singapore 498760



သွားရောက်ကြည့်ရှုလျှင် အောက်ပါပစ္စည်းများကို မသယ်ဆောင်သွားပါနှင့်။

LIST OF PROHIBITIED ITEMS

1. Firearms/Parts of Firearms, including empty magazines and spent cartridges (with percussion cap
attached) etc
2. Live Bullet/Blank
3. Air Pistol/Rifle or parts
4. Spear Gun
5. Explosive/Blasting cap/Dynamite/Corrosive Substance
6. Fireworks/crackers
7. Parang/Machete
8. Bearing Scrapper
9. Walking Stick with Dagger
10. Antique Pistol/Gun
11. Stun Gun
12. Baton/T-baton
13. Night Stick
14. Signal Flare and other Flammable materials
15. Hand Cuff
16. Tear-Gas Spray/Pepper Spray
17. Nanchaku
18. Knuckle Duster
19. Cross Bow
20. Industrial Acid
21. Bullet Proof Vest
22. Key Chain (Bullet/Gun)
23. Wooden /Metal Spear
24. Lighter in Gun, Pistol, Bullet, Grenade Shape
25. Toy Gun which resembles Actual Gun
26. Any sharp items that can be used as a weapon
OTHER ITEMS NOT ALLOWED INTO EVENT VENUE
27. Canned Items

ကျုဆိုက်တွင် လေ့လာနိုင်ပါသည် ... http://www.singaporeairshow.com/

အသေးစိတ်အချက်အလက်များထပ်မံသိရှိလိုပါက...ဆက်သွယ်ရန်...
Ex p e r i a Ev e n t s Pt e L td
Si n g a p o r e Ch a n g i Ai r p o r t T e rmi n a l 2 L e ve l 3 # 0 3 8 - 0 1 7 S i n g a p o r e 8 1 9 6 4 3
T e l : +6 5 6 5 4 2 8 6 60 F a x + 6 5 6 5 4 6 6 0 6 2
Ma i l i n g Ad d r e s s : Ch a n g i Ai r p o r t Po s t Of f i ce PO Bo x 1 0 5 3 Si n g a p o r e 9 1 81 5 6
www. s i n g a p o r e a i r sh ow. com Co . Re g . No . 2 0 0 5 1 4 3 7 3E

စိတ်ပါဝင်စားသူများသွားရောက်လေ့လာကြည့်ရှုနိုင်ကြစေရန် သတင်းလေးမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။


လေးစားခင်မင်စွာဖြင့်,

MTS (or) Dj Fighter Lay (MTS Online Radio)

www.myittarshin.com

http://209.212.144.155/MTS (Radio Link 24hrs Live)

ရာသီဥတုကြောင့် လေဖြန်းသူများလာ


ရန်ကုန်၊ ဇန်န၀ါရီ-၂၅

အအေးဒဏ်ကြောင့် အချို့သူများတွင် လေဖြန်းခြင်းများ ဖြစ်ပွားနေကြကြောင်း သတင်းရရှိသည်။ ရောဂါတစ်ခုခုကြောင့် လေဖြတ်ခြင်းမျိုးမဟုတ်ဘဲ အအေးလွန်သည့်အတွက် မျက်နှာရှိအာရုံကြောများ ထုံသွားကာ ပါးတစ်ခြမ်းရွှဲ့သွားကြခြင်းဖြစ်ပြီး အသက်ကြီးသူများတွင် ပို၍ပြင်းထန်စွာဝေဒနာခံစားရကြောင်း အထွေထွေရောဂါကု ဆရာဝန်များကပြောသည်။

“ကျွန်မတို့ လွန်ခဲ့တဲ့တစ်ပတ်လောက်က ကျိုက်ထီးရိုးသွားကြတုန်းတည်းဖို့နေရာလည်းခက်တော့ပါလာတဲ့တစ်ယောက်က ကားပေါ်မှာအိပ်တယ်။ အဲဒီအချိန်က အပြင်မှာ လည်း အရမ်းအေးနေတဲ့အပြင် ကားပေါ်မှာလည်း အဲကွန်းနဲ့ အရမ်းအေးနေတာ။ မနက်ရောက်တော့ သူကသူအရမ်း အေးပြီးတစ်ကိုယ်လုံးထုံနေတယ်လို့ပြောလို့ မျက်နှာကြီး ရွဲ့သွားတာ မနည်းကိုပြန်လုပ်လိုက်ရတယ်”ဟု ကျိုက်ထီးရိုးဘုရားသို့သွားခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။

အအေးလွန်သည့်အခါတွင် သွေးကြောများထုံသွားသည့်အတွက် ထိုသို့ဖြစ်ဖြစ်ရခြင်းဖြစ်ပြီးခရီးသွားသည့်အခါ ပြတင်းပေါက်များဖွင့်ပြီး အိပ်မိသည့်အခါမျိုး၊ ရေချိုး၊ ခေါင်း
လျှော်နေရင်းနှင့် အအေးလွန်သည့်အခါမျိုးများတွင် ပါးတစ်ခြမ်းရွဲ့သွားလေ့ရှိကြသည်။ အချို့အေးသည့်အချိန်အလွန်အမင်းရယ်မောခြင်းကြောင့်လည်းပါးတစ်ခြမ်းရွဲ့ သွားသည့် လူများလည်းရှိကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာထွန်းသိန်းကပြောသည်။

“အိမ်နားက အသက်၆၀ကျော်အဘွားတစ်ယောက်ဆိုလည်း မနက်ပိုင်းလေဖြတ်သလို ပါးကြီးရွဲ့သွားတာ။ ဆရာဝန်ကတော့ လေဖြတ်တာမဟုတ်ဘူး။ အေးလို့ လေဖြန်းသွားတာလို့ပြောတယ်။ အခုထိတော့ သိပ်မသက်သာသေးဘူး”ဟု တောင်ဒဂုံမြို့နယ်မှ မခင်ညိုက ပြောသည်။ထိုသို့ဖြစ်လာလျှင် အာရုံကြောပြန် အားကောင်းစေသည့် ဆေးဝါးကုသမှုများ၊ လေ့ကျင့်ခန်းများဖြင့် ပြန်လည်ကုသနိုင်ပြီး တစ်ပတ်မှ တစ်လခန့်အထိ ကုသချိန်ကြာမြင့်နိုင်ကြောင်း သိရသည်။

http://www.7daynewsjournal.com

လှချင်သူများသတိထားအလှကုန်အချို့တွင် ကန့်သတ်ဓာတုပစ္စည်းပါဝင်နေ


Photo

မကြာသေးမီက ပြုလုပ်ခဲ့သည့် ပြည်တွင်း၌ ရောင်းချနေသော အလှကုန်အချို့တွင်သုံးစွဲသူများအား အန္တရာယ်ဖြစ်စေသည့် ထည့်သွင်းသုံးစွဲခွင့်ပိတ်ပင်ထားသည့် ဓာတုပစ္စည်းအချို့ပါဝင်နေကြောင်း သုတေသနပြုလုပ်တွေ့ရှိခဲ့သည်။

ထိုသုတေသနတွေ့ရှိမှုအရ ပြည်တွင်း၌ ထုတ်လုပ်သည့် အလှကုန်ပစ္စည်းများတွင်သာမက ပြည်ပနိုင်ငံများမှတင်သွင်းသည့် အလှကုန်များလည်း ပါဝင်နေသည်။
အလှကုန်များတွင် ဓာတုပစ္စည်းပေါင်းသောင်းနှင့်ချီ ပါဝင်နေပြီး ထိုအထဲတွင် သုတေသနရှာဖွေတွေ့ရှိမှုများအရဘေးထွက် ဆိုးကျိုးများကြီးမားသော အန္တရာယ်
ဖြစ်စေသည့် ပစ္စည်းများအား နိုင်ငံတကာတွင်ထည့်သွင်းသုံးစွဲခွင့် ပိတ်ပင်ထားခဲ့ကြသည်။

ပြုလုပ်ထားသည့် သုတေသ နများတွင် ပြည်တွင်း ပြည်ပမှ တင်သွင်းထုတ်လုပ်သော မျက်နှာ လိမ်းအောက်ခံမိတ်ကပ်များတွင် အမေရိကန်နိုင်ငံတွင် ၂၀၀၆ ခု နှစ်ကတည်းမှစတင်ပြီး အသုံးပြုမှု ပိတ်ထားသည့် ဟိုဒရိုကွီနှုန်းဟု ခေါ်သည့် ဓာတုပစ္စည်းတစ်မျိုးနှင့် ပြည်တွင်းတွင် အသုံးများပြီး ဈေးသက်သာသော အလှကုန်များ တွင်လည်း မာကျူရီသတ်မှတ်ချက်အထက် အဆပေါင်း ၂၀၀ ကျော်မှ ၂၀၀၀ ကျော်အထိပါဝင်နေကြောင်း တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

“အခုကတော့ ဒီနှစ်မျိုးကိုစစ်လို့ ဒီဟာကို ပြောတာလေ။ တခြားမစစ်ပေမယ့် ရှိနေတဲ့ မသုံး သင့်တဲ့ဓာတုပစ္စည်းပါနေတဲ့ ပစ္စည်းတွေ လည်းအများကြီးပဲပေါ့။ အဲဒါတွေလည်း မတွေ့မချင်းသုံးနေကြတာပဲ။ တွေ့တော့မှသာတစ်ခုခုလုပ်ကြတာပေါ့”ဟု သုတေသနပညာရှင်တစ်ဦးကပြောသည်။နိုင်ငံတစ်နိုင်ငံချင်းစီတွင် အလှကုန်များ၌ ပါဝင်သင့်သည့် ဓာတုပစ္စည်းများအား သတ်မှတ်ချက်များဖြင့် ထည့်သွင်းခွင့်ပြုထားသော် လည်း (ဥပမာ-မာကျူရီပါဝင်နှုန်း အမေရိကန်နိုင်ငံတွင် 1ppm သတ်
မှတ်ပြီး အချို့နိုင်ငံများတွင် 16ppm အထိ ပါဝင်ခွင့် သတ်မှတ်ထားသည်)မြန်မာနိုင်ငံတွင်မူ ထိုကဲ့သို့သတ် မှတ်ချက် တစ်စုံတစ်ရာ မရှိပေ။

“သတ်မှတ်ချက် မရှိပေမယ့်လည်း မာကျူရီပါဝင်နှုန်းဆိုရင် အဆ ၂၀၀၀ ကျော်အထိများနေ တယ်ဆိုတာကတော့ မဖြစ်သင့်ဘူးလေ”ဟု ရန်ကုန်ဆေးရုံကြီး အရေပြားအထူးကုဌာနမှ ဒေါက် တာလင်းထက်က ပြောသည်။ပြည်တွင်းရှိ အလှကုန်ပစ္စည်းထုတ်လုပ်သူများသည် သတ်မှတ်ချက်မရှိသည့်အခါ ထိုပစ္စည်းများ
ထည့်သွင်း အသုံးပြုလျှင် ထိရောက်မှုများသည်ဆိုသည့်အချက်တစ်ခုတည်းကိုကြည့်၍ ထည့်သွင်းသုံးစွဲကြလေ့ရှိပြီး ထိုပစ္စည်းများ၏ ရေရှည်တွင်ဖြစ်ပေါ်လာနိုင်သည့် ဆိုး
ကျိုးများအား ဂရုပြုမှုနည်းပါးခြင်းနှင့် သိရှိမှုနည်းပါးခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ပညာရှင်များမှ သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင်လည်း ဈေးကွက်ရောင်းအားအရ အသားဖြူစေသည့် အလှကုန်ပစ္စည်းများအား လူကြိုက်များသည့်အတွက် ထိုပစ္စည်းများ ထုတ်လုပ်သည့်အခါ ဟိုက်ဒရိုကွီနှုန်းနှင့် မာကျူရီအား ထည့်သွင်းအသုံးပြုကြခြင်း ဖြစ်သည်။ ထိုပစ္စည်းများမှာ အရောင်ခြယ် ဆဲလ်များအား ပျက်စီးစေသည့်အပြင် အရောင်ခြယ် ပစ္စည်းမထွက်စေရန် အင်ဇိုင်းတစ်မျိုးအား ပိတ်စေသည့် အာနိသင်ရှိ သောကြောင့် အသားဖြူလာခြင်းဖြစ်သည်။

ထိုပစ္စည်းများသည် အရေ ပြားမှ ခန္ဓာကိုယ်အတွင်း စိမ့်ဝင်ပြီး ပမာဏများပြားလာလျှင် အာရုံကြောများ ထိခိုက်ခြင်း၊ အရေပြားထူခြင်း၊ အရေပြားကင်ဆာများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ် ပေါ်လာစေနိုင်ခြင်းအတွက် ထည့်သွင်းသုံးစွဲခွင့်ကန့်သတ်ထားခြင်း ဖြစ်သည်။ အလှကုန်များတွင် ထိုကဲ့သို့အန္တရာယ်ဖြစ်စေသည့် ဓာတုပစ္စည်းများ ထည့်သွင်းအသုံးပြု ခြင်းနှင့် ထိုပစ္စည်းများအသုံးပြု ခြင်းကြောင့် ရေရှည်တွင်ဖြစ်ပေါ် လာသည့် ကျန်းမာရေးပြဿနာ များအား စောင့်ကြည့်ခြင်းများသည် ငွေကြေးအကုန်အကျများခြင်းနှင့် စက်ပစ္စည်းများစွာလိုအပ်သည့်အတွက် ပြည်တွင်း၌ စောင့်
ကြည့်မှုမလုပ်နိုင်ပေ။

“ဒီမှာကလည်း ကျောက်ကပ်ပျက်သွားတယ်ဆိုရင်တောင် ဘာရောဂါကြောင့် ပျက်သွားလည်းဆိုတာ မသိတဲ့ကေ့စ်တွေလည်း အများကြီးပဲလေ။ စနစ်တ ကျစောင့်ကြည့်မှုမရှိတဲ့အခါကျတော့ ဘာကြောင့်ဆိုပြီး ပြောဖို့ ခက်တယ်။ အဲလိုနဲ့ပဲ ဘာမှန်းမသိ ဘဲ ဖြစ်သွားတဲ့ရောဂါတွေလည်း အများကြီးရှိနိုင်တယ်လေ” ဟု
ဒေါက်တာလင်းထက်က ဆက်လက်ပြောသည်။ အခြားနိုင်ငံများတွင် မိမိနိုင်ငံသို့ တင်သွင်းသည့် ပစ္စည်းများနှင့် ပြည်တွင်း၌ ထုတ်လုပ်သော ပစ္စည်းများအတွက် သတ်မှတ်ချက်များလည်းရှိပြီး ဥပဒေကြောင်းအရ သတ်မှတ်ချက်နှင့်မညီသော ပစ္စည်းများတင်သွင်းပါက သေဒဏ်အထိ ထိရောက်စွာအရေးယူမှုများလည်း ရှိကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက အလုပ်ရုံဆွေးနွေးပွဲတွင်ထည့်သွင်းပြော ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဥပဒေကြောင်းအရ ထိန်းကွပ်မှုနှင့် ဈေးကွက်အတွင်း ထိရောက်သော စစ်ဆေးမှုများ၊ အဆိုပါပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည့် နောက်
ဆက်တွဲပြဿနာများအား စောင့်ကြည့်မှုများအားနည်းသည့်အတွက် သုံးစွဲသူများတွင် နစ်နာမှုများနှင့် ရင်ဆိုင်နေရကြောင်း အဆိုပါတာဝန်ရှိသူကပြောသည်။
ပြည်ပမှ တင်သွင်းသော အချို့အလှကုန်များတွင်လည်း တားမြစ်ပစ္စည်းများ ပါဝင်နေ ကြောင်း တွေ့ရှိထားပြီး ထိုပါဝင်မှုများမှာ ထုတ်လုပ်သည့်နိုင်ငံမှ ခွင့်ပြုထားသည့် ပမာဏ(သို့မဟုတ်) ထိုနိုင်ငံတွင်း မထည့်သုံးသော်လည်း မြန်မာနိုင်ငံကဲ့သို့ ပါဝင်မှုကန့်သတ်မှုမရှိသည့် နိုင်ငံအား တင်သွင်းမှသာ ထည့်သွင်းထားခြင်းကိုလည်း မည်သို့မျှမသိနိုင်ကြောင်း ပညာရှင်တစ်ဦးက ပြောသည်။

“သူတို့ရေးမထားရင်လည်း ဘာမှမသိနိုင်ဘူးလေ။ ကိုယ့်ဆီမှာကလည်း ပါ၊ မပါကို လွယ်လွယ်စစ်နိုင်တဲ့ စက်ပစ္စည်းတွေကလည်း မရှိတဲ့အခါ မစမ်းနိုင်ဘူးပေါ့”ဟု
ဒေါက်တာလင်းထက်ကပြောကြားသည်။ထိုပစ္စည်းများသည် ရေရှည် တွင်ပြဿနာဖြစ်စေနိုင်ပြီး၊ လူအများစုမှာ လတ်တလော ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သည့် အ
ရေပြားလောင်ခြင်းတို့လောက်သာ ဂရုစိုက်ပြီး ရေရှည်ဆိုးကျိုးများကိုမူ သတိပြုမှုနည်းပါးနေသေးကြောင်း ဒေါက်တာလင်းထက်က ဆက်လက်ပြောသည်။

“အဆိပ်သင့်တဲ့ လူမျိုးတွေ တွေ့ဖူးပေမယ့် တိကျတဲ့ စစ်ဆေးမှုမရှိတဲ့အခါကျတော့ ဒီဟာကြောင့်လို့ပြောဖို့ကခက်တယ်။ ဒါကြောင့် ဒီဟာတွေပါဝင်နိုင်တဲ့
အတွက် သတိထားပြီး သုံးပါလို့ပဲပြောဖြစ်တယ်” ဟု ဒေါက်တာလင်းထက်က ဆက်လက်ပြောသည်။ မာကျူရီပါဝင်မှုစမ်းသပ်ခြင်းတွင် ပြည်တွင်းတွင် လူသုံးများသော ဈေးသက်သာသည့် ပစ္စည်းများအား စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ ယခုတွေ့ရှိမှုသည် အသားဖြူစေသော အလှကုန်များသုံးစွဲသူများအတွက် ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း သတိပေးလျက်ရှိသည်ဟု ပညာရှင် ၉ ဦးစုပေါင်းပြုလုပ်ထားသည့် စာတမ်းတွင် ဖော်ပြထားသည်။

Reference ; http://www.7daynewsjournal.com/article

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။