MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, February 16, 2012

Online ချစ်သူများ နှင့် ကြေကွဲဖွယ်ဇတ်သိမ်းမှူများ။

Online ချစ်သူများ နှင့် ကြေကွဲဖွယ်ဇတ်သိမ်းမှူများ

အော် အွန်လိုင်း အချစ်...အွန်လိုင်းအချစ်တွေ ........

ကျနော်တို့ ယနေ့ခေတ်ကြီးမှာ ဆက်သွယ်မှူတွေ တော်တော်တန်တန်ကို တိုးတက်နေပြီ။အဲဒီလိုတိုးတက်နေတာနှင့်အညီ "Online Chatting " ဆိုတာကလည်းတော်တော်တွင်တွင်ကျယ်ကျယ် နှင့်မြန်မာလူငယ် လူကြီးမရွေး ရုပ်ပြခြင်းမရှိပဲ အင်တာနက်လောကနယ်ပယ်မှာတော်တော် လေးနေ၇ာ၇လာပါပြီ။ ခုဆို၇င် လူတိုင်းဟာသူတို့သိသမျှ chatting free web site များကို account ဖွင့်ပြီးနေ့မနားညမနား အသုံးပြုလာကြပါပြီ။ ယခင်နှစ် မြန်မာနိုင်ငံရဲ့ မြန်မာလူမျိုးများ(ကလေး ။လူငယ် ။လူလတ် ။လူကြီး )အားလုံး ချက်တင်တက်နှုန်းက 78% သာရှိပြီး ယခုနှစ် 2010 အတွင်းမှာ ၈၉ ၇ာခိုင်နှုန်းထိတိုးတက်လာခဲ့ပါပြီ။(တချို့တွေကမေးချင်မေးပါလိမ့်မယ် ၇ာခိုင်နှုန်းတွေဘယ်လို တိတိ ကျကျပြောနိုင်လဲလို့မေးချင်မေးကျပါလိမ့်မယ် ။ အတိကျဆုံနဲ့ အနီးစပ်ဆုံး ပျမ်းမျှကိုဖော်ပြထားတာပါ ။ ။မြန်မာလူမျိုးတို့အကျင့်အတိုင်း မေးခွန်းလေးတွေမများ၇အောင်ကြိုတင်ဖော်ပြဖြေကြားပေးထားတာပါ)။။
နိုင်ငံတကာမှ အချို့ကျောင်းသားဆိုလျှင် ကျောင်းစာကိုတောင်သေသေချာချာဂရုတစိုက် လေ့လာသင်ကြားခြင်းမရှိတော့ဘဲ သူတို့၏ အွန်လိုင်းချစ်သူများကို တာစိတ်ေ၇ာက်နေကျပြီး ထိုကျောင်းသူ / သား များ၇ဲ့ပညာေ၇းထွန်းကာမှူမှာနှောင့်နှေးနေကြ၇ပါပြီ။ သို့ပေမဲ့ ထိုသူများ ကသူတို့ရဲ့ Online lover , အင်တာနက်ချစ်သူများရဲ့မျက်နှာကို တခါမှမမြင်ဘူးကြပါဘူး ၊ တချို့ဆို ရုပ်မြင်၇ပြီး ချစ်ကြိုက်သွားကျသော်လည်း သူတို့၇ဲ့ အွန်လိုင်းချစ်သူများ ကဘယ်လိုညာနေ ၊ လှည့်စာနေတယ်ဆိုတာမသိကြပါဘူး။ဒီထက်ဆိုးတာက အဲဒီမသေချာမရေ၇ာတဲ့ အွန်လိုင်းချစ်သူများထံသို့ သူတို့လိုချင်သော ပစ္စည်းဥစ္စာများကိုတောင် အဝေးမှပေးပို့ပေးနေကြပြီးနောက်ဆုံး အဖြစ်သိလိုက်ရတဲ့အချိန်မှာ ကိုယ်ရဲ့ အွန်လိုင်းချစ်သူမှာနောက်ဆက်တွဲ ဇတ်လမ်း( မိမိဘာသာဖြည့်စဉ်းစားကြပါ)တွေရှိနေကြပြီဆိုတာပါပဲ။ အများစု နောက်ဆုံးခံစား၇တဲ့ ၇လတ်တွေမှာ ကတော့ မိန်းကလေးခေတ်လူငယ်တွေပါပဲ။ကျနော့် သူငယ်ချင်းတော်တော်များများလည်းကိုယ်တွေ့ဖြစ်၇ပ်တွေ၇ှိကြပါတယ်။ အွန်လိုင်းမှာ နာမည်မျိုးစုံပြောင်း (သို့) ရုပ်ဖော်ပြခြင်းမရှိ (သို့)တခြားရုပ်ချောချောပုံများထည့်ပြီး မိန်းကလးများရဲ့အချစ်ကို နည်းမျိုးစု့နဲ့၇ယူတတ်ကျပါတယ်။ အကယ်လို့ သူတို့မှာနောက်ထပ် ကျှု ( Q )ရမည့်သူတွေတွေ့ ၇င် (သို့) နောက်ထပ် ချစ်သူက အ၇င်ချစ်သူထက်အစစအ၇ာ၇ာမှသာ ၇င် အဲဒီလူတွေကသဘောကျပြီးပါသွားကြပါတယ်။နောက်ဆုံးရလဒ်ကတော့ မိန်းကလေးများ က အဲဒီ အွန်လိုင်းချစ်သူကိုသတိ၇တဲ့စိတ် ၊ချစ်တဲ့စိတ်နဲ့ ပဲ သူတို့လေးတွေ၇ဲ့ဘ၀မှာ စိတ်ခံစားချက်ကြီးကြီး၇သွားကြပါတယ်။

ယောကျာ်းလေးများကလည်း ကိုကိုယ်တိုင်မိန်းကလေးကို ကျူတော့မယ်ဆိုစိတ်ကူး၇င်လဲ အဲဒီတယောက်ထဲကိုပဲကျူသင့်ပါတယ်။ ပါးစပ်နဲ့လက်ကေ၇ပက်မ၀င် လျှာရိုးမရှိသလိုမျိုးတွေ မိန်းကလေးတိုင်းကိုလျှောက်မပြောသင့်ပါဘူး။ယောကျာ်းတို့သဘာဝ အတိုင်းကျူတာ ကြိုက်ကြတာကို လူတိုင်းလက်ခံပါတယ် ၊ ကျူ၇င်လဲ တဘက်သားကို ကိုယ်ကိုတိုင်က ဘာမှ သူအတွက်မလုပ်ပေးနိုင်ပဲအေ၇အချင်းမရှိပဲ သွားမကျူသင့်ပါဘူး။ မိန်းကလေးများကလည်း နိုင်ငံခြားေ၇ာက်တဲ့သူများကို လုံးဝ လုံးဝ အထင်မကြီးသင့်ပါဘူး။နိုင်ငံခြားမှာ ကနည်းမျိုးစုံနဲ့သူတို့ အလုပ် (သို့)ကျောင်းတတ်နေကြတာပါ။သူတို့တွေက ကို့ကို တကယ်ချစ်တယ်ကြိုက်တယ်လို့ ထင်ပြီးအများကြီးမျှော်မှန်းထား၇င်တော့ မဟာအမှားကြီးဖြစ်သွားပါလိမ့်မယ်။ အထူးသဖြင့် ဒီခေတ်လူငယ်များပိုပြီးသတိထားကြပါ။ မိမိ စိတ်အလိုကိုမလိုက်ပါနဲ့ ။စဉ်းစားချင့်ချိန်ပါ အဆင့်မရှိတဲ့ပါးစပ်များက ဖြစ်သလို anyhow ပြောတာတွေကို ယုံ၇င်တော့ ကိုယ့်သမိုင်းကိုေ၇းပြီး ကိုယ်ဖြစ်ကိုခံကြဖို့ပဲရှိပါတယ်။မီးဆိုတာကိုယ်မွှေးပြီး၇င်ကိုယ့်ပဲ

ပြန်ငြိမ်းအောင်လုပ်နိုင်မှပါ ။

*** နောက်တမျိုးလူတန်းစားကြတော့...အတွေးအခေါ်မရှိပဲ မိမိတို့ ရဲ့ တဏှာရမ္မက်ကြောင့် မိန်းကလေးများ၏စကားကိုနားယောင်တတ်သူများ ***

မိန်းကလေး တဦးပြောလိုက်လျှင် ဘာမဆို အတွေးအခေါ်မရှိတဲ့လူမျိုး ။ ပြောသမျှလိုက်လုပ်တဲ့သူများ။ တဖက်မိန်းကလေး အားရကျေနပ်အောင်လုပ်ပေးတဲ့သူမျိုးများကလည်း တကြိမ် ၂ ကြိမ်ဘာမှ ပြသနာကြီးကြီးမားမား မဖြစ်သေးပေမဲ့ တနေ့ နေ့မှာ

အဲဒီလို မျက်နှာသာ ၇အောင်လုပ်ခြင်းက မိမိဘ၀အတွက် အသက်ပါပေးဆပ်သွားရနိုင်ပါတယ်။ မြန်မာလူမျိုးအများစုသိတဲ့ စကားပုံလေးတခုတော့ရှိတယ် အားလုံးကြားဖူးမယ်လို့ထင်ပါတယ်.....မိမိကိုယ်တံတွေလာထွေးလို့ ပိုက်ဆံပေးလိုက်တယ်..။အဲဒီအခါမှာ တံတွေးလာထွေးတဲ့သူက ပျော်သွားတယ် ၊ဘာလို့လဲဆိုတော့ သူက သူတပါးကိုတံတွေးထွေးလိုက်လို့ ပိုက်ဆံရတဲ့အတွက်ကြောင့်.။ အဲဒီလိုပဲနောက်တခါ ပိုက်ဆံအချောင်၇မလားလို့ဆိုပြီး နောက်တယောက်ကို တံတွေးလည်းသွားထွေးရော အဲဒီမှာသေပါရောဗျာ။

အမျိုးကောင်းသားများလည်း မိမိနှင့်တွေးမတော်သားမစပ်သော မိန်းကလေးများကြောင့် မိမိတို့ ကို လူမုန်းများခံရခြင်း။ ခိုက်ရန်ဒေါသဖြစ်ခြင်းများ။ အခြေနေမကောင်းလျှင် အသက်ပါပေးဆပ်လိုက်ရနိုင်သည်ကို သတိပြုကြပါ။ အမျိုးကောင်းသားများ

၏ဘ၀များ တိုးတက်ပျော်ရွှင်နိုင်ကြပါစေ ....။

မိမိဘ၀ ထိုသူကြောင့် ၊

နာမည်လည်းပျက် ၊ ဘ၀လည်းပျက် ။

လူမုန်းလည်းများ ၊ ခိုက်ရန်ပွား။

အမြတ်ဒေါသလည်းထွက်၊ လူလည်းပျက် ။

ပျက်သည့်ခဏ၊ မပြင်က ။

ကြာလျှင် ဘ၀ပါပေးဆပ်ရလိမ့်မည်။

ချစ်ခင်လေးစား၇သောမြန်မာလူမျိုးများ အမျိုးဂုဏ် ။ဇာတိဂုဏ်နှင့် မိဘများ၏ ဂုဏ်သိက္ခာ များ ၊ မြန်မာဆိုတဲ့စိတ်

(ရှေးဘု၇င်များလက်ထက် ကမြန်မာစိတ်ဓာတ် ကိုဆိုလိုသည်)ကို မြင့်မြတ်သော စိတ်ထားမွေးကာ ဆက်လက်ထိန်းသိမ်းသွားနိုင်ကြပါစေ။ *** မှတ်ချက် ***( မေးမြန်းခြင်းသည်းခံပါ။ comments ပေးခြင်းသည်းခံပါ) အမျိုးသားများကလည်း မိမိနှင့်တိုက်ဆိုင်မှူရှိသွား၇င် နားလည်ခွင့်လွှတ်ပေးကြပါ။ဘယ်သူ့ကိုမှမရည်ရွယ်ပါဘူး။့ သဘောတရားများကိုအကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်။
အာလုံးကျန်မာပျော်ရွှင်ပြီး ဘ၀ရဲ့ စစ်မှန်သော လက်တွဲဖော်များရှာတွေ့ နိုင်ကြပါစေ။

ဧပြီလ ၂၀၁၀ တွင် တင်ခဲ့သော SMT ပိုစ် အား ပြန်လည်တင်ပြပေးလိုက်ပါတယ်။

Posted by ; SMT

သမီးအလိမ္မာတုံးလေး ၏ ပေးစာ ~ ( Funny World ဟာသကမ္ဘာမှ ကူးယူတင်ပြသည်)

လိမ္မာလိုက်တဲ့သမီးရဲ့ ပေးစာ။မွေးရကျိုးနပ်တယ်

သမီးအလိမ္မာတုံးလေး ၏ ပေးစာ ~~~

သို့ ... ဖေဖေနှင့် မေမေ

ကျောင်းစဖွင့်ကတည်းက မအားတော့တာနဲ့ မေမေ ဖေဖေတို့ ဆီကို စာမရေးဖြစ်တော့ဘူးနော်။
အခုမှပဲ ဖြစ်ဖြစ်သမျှ အကြောင်းတွေကို အားရပါးရ ပြောပြရတော့မယ်။
ဒီစာဖတ်ပြီး တော့လဲ စိတ်ပူမနေကြနဲ့ ဦး။
ဖြစ်ပုံကဒီလို…

ဘာမှတော့ စိုးရိမ်စရာမဟုတ်ပါဘူး။ ပြီခဲ့တဲ့ တစ်ပတ်လောက်ကတော့
ပါတီတစ်ခုကို သွားပြီး အပြန်မှာ ခေါင်းတွေ သွက်သွက်ခါလောက်အောင်ကို
မူးခဲ့တယ်။
ဒါကလည်း ဆေးမှားသောက်မိလို့ ပါ။ အဲဒီဆေးကလဲ ပါတီမှာတွေ့ တဲ့
ကောင်လေးတစ်ယောက်က သမီးကို စမ်းသောက်ကြည့်ဖို့ ပေးတာလေ။

ဒါပေမယ့် အဲဒီနေ့ က အဖြစ်အပျက်တွေကိုတော့ ပြန်ပြောပြလို့ ရလောက်အောင်
သိပ်ပြီး မမှတ်မိချင်တော့ဘူး။
သမီးရဲ့ အဝတ်အစားတွေ အကုန်လုံးကိုတော့ နောက်နေ့ မနက် ပြန်ရှာတွေ့ ပါတယ်။
အဲဒီအတွက်တော့ ဘာမှ စိတ်ပူစရာမလိုပါဘူး။
ဆေးရုံရောက်မသွားတာပဲ တော်သေးတယ် ပြောရမယ်လေ။ အခုတော့ တစ်နေ့ 
သုံးကြိမ်လောက် ခေါင်းတအား ထိုးထိုးကိုက်တာက လွဲလို့ 
ဘာမှမဖြစ်တော့ပါဘူး။

ကျောင်းတက်ခါစက အဆောင်မှာ နေတာဆိုတော့ ဆူဆူညံညံ အသံတွေကြောင့် မလွတ်လပ်ဘူးပေါ့။
အခုတော့ ကောင်လေးတစ်ယောက်နဲ့  လိုက်နေတာ အားလုံး အဆင်ပြေပါတယ်။ သူက
သမီးတို့ ကျောင်းနားက ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်တယ်လေ။

သူကသမီးအပေါ်မှာ ကောင်းရှာပါတယ်။ အခုလဲ သူကလက်ထပ်မယ်တဲ့လေ။ ဘယ်နေ
့ဘယ်ရက်လို့ တော့ မရွေးရသေးပါဘူး။
ဒါပေမယ့် သမီးကတော့ သိပ်ကြာကြာ မစောင့်ချင်တော့ဘူး။ ဗိုက်ကလဲ တနေ
့ထက်တနေ့  ပိုပိုပူပူ လာနေပြီ။

ဖေဖေနဲ့  မေမေတို့ ရေ… ဖေဖေတို့ ရဲ့ သမီးက ကလေးအမေဖြစ်တော့မှာ။ အားလုံး
အဆင်ပြေပါတယ်။ တခါတခါတော့ ခေါင်းထဲမူးတူးတူး ရှိတာပေါ့။
ဒါပေမယ်လဲ ဒါက အနာတွေပေါက်နေလို့  ဆေးသောက်နေရလို့ ဖြစ်တာပါ။ အနာတွေက
အာဘ်ဒူဆီက ကူးတာလေ။ ဒါလဲ သူ့ အပြစ်တော့ မဟုတ်ပါဘူး။ အမှန်က
သမီးကိုယ်တိုင် စောစောထဲက ဆင်ခြင်ခဲ့ဖို့ ကောင်းတာပါ။

အာဘ်ဒူကိုတော့ ဖေဖေ မေမေတို့ လက်ခံရလိမ့်မယ်။ သူက ဘာပညာမှတော့ မတတ်ပါဘူး။
ဒါပေမယ့် အရမ်း ရည်ရွယ်ချက်ကြီးတာ။
အခုလဲ သူက ကိုယ်ပိုင်ဓာတ်ဆီဆိုင် ဖွင့်မယ်တဲ့လေ။ သမီးနာမည်နဲ့  ဘဏ်ကနေ
ငွေချေးလို့ ရရင်ပေါ့။ သူကအချုပ် ကျဖူးထားတော့ ဘဏ်မှာ သူ့ နာမည်နဲ
့ငွေချေးလို့ မရဘူးတဲ့လေ။

သူက နိုင်ငံရေးကိုတော့ စိတ်ဝင်စားမှုရှိပါတယ်။ သူက အာရတ်အဖွဲ့ သုံးဖွဲ
့ရဲ့ အဖွဲ့ ဝင်တစ်ယောက်လေ။ ဘင်လာဒင် ထောင်ထားတဲ့ အဖွဲ့ တွေပေါ့။
ဘင်လာဒင်ဆိုတာ တကယ့်ကို ကျိကျိတက်ချမ်းသာတဲ့ မီးခိုးရောင်
မုတ်ဆိတ်ရှည်ကြီးနဲ့ လူလေ။
သမီးက ဒီထက်ပိုပြီးတော့ တော့ သူတို့ အကြောင်းတွေ မသိပါဘူး။ သူတို့ 
စည်ဝေးနေပြီဆိုရင်လဲ သမီးကို သူတို့ အနားကနေ အမြဲ ထွက်သွားခိုင်တယ်လေ။

မနေ့ တနေကတော့ သူ့ ကို သမီးကိုယ်တိုင် ရဲစခန်းမှာ
သွားပြီးရွေးခဲ့ရသေးတယ်။ သူ ရဲတွေကို ပြန်ထိုးနှက်ပြီး
ပြောနေလိုက်တာအမေရယ် ရဲမှူးသုံးယောက်မှာ ပါးစပ်ကို ပိတ်ရောပဲ။

သူကသမီးအတွက် ဂုဏ်ယူတယ်တဲ့။ သမီးက မွတ်စလင်ဘာသာဝင် မိန်းကလေးတွေလို
ခေါင်းပေါင်းဆောင်းထားတာ
(ဟုတ်တယ် အမေ သမီးအဲဒါကို မဆောင်းမနေ ဆောင်းရတယ်) သူ့  အရင်မိန်းမတွေထက်
ပိုပြီး ကြည့်လို့ လှတယ်တဲ့။

ကဲ…

အခုတော့ သမီးရဲ့ ဘဝအခြေအနေ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား
ဖြစ်သွားနိုင်တယ်ဆိုတာ အမေတို့ သိပြီမဟုတ်လား။
အမှန်တော့ သမီးပြောခဲ့တဲ့ ခေါင်းကိုက်တာတို့ ၊ ဆေးမှားတာတို့ ၊
ကလေးရတာတို့ ၊ အနာတွေပေါက်တာတို့ ၊ ရည်းစားရနေတာတို့ ဆိုတာ
တကယ်မဟုတ်ပါဘူး။

သမီးဒီလ ဖြေခဲ့တဲ့ စာမေးပွဲ ၅ ဘာသာမှာ နှစ်ဘာသာကကျပြီး နှစ်ဘာသာက ပြန်ဖြေရမှာတဲ့။
ဒါပေမယ့် အခုဏက ပြောခဲ့တဲ့ အဖြစ်အပျက်တွေနဲ့  နှိုင်းယှဉ်ကြည့်ရင်တော့
ဒါဟာ ဘာမှ မပြောပလောက်ပါဘူး လေ… နော်

ချစ်တဲ့ သမီး

အချစ်ဆိုတာကိုသေချာနားလည်ကြရဲ့လား (သို့) QQ များအကြောင်း။အွန်ုလိုင်းမှာ မိန်းကလေးဖြစ်ရင်ပြီးရောဆိုသော သိက္ခာမဲ့သားသမီးများအတွက်။

" ဘာလဲဟ....အချစ်စစ်ဆိုတာ " ....???

လူတိုင်းမှာ မချစ်ခဲ့ဘူး၊ အချစ်မခံရခဲ့ဘူးတဲ့လူတွေ၇ယ်ဆိုတာမရှိပါဘူး။ သက်ရှိမျိုးနွယ်တိုင်း နှလုံးသာဆိုတာတော့ရှိကြပါတယ်။

သက်ရှိထဲမှာ လူသားများကို ကျနော်ပြောချင်တာက .... ခင်ဗျားတို့ပြောပြောနေတဲ့ ချစ်တယ် ချစ်တယ် .... အချစ်စစ်ဆိုတာဘာနဲ့တိုင်းတာ

ကြတာလဲဗျာ။ အချစ်ကဗျာများရေးတဲ့ စိတ်ကူးယဉ်ဆန်သူတွေ။ အချစ်အကြောင်းကြားဖူးနားဝ သို့မဟုတ် သူတပါးစာသားတွေကိုဖတ်ပြီးကျင့်သုံးတာတွေ လူတိုင်းလုပ်တတ်ကြပါတယ်။

ထိုသူများကို ကျနော် SMT ကမေးချင်ပါတယ်။

What is the real meaning of pure love ? It doesn't mean love ,Talking about love is so easy, What is the deep answer for that???။

အချစ်စစ်ဆိုတာဘာလဲ? သာမန်လွယ်လွယ်ကူကူပါးစပ်ထဲတွေ့ ကရာ လျှောက်ကျုတဲ့ အချစ်မျိုးကိုမဆိုလိုပါ။လေးနက်မှု နဲ့ အချစ်ရဲ့အဓိပ္ပါယ်ကို သင်တို့ဖြေကြာပေးကြပါ။

အချစ်ဆိုတာ ကိုယ်တိုင် ကြုံတွေ့ ခံစားဖူးမှ အချစ်ရဲ့ အဓိပ္ပါယ် ကို နားလည်သဘောပေါက်ကြမှာပါ။

ယခုခေတ်လူငယ်တွေက တိုင်းတာကြတဲ့ အချစ်က ပိုက်ဆံလား ၊ ဂုဏ်လား ၊ အရာရှိလား ၊ သူဌေးသားသမီးလား ၊စည်းစိမ်လား ၊ အထင်ကြီးမှုလား။ တကယ်လက်တွေ့ မှာဖြစ်နေကြတာက အဲဒါအားလုံးပါပဲ။ အားလုံးကို လူတိုင်းမက်မောတက်ကြပါတယ်။ဥပမာ...သင်မှာချစ်တဲ့သူရှိတယ်ဆိုပါစို့ဗျာ ...သင်ရဲ့ချစ်တဲ့သူက သင်ကို အထင်မကြီး ၊မလေးစား ၊သင်က ပိုက်ဆံမရှိ ၊ ဘာမှမဟုတ်တဲ့လူတယောက်ဆို ထိုသင်ချစ်သောသူက ပြန်ချစ်နိုင်ဖို့ဆိုတာ ဒဏရီပုံပြင်ထဲမှာပဲရှိဖို့ကများပါတယ်။ " မယုံဘူးဆိုတာ မကြုံဘူးသေးလို့ပါ "။(ဟေ့ကောင်မင်းကြုံခဲ့ဘူးလို့လားလို လာမမေးခင်ကျနော်ကြိုပြောပါ့မယ် ။ကျနော် SMTလည်းကြုံခဲ့ဖူးပြီမှပြောတာပါ)။

ဆိုကြပါစို့ သင်မှာ ချစ်သူရှိတယ် သူက အထက်ပါ အတိုင်း ဂုဏ်မက် ရာထူးမက် စည်းစိမ်မက် နိုင်ငံခြားတိုင်းပြည်တခုခုကို ရောက်နေ့တဲ့လူကို မက်မော အဲဒီလိုတွေရှိနေမယ် ဆိုရင် သင့်ကိုချစ်တယ်လို့ သူတို့ ပါးစပ်ကပြောတဲ့ အချစ် က အချစ်စစ်ဖြစ်နိုင်ပါ့မလား?။ထိုကဲ့ သို့ ချစ်သူမျိုး သင့်မှာရှိနေလျှင် အမှန်ဆုံးနောက်ဆုံးပေးလိုက်သင့်ပါတယ်။ ဟန်ဆောင်မှု တွေဖုံးလွမ်းနေတဲ့ အချစ်တွေကြားမှာ သင့်ဘ၀ကြီးကိုမ နှစ် မြုပ်သင့်ကြပါဘူး။အချိန်တွေမနှောင်းခင်မှာ အမြန်ဆုံးရုံးထွက်လိုက်ကြပါ။ သင့်ကိုမချစ်သောသူကို အရူးမူးဆက်ချစ်နေသော်ငြားလည်း သင့်အတွက် အချိန်ကုန် စိတ်ပင်ပန်း မှုများဖြစ်နေပါလိမ့်မယ်။သင့်ချစ်သူသွားချင်သော သူများဆီသွားပြီး နောက်ဆုံးတနေ့နေ့မှာ သင့်အချစ်ကို တခြားသူနဲ့ မယှဉ်နိုင်ဘူးဆိုသိတဲ့တနေ့ပြန်လာရင် သင် လုံးဝစိတ်မပျော့ပါနဲ့ ။လုံးဝလက်မခံပါနဲ့တော့။ လောကမှာ အဖို/အမ တွေ ရှိနေသရွေ့ တနေ့နေ့တော့ အချစ်စစ် အချစ်မှန်ကို ရှာတွေ့ နိုင်ကြမှာပါသူငယ်ချင်း / မိတ်ဆွေတို့။

***ယနေ့ခေတ်ကြီးမှာ အွန်လိုင်းမှ သူငယ်ချင်းများဖြစ်ကြ နောက်ပိုင်းတစ်ဦးနဲ့တစ်ဥိးချစ်ကြ။ အဲဒီလိုလူမျိုးများက ကျနော် အထက်မှာဖော်ပြခဲ့သလို့ လောကကြီးမှာ အချစ်ဆိုတာကို အမှန်တကယ်လေးလေးနက်နက်သဘောမထားကြပဲ မိမိစိတ် မိမိဝါသနာအတိုင်း ခင်မင်သောမိန်းကလေးများကို လိုက်ကြူ(Q ) ချစ်စကားဆိုကြ။ကျနော် သိရှိရတဲ့ အွန်လိုင်းသူငယ်ချင်းတွေကလည်း အဲဒီလိုကြူနေကြတဲ့လူတွေ အချို့ပါဝင်နေပါတယ်။(ff မှ မည်သူမည်ဝါကိုမှမရည်ရွယ်ပါ) အဲဒီလူတွေက အချစ်ကို ဘယ်လိုနားလည်ထားကြလဲဆိုတာ SMT ကို အီးမေး( smt.neverprouded@gmail.com) ပို့ ပြီး သူငယ်ချင်းတို့နားလည်ယူဆထားသော အချစ်စစ် နဲ့ အချစ် ကို ကျေးဇူးပြုပြီး ရှင်းပြပေးကြပါ။ကျနော်ကတော့ အချစ်စကားတွေကို လှပအောင်မပြောတတ်၊ အချစ်စာအုပ်တွေမဖတ်ဘူးတော့ ကျနော်နားလည်တဲ့အချစ်က စိတ်ခံစားမှုကြောင့် ဖြစ်ပေါ်လာတာက အစပျိုးခြင်းနဲ့ ချစ်သူများဖြစ်လာသောအခါတွင် ရှိသင့်ဖြစ်သင့်အချက်များကို next blog post တွင် ကျနော်ဖော်ပြပေးသွားပါမယ်။ဝေဖန်ပြီး အီးမေးများပေးပို့ကြပါ။(ဆဲဆိုမှုများတော့ ရှောင်ကြည်စေချင်ပါတယ်လို့ ကြိုတင်မေတ္တာရပ်ခံပါတယ်)တိုက်ဆိုင်မှုများတွေ ရှိခဲ့ရင်လည်း နားလည်ပေးကြပါ။

တဆက်တည်းမှာပဲ အခြား Topic လေးကတော့ အီစကလီ နှင့် QQ များအကြောင်းပါ။

* ဆန့်ကျင်ဘက်လိင်တွေ ရဲ့ သဘောတရာဟာ အီစီကလိရိုက်ပြီး အွန်လိုင်းမှ QQ သို့မဟုတ် Facebook / Email/Skype /Vzo / Gtalk /Yahoo messenger စသဖြင့် အဲဒီလိုနေရာတွေမှာ သူတို့ဘ၀တွေအတွက် သာယာမှုရှာတတ်ကြတာ သဘာဝပါ။ သင်ဟာလည်း တဦးအပါဝင်ပါပဲ ။ကျနော်ပြောတာဟုတ်မဟုတ်ဆိုတာ သေချာတစ်ဦးထဲတွေးတော ကြည့်ပါ။ အနည်းနဲ့အများတော့ % သာကွာခြားတာကိုတွေ့ ရမှာပါ။ ကျနော် ကိုယ်တိုင်လည်းဝန်ခံပါတယ် ကျနော် အရမ်းစိတ်ညစ်နေတဲ့အချိန် မိန်းကလေး သူငယ်ချင်းတယောက်က မိမိကို အားပေးစကားလာပြောခဲ့တာရှိ ခဲ့ဖူးပါတယ်။သို့ပေမဲ့ QQ (အီစီကလီ)လိုစိတ်မရှိပဲ မိမိကို စိတ်သန့်စွာနဲ့  အားပေးစကားကိုကျေးဇူးတင်မိတာပါ။အဲဒီလိုပေါ့ဗျာ လူတစ်ဦးနဲ့ တစ်ဦး အယူဝါဒ အတွင်းစိတ်တွေတော့ကွာခြားမှာပါ။

QQ များရဲ့  နောက်ဆုံးရလာဒ်က နာမည်ပျက်ရခြင်း။ မိဘ မျက်နှာပျက်ရခြင်း။ မိမိဂုဏ်သိက္ခာကို တဖက်သူ၏အတွင့်စိတ်မှ အထင်သေးခံရခြင်း(ဥပမာ- ဒီတယောက်ကတော့ ငါပိုင်ပါတယ် အေးဆေးပဲ ထုံးလိုမွှေရေလိုနှောက်၊ငါပြောသမျှ ပြီးတယ်) အဲဒီလိုမျိုးတွေ အပြင် ထိုသူတို့ ၇ဲ့ နီးစပ်ရာခင်မင်သောသူငယ်ချင်းများကိုလည်း အဲဒီ မိန်းကလေးက ၊(သို့ ) အဲဒီယောကျားလေးက ငါကိုလာကြောင်နေတာ ငါပြောသမျှ ခေါင်းညိတ်လက်ခံတယ် စသဖြင့် မိမိနောက်ကွယ်တွင် အတင်းအဖျင်းတွေပါ ဖြစ်လာရပါမည်။

အချို့ ကလည်း အိမ်ထောင်ရှိလျှက်နှင့် အပျင်းပြေ သဘောမျိုး သူများသားသမီးများကို စိတ်ဒဏ်ရာ ရအောင် အမျိုးမျိုးပြုလုပ်ပြီးနောက်ဆုံးမှာ တယောက်နဲ့တယောက် မသိခဲ့သလို လုပ်ကြခြင်းများလည်း ရှောင်ကြဉ်သင့်ပါတယ်။ လျှာရိုးရှိတိုင်း ကျူရမယ်ဆို မိမိဟာလူ့ ပတ်ဝန်းကျင်မှာ အရှက်မရှိတဲ့လူတယောက်ဖြစ်ပြီး မိမိရဲ့ မိဘတွေလည်းမျက်နှာပျက်ရပါတယ်။

ထို့အတွက်ကြောင့် ​ဆန္ဒများကို သိက္ခာဖြင့်ထိန်း ဆိုတဲ့ စကားအတိုင်း မိမိတို့ ဖြစ်ချင်လုပ်ချင်ရာများကို သေချာစွာ စဉ်းစားပြီးမှ လုပ်ဆောင်ကြပါ.။

လောက မှာ စစ်မှန်မှု ပျော်ရွှင်မှု အစစ်အမှန်ကို ရှာဖွေတွေ့ ရှိနိုင်ကြပါစေ။

ရေးသားသူ စိုးမင်းထွန်း (SMT)

ချစ်သူများနေ့ နောတ်ကွယ်က ဇာတ်လမ်းများ။

ချစ်သူများ နေ့ လေး ကပြီး ဆုံး သွား ပေမယ့်၊သူငယ်ချင်းတို့ ကို ပြောပြချင်ပါတယ်...

ချစ်သူများ နေ့ မှာ ချစ်သူစုံတွဲ များ ဟာ ပျော်ပျော်ရွှင် နဲ့  ကြည်နူးခဲ့ တာလေး တွေတော ၇ှိကြမှာပေါ့ 

ချစ်သူတိုင်း ချစ်သူများနေ့ မှာပျော်ရွှင်နိုင်ကြပါစေလို့  ဆုတောင်းသံလေးတွေလည်း

အင်တာနတ်စာမျတ်နှာပေါ်မှာ အပြည့် ပါပဲလေ။ချစ်သူများနေ့ မှာပျော်ရွှင်စရာလတ်ဆောင်လေးတွေပေးမယ်

ချော ကလပ်တွေကျွေးမယ်၊ချစ်သူရည်းစားမရှိတဲ့ သူတွေကတော့  လိုင်းပေါ်က သူငယ်ချင်း

ညီကိုမောင်နှမတွေကို ချောကလပ်တွေကျွေး လတ်ဆောင်တွေ ပေကြပါတယ်။ပျော်ရွှင်စရာလေးတွေပါ

အဲလို ပျော်ရွှင်မှုတွေကို အကျည်တန်၊အရုပ်ဆိုးအောင်ဖန်တီး နေတဲ့ သူတွေရှိပါတယ်

လူကြားမေ၇ှာင် လူမြင်ကွင်းမရှောင် ချစ်နေကြတာလေ....အော် လူမြင်ကွင်းမှာလဲ

မချစ်ပါဘူး လူကွယ်ရာမှာပဲ ချစ်တယ် ဆိုတဲ သူတွေလဲ ရှိပါတယ်၊

ဒီနေ့ ည သူငယ်ချင်းတစ်ယောတ်နဲ့ကျွန်တော် ချတ်တင်ထိုင်ရင်းနဲ့ သူငယ်ချင်းတစ်ယောတ်က

ကျွန်တော်ကို ပုံလေးတွေပြပါတယ်။ချစ်သူများနေ့ အမှတ်တရပုံလေးတွေတဲ့ လေ။ကျွန်တော် ကြည့် ကြည့် တော့ 

ချစ်သူနှစ်ယောတ်၊ချစ်ရည်လူနေတာတွေရပါတယ် ။ပန်ခြံလိုနေရာမျိုးမှာ ဖြစ်နေတာလို သူငယ်ချင်း

ကပြောပြတယ်လေ..ပြီးတော့ ပြောသေးတယ် သူပြတဲ့ ပုံတွေကို အင်တာနတ်ပေါ်တင်မယ်တဲ့ လေ..

ချစ်သူစုံတွဲတွေ ချစ်သူများနေ့ မှ ဒီလို တွေ မလုပ်ကြဖို့ ၊ဒီလိုတွေဖြစ်နေကြရင် မြန်မာ ယဉ်ကျေး မှုတွေ

ပပျောတ်ကုန်မယ်ပေါ့  အသိပညာပေးတဲ့ စာလေးတွေ ရေး ပြီး ပုံ နဲ့ တကွ တင်မယ်လို့ သူကပြောပါတယ်။

သူရဲ စေတနာ ကို ကျွန်တော်အသိအမှတ်ပြုပေးပါတယ် ၊အပုံတွေ အင်တာနတ်ပေါ်တင်တာကိုတော့ 

ကျွန်တော် တားခဲ့ ပါတယ်၊တော်တော်လေးလဲ တား ယူခဲ့ ရပါတယ်၊။အမေတွေမောင်နှမတွေနဲ့ ယှဉ်ပြီး ပြောမှပဲ

မတင်ပါဘူးဆိုတဲ့ ကတိကို ရရှိခဲ့ ပါတယ်။။ နောတ်သူငယ်ချင်းတစ်ယောတ်ကျတော့ တမျိုး ဗျာ

သူက ဟိုတယ်မန်နေဂျာ..ချတ်တင်ထိုင်နေရင်းနဲ့  သူကို မင်းအခု ဘာလုပ်နေလဲလို့  ကျွန်တော်မေးကြည့် တော့ 

သူပြန်ဖြေတာက နေ့လယ်ကချစ်သူလေးတွေ ဟိုတယ်တတ်ပြီး ကြည်နူးနေတာတွေကို

ငါကပြန်ကြည်နူးပေးနေတာတဲ။။ကျွန်တော်လဲ မရှင်းလို ပြန်မေးကြည့် တာပေါ့ ....သူပြောပြတာတွေက နေ့ လယ်က

ချစ်သူစုံတွဲတွေလာရင် (ခတ်မိုတ်မိုတ် စုံတွဲတွေ ၊ချောတဲ့ ကောင်မလေးတွေပါတဲ့ စုံတွဲတွေ)ပေးတဲ့ အခန်းက

ကင်မရာတတ်ပြီးသား အခန်ကိုပေးတယ်တဲ့ ၊၊။ကင်မရာက ရီုတ်ထားတဲ့  မှတ်တမ်းလေးတွေကို

ဖျတ်သင့် တာတွေဖျတ် ပေါင်းသင့် တာတွေပေါင်းပြိး ကွန်ပြူတာထဲ ထည့် နေတာတဲ ။။

ကျွန်တော်က သူကိုနောတ်ပြီးတော့ မင်း က မြန်မာ sex ဆိုပြီး အခွေ ထုပ်မလို့ လား လို့ မေးတော့ 

သူက အခွေထုပ်ရင် ၅ခွေစာလောတ်တောင်ရတယ်တဲ့ ။။။ဘာရယ်တော့ မဟုတ်ပါဘူး

ချစ်သူများနေ့ အမှတ်တရအနေနဲ့ သိမ်းထားတာတဲ့။။။လိုချင်တဲ့ သူငယ်ချင်တွေရှိတော့ လဲ

ပေးလို့ ရတာပေါ့ တဲ လေ၊ ။သူလုပ်ရပ်မှာတယ်မှန်တယ် တော့ မပြောခဲ့ ပါဘူ

သူကိုတော့ ကျွန်တော်က ရိုတ်ပြီးတဲ့ မှတ်တမ်းတွေကို လဲ မသိမ်းထား ဖို့ 

မိမိကြည်ချင်တယ်ဆို ကြည့် ပါ၊ပြီးရင် ပြန်ဖျတ်ပေးလိုတ်ပါ ။ကာယကံရှင်တွေအတွတ်မကောင်း ဘူး ၊

ပြီးတော့ မင်က ဟိုတယ်ဝန်းထမ်းဆိုတော့  မင်းအတွတ်လဲ မကောင်ဘူး၊လာတည်းသော ဧည့် သည်တွေ

ကို ဒီလို လုပ်တာဟာ ဟိုတယ်စဉ်းကမ်းနဲ့ မကိုတ်ညီကြောင်း မင်းမှာလဲ အပြစ်ရှိကြောင်း

ပြောပြတော့ မှ သူက ဘယ်သူမှ မပေး ကြည့် တော့ ပါဘူးတဲ့ လေ။

အဲလို လုပ်နေတဲ့ သူတွေဘယ်လောတ်တောင်များနေမလဲ ဆိုတာ ကျွန်တော်မသိပါဘူး ။

ကျွန်တော်သိသလောတ် သူငယ်ချင်း ၂ယောတ်နဲ့  ပြောခဲ့ တာလေးတွေကို ပြောပြတာပါ။

သူတို့ လို ပဲ အဲလိုမျိုးပုံတွေ ရရှိပြီး အဲလို မှတ်တမ်းတင်ထားတဲ့ ဗီဒီယို ပိုင်ဆိုင်တဲ့ သူတွေဘယ်လောတ်

တောင်များ နေမလဲ ကျွန်တော်မတွေးရဲအောင်ပဲဗျာ၊သူတို့ လေးတွေလို လုပ်မယ်သူတွေကိုပြောခြင်ပါတယ်

အဲလို လုပ်လို့ မိမိအတွတ်ဘာ အကျိုးတွေရရှိမလဲ၊အဲလို လုပ်လိုတ်လို့  မိမိရဲ အဆင့် တွေ ဘယ်အထိရောတ်ကုန်မလဲ

မိမိကို ဘယ်သူက ချီးကျူးထောပနာ ပြုမလဲ ၊ချီးကျူးစကားပြောမဲ့ သူတွေကလဲ မိမိလို အဆင့် 

တူတွေပဲ ဖြစ်ကြမှာလို့ ထင်ပါတယ်။မိမိလုပ်ရပ်က မိမိ၇ဲတန်ဖိုးကို နိမ့်ကျနေလား ၊မြှင့် တင်နေလားဆိုတာ

မိမိပါမိမိဝေဖန်ပိုင်းခြားတတ်တဲ့ အသိလေး တော့ ရှိစေချင်ပါတယ်။

ပြီးတော့ လပ်မထပ်ရသေးပဲနဲ့  ချစ်ရည်လူးနေသော ချစ်သူစုံတွဲလေးတွေကိုလည်းပြောပြခြင်ပါတယ်

မိမိတို့ လုပ်လိုတ်လို့ ရလာမဲ့  အကျိုး အပြစ်တွေကို မိမိတို့ ဖြေရှင်းနိုင်ရမယ်။တာဝန်ယူ ရဲရမယ်။

ဖြစ်ပြီးတော့ မှ တာဝန်မယူနိုင်တာတို့ ၊ငယ်သေးတာတို့  အကြောင်ပြချတ်အမျိုးမျိုးတွေနဲ့  လူလောကထဲ

မိဘမဲ့ ရောတ်လာတဲ့ ကလေးတွေ၊ ဘာမှအပြစ်မရှိပဲ လောကထဲ ရောတ်လာမယ့်  ပန်းလေးတွေကို အညွန့် 

ချိုးပစ်တာတွေ မလုပ်ကြဖို့ တောင်ဆိုချင်ပါတယ်။ချစ်သူတိုင်း မိမိချစ်သူကို မိမိတန်ဖိုး ထားကြပါ၊

ယောက်ျားလေးတွေကလဲ ဘယ်အမှတ်တရအတွတ်မှ မိမိချစ်သူရဲ အပျိုစင်ဘ၀ကိုမတောင်ဆိုသင့် သလို

မိန်ကလေးတွေကလဲ မိမိရဲ အပျိုစင် ဘ၀ကို မိမိခင်ပွန်နဲ့ မှ စွန့် လွှတ်ပြီး အပျိုစင်ဆိုတဲ့ 

ဂုဏ်လေးကိုထိန်းသိမ်းကြပါနော်၊။ နစ်နာစရာရှိ အရင်ဆုံး နစ်နာ ရမှာ မိန်ကလေးတွေပါ။

သူငယ်ချင်းအားလုံးပဲ ပျော်ရွင်ကြပါစေ...စကာလုံးများ ရိုင်းသွား ပါကတောင်ပန်ပါတယ်။


သူငယ်ချင်း အာလုံ ကိုခင်မင်လျှက်,

mraungmintun

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။